Monday 2 April 2012

ငရုတ်ကောင်း ကြက်သားလုံးကင်

ကြက်သားလုံးကင်
ကြက်သားလုံးကင်လေးကင်ပါမယ်

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 300g
  • ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်းတဇွန်း
  • ကြက်သွန်ဖြူ -  ၅မွှာ (မညက်တစ်ညက်ထောင်းပေးပါ)
  • ဆီ - လက်ဖက်ရည် ပန်းကန်တဝက်
  • ပေါင်မုန့်ခြောက်အမှုန့် - လက်ဖက်ရည် ပန်းကန်တလုံး
ကြက်သားအရသာနယ်ရန်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဂျုံ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်းတဇွန်း
ကြက်သွန်ဖြူငရုတ်ကောင်းထောင်း ဆီ ပေါင်မုန့်ခြောက်မှုန့် အသား
ကြက်သွန်ဖြူ ငရုတ်ကောင်းထောင်းနှင့်ဆီထဲ့ပါ
လုံးပြီးပေါင်မုန့်ခြောက်နှင့်နယ်လိုက်ပါ
အစာသွတ်ပြီးလုံးပြီးပုံ
အားလုံးပြီးရင်ရေခဲသေတ္တာအပေါ်ထပ်တွင်ခဲထားလိုက်ပါ
ovenထဲသို့ဗန်းကိုဆီနဲနဲသုတ်ပြီး ကြက်သားလုံးထဲ့ကာ
မီးအား၂၀၀ဒီဂရီနှင့်မိနစ်၂၀လောက်ထဲ့ပေးပါ
ကြက်သားလုံးကင် မွှေးမွှေးလေးရပါပြီ
သုံးဆောင်နိုင်ပါပြီ
ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းပြီး လိုအပ်မဲ့အရသာများနဲ့နယ်ပေးပါ အသားလုံးထဲမှာ ဆီအနည်းငယ် ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကို ထောင်းပြီးအစာသွတ်၍ ပေါင်မုန့်ကျွတ်မှုန့်နဲ့ လုံးလိုက်ပါ။

ထိုအလုံးလေးများကို ရေခဲသေတ္တာအပေါ်ထပ်တွင် ခဲထားပြီး အသုံးပြုလိုသောအခါ ဆီပူပူနှင့်ကြော်စားနိုင်သလို
ဆီများများနဲ့ မကြော်ဘဲဗန်းထဲသို့ ဆီအနည်းငယ်ထဲ့ကာovenထဲသို့ မီးအား၂၀၀နှင့်မိနစ်၂၀ထဲ့ပေးပြီးလဲ ကင်ပါနိုင်သည် အချိန်ပြည့်ပါ ကြွတ်ကြွတ်ရွရွလေးနဲ့ အရသာပိုပြီးရှိတဲ့ ကြက်သားလုံးလေးတွေရပါပြီ။

No comments:

Post a Comment