ကြက်သားဆီပြန် |
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - သုံးဆယ်သား
- ကြက်သွန်နီ - သုံးဆယ်သား
- ကြက်သွန်ဖြူ - ငါးကျပ်သား
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တဝက်
- ဆီ - သုံးဆယ်သား
- ဟင်းချက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ကြက်သားအရသာနယ်နှင့်ကြက်သွန်ဖြူ နီတို့ ပြင်ထားပါ |
မီးအနေတော်နှင့်အပူပေးထားသော ဆီပူပူမှာ ကြက်သွန်ဖြူ နီတို့ကို အရင်ထဲ့ပြီးနွမ်းသွားမှဟင်းချက်မှုန့်ကိုထဲ့ပြီးမွှေးလာတဲ့ထိ ဆီသတ်ပေးပါ |
ငရုတ်သီးဆီသတ်မွှေးလာပါကကြက်သားအရသာနယ်ကိုထဲ့ပြီး ဆီသတ်ပေးပါ |
ကြက်သားများမာလာတဲ့ထိ မွှေမွှေပေးပြီးဆီသတ်ပေးပါ |
ကြက်သားများမာလာပါကကြာကြာအထားခံအောင် ရေကိုမြုပ်တဲ့ထိထဲ့ပြီးတည်ပေးပါ |
ရေခမ်းပြီးဆီပြန်လာပါကကြာကြာထားပြီး အစားခံသည့်ကြက်သားဆီပြန်ဟင်းလေးရပါပြီ |
ကြက်သားဆီပြန်လေးနဲ့သုပ်ထားတဲ့ နန်းပြားသုပ်လေးပါ |
နည်းလေးယူထားမယ်နော် အသုပ်မျိုးစုံလုပ်ရအောင် သီတာ
ReplyDeleteအဆင်သင့်ရှိတော့စားချင်တဲ့အချိန်လေးသုပ်စားရတာအရမ်းကိုအဆင်ပြေပါတယ်ညီမလေးရေ
Deleteအမကတော့များများချက်ပြီးခဲထားလိုက်တယ်လေ
စုလဲခဲထားဦးမယ် မမမာ
Deleteစုရေ
Deleteစားချင်တဲ့အချိန်လေးမှာ အဆင်သင့်ရတော့အဆင်ပြေတာပေါ့နော်
တီမာ့ကြက်သားဟင်းကရှယ်ပဲ
ReplyDeleteကျေးဇူးပါဘဲ သမီးရေ
Delete