Friday, 21 September 2012

ပဲသီးကြော်


ဒီနေ့တော့ ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီး ကြက်ဥနဲ့ ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ သူတွေအတွက် ထမင်းမြိန်ရာ ဟင်းတမယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲတောင့်ရှည် - နှစ်ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  1. ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  5. ကြက်သွန်နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  6. ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  7. ပဲသီးများ အနည်းငယ် နွမ်းလာတာနဲ့ ကြက်ဥကိုဖောက်ထည့်ပြီး မွှေပေးပါ
  8. ကြက်ဥကျက်သွားတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

Thursday, 20 September 2012

ပဲသီးနှမ်းကြော် မွှေးမွှေးလေး

ပဲသီးကြော်

ပဲသီးလေးကို သားသတ်လွတ်လေး ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ မာမာတို့အတွက်ကတော့ ရှယ်ဟင်းလေးမို့ ထမင်းပူပူလေးနဲ့ စားလိုက်ရင်အရမ်းကို ထမင်းမိန်စေတဲ့ ဟင်းတစ်မယ်ပါ။
လေးယောက်စာ
  • ခပ်စောင်းစောင်းလှီးထားသော ပဲသီး - ၂၀တောင့်
  • ပါးပါးလှီးထားသောကြက်သွန်နီ - တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နှမ်းလှော် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
ပဲသီးနှင့် ကြက်သွန်နီ
ဆီပူပူမှာနနွင်းမှုန့်ထဲ့ပြီးမှ ကြက်သွန်နီကိုနွမ်းသွားတဲ့ထိကြော်ကာ
ပဲသီး ဆားနှင့်ဟင်းချိုမှုန့်တို့ကို တမိနစ်ခွဲလောက်ထဲ့ကြော်ပါ
ပဲသီးများနွမ်းလာပါနှမ်းလှော်ထဲ့ကာ မွှေပြီးမီးပိတ်ပေးပါ
ပဲသီးနှမ်းလှော်ကြော်လေးရပါပြီ

Wednesday, 19 September 2012

ကြက်သား ပန်းဂေါ်ဖီကြော်


မာမာ ဒီနေ့တော့ အမြန်ပြီးစေတဲ့ ဟင်းလေးတစ်မယ် ချက်ပြီး လာပို့ထားပါတယ် ထမင်းလဲမိန်စေသလို အသားရော အသီးအရွက်ပါ တစ်ခါထဲပါစေတဲ့ ဟင်းလေးမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို တခါထဲ အရသာ၂မျိုး စားလို့ရနိုင်တာမို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။


လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်သား - နှစ်ဆယ်သား
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ကြော်ရန်
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင် ပန်းကန် တလုံးစာ
  • ခပ်ထူထူလှီးထားသော ကြက်သွန်နီ - တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  • ခပ်ထူထူလှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ

ကြက်သားအရသာနယ် ကြက်သွန်ဖြူ ကြက်သွန်နီ
 ကြက်သွန်မိတ် ပန်းဂေါ်ဖီ

ကြက်သားအရသာနယ်ကို ဆီပူပူမှာလေးမိနစ်လောက်
ကြော်ပေးပြီးမှ ကြက်သွန်ဖြူ နီကို မိနစ်ဝက်လောက်ကြော်ပါ

ကြက်သွန်များနွမ်းသွားမှ ပန်းဂေါ်ဖီ ဆား
ဟင်းခတ်မှုန့်တို့ကိုထဲ့ကာ တမိနစ်လောက်ထဲ့ကြော်ပေးပါ

ကြက်သားကျက်ပြီး ပန်းဂေါ်ဖီများနွမ်းသွားပါက ပဲငံပြာရည်နှင့်
ကြက်သွန်မိတ်ကိုထဲ့ကာ မိနစ်ဝက်လောက်ကြော်ပေးလျှင်ရပါပြီ
ပီ

Tuesday, 11 September 2012

ကြက်သားကြွတ်ကြွတ် အချိုကြော်

ကြက်သားကျွတ်ကျွတ်အချိုကြော်
မာမာဒီနေတော့ ကြက်ပေါင်သားကြွတ်ကြွတ် အချိုကြော်လေးကြော်ထားပါတယ် အသားစိုစိစိတွေမကြိုက်တဲ့ကလေးတွေအတွက်တော့ အရမ်းကိုအဆင်ပြေတဲ့ကြက်ကြော်လေးပါ။

ကြက်သွန်ကြော်နံ့လေးမွှေးသလို ကြက်ကြော်နံ့လေးကလဲသင်းပါတယ် ဟင်းနံ့တွေကြောက်ရင်တွေအခုလိုလေးကြော်စားကြည့်စေချင်ပါတယ်။

အခုလိုအကျွတ်လေးကြော်မယ်ဆိုရင်တော့ ကြက်ပေါင်သားကအကောင်းဆုံးမို့ ကြက်ပေါင်လေးနဲ့ကြော်ကြရအောင်နော်။
ကြက်သားအရသာနယ်ပြီးပြုပ်ရန်
  • ကြက်ပေါင် - လေးချောင်း (လေးဆယ်သားခန့်)
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
ကြော်ရန်အတွက်
  • ကြက်သွန်နီ - ဥကြီးကြီး နှစ်ဥ (နှစ်ဆယ့်ငါးကျပ်သားခန့်)
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
*ကြက်သွန်နီကိုအရင်ကြော်ပေးပြီး ကြက်သွန်နီကြော်သောဆီနှင့်ပင်ကြက်သားကိုဆက်ကြော်ပေးပါ*

ကြက်ပေါင်သားကိုနှစ်ရည်ခမ်းအောင်ပြုပ်ပြီးအသားထွင်ပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြွတ်ရွလာတဲ့ထိကြော်ပေးပါ
ကြွတ်တ်ရွလာပါကဆယ်ပြီးဆီစစ်ပေးထားပါ
ကြက်သွန်နီကိုပါးပါးလေးတွေလှီးပေးထားပါ
ကြွတ်လာတဲ့ထိကြော်ပေးပါ
ကြွတ်လာလျှင်ဆယ်ပြီးဆီစစ်ပေးပါ
နှစ်မျိုးလုံးဆီစစ်ပြီးအေးသွားပါကဇလုံကျယ်ကျယ်ထဲတွင်ထဲ့ကာ ရောသမမွှေပေးပါ
ရောမွှေပြီးသွားပါကနှစ်သက်လိုသုံးဆောင်နိုင်ပါပြီ
ကြက်ပေါင်သားကြွတ်ကြွတ် အချိုကြော်လေးရပါပြီ

ဂဏန်းသား ထမင်းကြော်

ဂဏန်းထမင်းကြော်
မာမာဒီနေ့တော့ ဂဏန်းထမင်းကြော်ပါ စားချင်စိတ်ရှိတဲ့အချိန်မှာ ဂဏန်းသားလေးလဲ အဆင်သင့် ရှိနေတာနဲ့ကြော်ဖြစ်သွားတာပါ ဂဏန်းအနံ့ကို နိုင်အာင်တော့ ငရုတ်ကောင်းမှုန့်ထဲ့ပြီး ကြော်ပေးထားပါတယ်။
ဂဏန်းသားကို ချိုလို့ကြိုက်ပေမဲ့ ဂဏန်းနံ့ကိုမကြိုက်ပါဘူး ဒါကြာင့်မို့ ငရုတ်ကောင်းမှုန့်ကဲပြီး ကြော်ထားပါတယ်။
ပါဝင်ပစ္စည်းများ (လေးယောက်စာ)

  1. ထမင်း - ပေါင်းအိုးခပ် ဆန်ချင်ဗူး သုံးဗူးချက်စာ
  2. ပဲစိမ်းသီး - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးစာ
  3. လှီးထားသောမုံလာဥနီ - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးစာ
  4. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  5. ပါးပါးလှီးထားသောကြက်သွန်နီ - လက်ဖက်ရည်ပန်းကန်လုံး  တစ်လုံးစာ
  6. ဂဏန်းအသား - တစ်ဆယ့်ငါးကျပ်သား
  7. ဆား - လက်ဖက်ဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ရေနွေးဆူဆူမှာ သုံးမိနစ်လောက်ပြုပ်ထားသော ပဲစိမ်းသီး
 ပြုပ်ပြီးအသားထွင်ထားသော ဂဏန်းသား
 ပါးပါးလှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ
 လှီးထားသော မုံလာဥနီ
ချက်ပြီးအအေးခံကာမွထားသောထမင်း
ဆီပူပူမှာကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုဆီအရင်သတ်ပေးပြီးမှ
မုံလာဥနီကို မိနစ်ဝက်လောက်လောက်ကြော်ပေးပါ
မုံလာဥနီကိုကြော်ပြီး ပဲစိမ်းသီးကို မိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
ပြီးမှဂဏန်းသားကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
နောက်ဆုံးမှထမင်း ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ကို
ထဲ့ပြီး တမိနစ်လောက်ကြော်ပေးပါ
ဂဏန်းထမင်းကြော် စိမ့်စိမ့်လေးရပါပြီ
ဂဏန်းထမင်းကြော်လေးရပါပြီ

Saturday, 8 September 2012

Panko Bread Crumbs ကြက်သားကြော်

ကြက်ရင်ပုံသားကြော်
မာမာဒီနေ့တော့ကြက်ရင်ပုံသားလေးကို Panko Bread Crumbs  မှုန့်လေးနဲ့ကပ်ပြီး ကြော်ထားပါတယ် ကလေးတွေကတော့ တော်တော်လေးစားကောင်းတယ်လို့ပြောကြပါတယ် မေမေဘယ်လိုကြော်ထားတာလဲ
လို့မေးကြပါတယ် အရင်တစ်ခါလဲဒီနည်းလေးကိုအခြေခံပြီး သူတို့ကိုလုပ်ကျွေးဘူးပါတယ် အဲဒီတုန်းကတော့
oven ထဲမှာထဲ့ပြီး ကင်ထဲ့သဘောလေးလုပ်ပေးတာပါ အခုကတော့ဆီထဲမှာထဲ့ပြီးကြော်ထားတာပါ ကြက်သားကနူးအိပြီး မွှေးမွှေးလေးမို့စားရတာတော်တော်လေးအရသာရှိပါတယ် အချိန်လဲမကြာလို့ကြော်စားကြည့်မယ်ဆိုရင် မာမာနဲ့အတူတူကြော်ကြမယ်နော်
လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်သား - နှစ်ဆယ့်ငါးကျပ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြော်ရန်
  • ကြက်ဥ - တစ်လုံး
  • Panko Bread Crumbs အမှုန့် - ထမင်းစားဇွန်း ၇ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
ကြက်ရင်ပုံသားအရသာနယ် ကြက်ဥ Panko Bread Crumbs အမှုန့်
ကြက်သားအရသာနယ်ပြီးသားကိုPanko Bread Crumbs အမှုန့်နှင့်တစ်ပြားချင်းစီလူးပေးပါ
Panko Bread Crumbs အမှုန့်လူးပြီးသားကိုကြက်ဥခေါက်ထားသောအထဲသို့နှစ်ဖက်စလုံးကိုနှစ်ပေးပါ
ကြက်ဥနှစ်ပြီးသားကိုနောက်တစ်ခေါက် Panko Bread Crumbs အမှုန့်ထပ်လူးပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာထဲ့ကြော်ပေးပါ
နှစ်ဖက်စလုံးကျက်သွားပါကဆယ်ပြီးဆီစစ်ပေးပါ
Panko Bread Crumbs ကြက်ရင်ပုံသားကြော်မွှေးမွှေးနူးနူးအိအိလေးရပါပြီ

Wednesday, 5 September 2012

မျှစ်သုပ်


မာမာဒီနေ့တော့ မျှစ်ချဉ်သုပ်လေး သုပ်ထားပါတယ် ထမင်းအရမ်း မြိန်စေတဲ့ အသုပ်လေးပါ မျှစ်ချဉ်ရနံ့သင်းသင်းလေးက ထမင်းကို စားချင်စိတ်ဖြစ်အောင် စွဲဆောင်နိုင်တဲ့ ရနံ့တစ်မျိုးမို့လို့ သူ့ကို သုပ်ချင်သုပ် ချက်ချင်ချက် ဘယ်လိုဘဲလုပ်လုပ် မျှစ်ချဉ်အနံ့ကြောင့် ထမင်းကို ဆာစေတာတော့ အမှန်ပါဘဲ ။
 မာမာအရင်တုံးက မျှစ်ချဉ်ဆိုရင် ဟင်းချက်တာဘဲ စားဘူးတာပါ ကရင်ပြည်နယ် ကော့ဘိန်းမှာ နေတုံးကမှ သားကြီးရဲ့ ဆရာမလက်ရာ မျှစ်ချဉ်သုပ်ကျွေးမှ စားဘူးခဲ့တာပါ။

 အဲဒီကစပြီး စားလို့အရမ်းကောင်းလို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ဒီနေ့လဲ ထမင်းမြိန်မြိန်စားဖို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မျှစ်ချဉ် - နှစ်ဆယ်သား
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းနှင့်တစ်ဝက်
  4. ငရုတ်သီးအလှော်မှုန့် - ထမ်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. မြေပဲလှော်ထောင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းနှင့်တစ်ဝက်

ပြင်ဆင်ပုံ
  • မျှစ်ချဉ်ကို ရေသုံးထပ်လောက် ဆေးပေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ မျှစ်ချဉ်လှီးပြီးသားနှင့် လိုအပ်သော အစာများ ထည့်ပေးပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  • အရသာ နယ်ပေးပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် မျှစ်ချဉ်သုပ် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။