Sunday, 9 February 2020

ပြည်ကြီးငါးထောင်း















ပည်ကြီးငါး အကောင်ခပ်ကြီးကြီးလေးတွေ ဝယ်လာပြီး အစာသွပ်စားမယ်လို့ စိတ်ကူးလိုက်တိုင်း ဟိုဟာလို ဒီဟာလိုနဲ့မို့လို့ အစာမသွပ်ဖြစ်တာက များပါတယ်။

အဲဒီလိုနဲ့ဘဲ စားလို့လဲကောင်းပြီး ခံတွင်းတွေ့စေမဲ့ လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ ချဉ်ငံစပ်လေးဘဲ ထောင်းဖြစ်ပါတော့တယ်။

ပါ၀င်ပစ္စည်းများ
  1. ပြည်ကြီးငါး - 400 g
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်
  10. နံနံပင် - မိမိစားနိူင်သလောက်
  11. ပဲတောင့်ရှည် - မိမိနှစ်သက်သလောက်
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
  13. မုန့်ဟင်းခါး မုန့်ဖတ် - စားနိူင်သလောက်


ပြင်ဆင်ပုံ
  • ပဲတောင့်ရှည်ကို ရေစင်အောင် ဆေးထားပါ
  • နံနံပင်ကို ရေစင်အောင် ဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး တ၀က် ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ပြည်ကြီးငါးကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ပြည်ကြီးငါး ရေအနည်းငယ်နှင့် ဆားအနည်းငယ်ထဲ့ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ ရေတစ်ထပ်ဆေးပေးပြီး မိမိနှစ်သက်သလို ပုံစံလေးတွေ လှီးပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • ပြီးတာနဲ့ နံနံပင်နှင့် ပဲသီးတို့ကို ထည့်ထောင်းပေးပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • အရသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ​ေထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • မုန့်ဖတ်နှင့် ပဲသီးတို့ကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ပြည်ကြီးငါး ပဲသီးထောင်း ချိုချဉ်ငံစပ်လေးကို မုန့်ဖတ် ပဲသီးတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Saturday, 8 February 2020

ကြက်သားပေါင်း








ဒီနေ့တော့ ရာသီဥတု အေးနေချိန်လေးမှာ စားရသောက်ရတာ အဆင်ပြေလေအောင် ကြက်သားကို ချင်းမြှင်လေးတွေနဲ့ ပေါင်းဖြစ်သွားပါတယ်။

ဟင်းရည်မှာ ချင်းနံ့လေး မွှေးနေပြီး သောက်လို့အရမ်းကောင်းလွန်းတဲ့  မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်းမွှေးမွှေးလေးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်သား အသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပြီး အမြှောင်း အရှည်လေးတွေရအောင် လှီးထားပေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိုင်မည့် ပန်းကန်လုံးထဲမှာ အရသာနယ်ထားသော ကြက်သားနှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး အောက်ခံခုံအခင်းကို ထည့်ပေးပါ
  • ထိုအောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားပေါင်းနေစဉ် အောက်ဖက်မှ ထဲ့ထားသော ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ အရိုထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကြက်သားစပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထို ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိုင်ပါပြီ။

Thursday, 6 February 2020

ဆိတ်အူပြုပ်



ဆိတ်အူလေးတွေ ဝယ်လာပြီး မြန်မာနည်းလေးနဲ့ ပြုပ်သောက်တာ ရိုးသွားလေတော့ ဒီတစ်ခါ ဗီယက်နမ် pho အနှစ်နဲ့ ထဲ့ပြုပ်ထားကာ ခပ်စပ်စပ်လေး ပြုပ်သောက်ဖြစ်ပါတယ်။

ချဉ်ငံစပ်လေးနဲ့ မွှေးမွှေးလေးမို့လို့ ခပ်ပူပူလေး သောက်ရတာ အရမ်းဘဲ အရသာ ရှိတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆိတ်အူပြုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူ - 300 g
  2. ချင်း - တစ်လက်မခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာခန့်
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. စပါးလင်အရွက် - ဆယ်ရွက်ခန့်
  7. Pho အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နံနံပင် - စားနိုင်သလောက်
  9. ပူစီနံ - မိမိနှစ်သက်သလောက်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. မုန့်ဟင်းခါးဖတ် - မိမိနှစ်သက်သလောက်
  14. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  15. သံပုရာသီး - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ

  • မုန့်ဟင်းခါးဖတ်နှင့် ကြက်သွန်ဖြူ ဆီချက် တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို အလုံးလိုက် ရဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း နှင့်စပါးလင်တို့ကို ညက်နေအောင် ထောင်းပေးပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ ဆီ စပါးလင်ရွက်အထုံး phoအနှစ် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
  • အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး  ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
  • ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရပြီဆိုတာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိုင်သလောက် မုန့်ဟင်းခါးဖတ် ကြက်သွန်ဖြူ ဆီချက်ဖတ် ငရုတ်သီးစိမ်း သံပုရာရည် နံနံပင်နှင့် ပူစီနံတို့ ထည့်ပေးကာ ဟင်းရည်ထည့်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

Tuesday, 4 February 2020

ပိန်းရိုးဟင်းခါး


ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ဒီနေ့တော့ ငါးခပ်သေးသေး တစ်ကောင်ကို ပြုပ်ပြီး အရိုးအသား သပ်သပ်စီ ထွင်ပေးကာ အသားလေးတွေနဲ့ဘဲ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။

ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပိန်းရိုး - ၆ချောင်း
  2. ငါး - ခပ်သေးသေး တစ်ကောင်
  3. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ

ပြင်ဆင်ပုံ
  • ငါးကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ငါးနှင့်ငံပြာရည်တို့ကို ထဲ့ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အရိုးအသား ထွင်ပေးပါ
  • ပိန်းရိုးကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ရေ၂ထပ်လောက် ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • အိုးတည်ထားစဉ် အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ပထမဆုံး လုံးရည်နဲ့တင် ပိန်းရိုးက နူးလာပါတယ်
  • အိုးမကပ်စေရန် သတိထားပေးပြီး လုံးရည်မခမ်းခင် ရေမြုပ်အောင် ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းထောင်းတို့ကို ထည့်ပေးပါ
  •  ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိုင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။

Monday, 3 February 2020

ဂျုးဖူး အချိုကြော်


ဒီနေ့တော့ ဗီယက်နမ်ဈေးကအပြန် အရမ်းကိုချိုပြီး စားလို့အရမ်းကောင်းလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဂျူးဖူးလေးတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ ကြော်စားပါတယ်။

လတ်ဆတ်လွန်းတဲ့ အသီးအရွက်ကြော်လေးတွေရယ် ထမင်းပူပူလေးရယ်ဆိုရင် နောက်ထပ်အသားဟင်းတစ်မယ် ထပ်မလိုလောက်အောင်ကို ထမင်းစားလို့ မြိန်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂျူးဖူး - လက်တစ်ဆုတ်စာ တစ်စည်း
  2. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ဂျူးဖူးကို အပင်လိုက် ရေစင်အောင် ဆေးပေးပြီး ရေစစ်ထားပါ 
  2. ဂျူးဖူးပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ထားပါ
  3. ပုဇွန်ထုတ်ကို ရေဆေးပြီး ပုဇွန်ခေါင်းနှင့်အတူ မလိုတာတွေ ဖယ်ပေးကာ ကြောဖက်မှ အနည်းငယ် ခွဲထားပေးပါ
  4. ဆား ဆီ ငရုတ်ကောင်းနှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  7. ဆီအငွေ့ တက်လာတာနဲ့ကြက်သွန်ဖြူကို ထဲ့ကြော်ပေးပါ
  8. ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ပုဇွန်ထုတ် ဆားနှင့် အရသာမှုန့်တို့ကို နှစ်မိနစ်လောက် ထဲ့ကြော်ပေးပါ
  9. ပြီးတာနဲ့ ရေစစ်ထားသော ဂျူးဖူးများနှင့် ပဲငံပြာရည်တို့ကို ​ထည့်ပေးပြီ အရသာ သမသွားအောင် မွှေပေးပါ
  10. သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ဂျူးဖူးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။
  11. အထူးသတိပြုရမှာက ဂျူးဖူးများကို နူးအိနေအောင် ကြော်ရန်မလိုဘဲ ခပ်စိမ်းစိမ်း အနေအထားလေးမှာဘဲ မီးဖိုပေါ်မှ ချပေးပါ။

Wednesday, 29 January 2020

ဆန်ပြားခေါက်ဆွဲ အစပ်ကြော်


မြန်မာပြည်က ပြန်ရောက်လာတည်းက သြစီမှာ တောမီးတွေက ဆီးကြိုနေလေတော့ ထမင်းဟင်းလဲ ကောင်းကောင်း မချက်နိုင် ကိုယ့်ရဲ့ ဘလော့ဆီလဲ မဝင်နိုင်ခဲ့ပြန်ပါဘူး။

ဒီနေ့တော့ ရာသီဥတုလေး နည်းနည်းလေး အေးချမ်းသွားတာနဲ့ ဆန်ပြားခေါက်ဆွဲဖတ်လေးတွေ လုပ်လိုက်ပြီး ထိုင်းစတိုင်လ် အစပ်လေး ကြော်စားဖြစ်ပါတယ် ပူပူနွေးနွေး စားတဲ့အခါ အရမ်းဘဲ ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားခေါက်ဆွဲ - 150 g
  2. ပဲတောင့်ရှည် - ငါးတောင့်
  3. ကိုက်လံ - အခက်ကြီးကြီး နှစ်ပင်
  4. ဂေါ်ဖီ - တစ်စိတ်ခန့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ဘဘေီပြောင်းဖူး - ငါးဖူး
  7. ပဲပင်ပေါက် - လက်တစ်ဆစ်စာ
  8. ရွှေပဲသီး - ငါးတောင့်
  9. တရုတ်နံနံ - အနည်းငယ်
  10. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
  11. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  17. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  18. ကြက်ဥ - တလုံး
  19. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  20. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  1. ဆန်ပြားဖတ်နဲ့အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  2. ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  3. ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
  4. ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  5. ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးထားပါ
  7. တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  8. ကိုက်လံကို ရေဆေးပြီး ရေစစ်ကာ အနေတော် လှီးထားပါ
  9. ဘေဘီပြောင်းဖူးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  10. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  11. ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  12. ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  13. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို ထည့်ကြော်ပေးပါ 
  14. ကြက်သွန်ဖြူ အနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  15. ကြက်ဥကျက်တာနဲ့ ပဲသီး မုံလာဥနီ ဘဘေီပြောင်းဖူး ဂေါ်ဖီနှင့် ကိုက်လံတို့ကို ထည့်ကြော်ပါ
  16. အသီးအရွက်များ ထည့်ပြီးတာနဲ့ စပ်ထားသော အရသာ အရည်များ အားလုံးကိုရောကာ မွှေပေးပါ
  17. အသီးအရွက်များ အနည်းငယ် နွမ်းလာတာနဲ့ ဆန်ပြားခေါက်ဆွဲဖတ် ရောကြော်၍ ပျော့လာပြီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ 
  18. အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  19. အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ပဲပင်ပေါက်တို့ကိုထည့်ပြီး အားလုံးကို ရောမွှေကာ မီးပိတ်ပေးပါ။
  20. အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့  ဆန်ပြားဖတ်ခေါက်ဆွဲ အစပ်ကြော်လေးကို စားသုံးဖို့ ပြင်ပေးလို့ ရပါပြီ။

Thursday, 9 January 2020

ပြည်ကြီးငါး အချိုကြော်


၆နှစ်ကြာမှ တစ်ခေါက်တစ်ခါ အလည်ပြန်ဖြစ်တဲ့ မြန်မာပြည်ကနေ ပြန်ရောက်လို့ လာပါပြီရှင် မြန်မာပြည်မှာ အင်တာနက် လိုင်းမကောင်းတာကြောင့် ဘလော့လေးကို မေ့ထားသလို ဖြစ်ခဲ့ရပါတယ်။

ဒီနေ့တော့ ဗီယက်နမ်ဈေးမှာ ပြည်ကြီးငါး သေးသေးလေးတွေ တွေ့တာနဲ့ ဝယ်လာပြီးတော့ အချိုကြော်လေး ကြော်ထားပါတယ် အကောင်သေးတော့ ကိုင်ရတာတော့ အရမ်းကြာပါတယ် ဒါပေမဲ့လဲ ထမင်းပူပူလေးနဲ့ စားတဲ့အခါ ပိုပြီးနူးညံ့တယ်လို့ ထင်မိပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်သေး - 300 g 
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ -၂ မွှာ
  4. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (အရသာနယ်ရန် )
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( ပြည်ကြီးငါးကြော်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြည်ကြီးငါး သန့်စင်ပုံ
  1. ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
  2. သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
  3. ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
  4. မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
အရသာနယ်ရန်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုထဲ့ပြီး အနည်းငယ် နွမ်းသွားပြီး မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပြည်ကြီးငါးကိုထဲ့ပြီး ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ငါးမှထွက်လာသော ရေခမ်းတဲ့အထိ ကြော်ပေးပါ
  • ရေခမ်းပြီ ဆိုတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပြီး အရသာကို မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ မွှေးပြီး စားလို့ကောင်းလွန်းတဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။