တစ်ခါတစ်လေ အသားငါးတွေကို ချက်ပြီးကာမှ အစားအသောက် စိုစိုစိစိတွေ မစားချင်တဲ့အတွက် အသီးအရွက် ခပ်များများနဲ့ ခေါက်ဆွဲကြော် ကြာဇံကြော်လေးတွေ စားချင်စိတ်လေးတွေ ဖြစ်တတ်ပါတယ်။
ဒီတစ်ခါတော့ ကြက်ဥလေးနဲ့ ခေါက်ဆွဲအဖြူထည်လေးကို ဂေါ်ဖီ ဘရော့ကိုလီနဲ့ ပန်းဂေါ်ဖီတွေရယ်ရောကာ ကြော်စားဖြစ်ပါတယ်။
အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာ့လိုဘဲ ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခေါက်ဆွဲ အစို - လေးဆယ်သား
- ဘရော့ကိုလီ - အနေတော်တစ်စိတ်
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ပန်းဂေါ်ဖီ - အနေတော် တစ်စိတ်
- ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
- တရုတ်နံနံ - မိမိနှစ်သက်သလောက်
- ကြက်ဥ - တစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
- ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အကြည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ နယ်ပေးထားပါ
- ပန်းဂေါ်ဖီကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
- ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီ ဂေါ်ဖီနှင့် ဘရော့ကိုလီတို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အကြည်ကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
- အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥ ကျက်တာနဲ့ ပဲပင်ပေါက်ထည့်ကာ ခေါက်ဆွဲကြော်နှင့် ရောမွှေပေးပါ
- အရသာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment