Tuesday 2 June 2015

ကြက်ဟင်းခါးသီး ဟင်းဝါလေးဆီပြန်




ဒီနေ့တော့ ကြက်ဟင်းခါးသီး ဟင်းဝါလေးဆီပြန် ချက်ဖြစ်ပါတယ် ကြက်ဟင်းခါးသီးကို တို့စရာ အစာသွတ်အရည်သောက် အစ်ချက် အစာသွတ်နှပ် ကြက်ဟင်းခါးသီးကြော် အစရှိသည်ဖြင့် ချက်နည်းမျိုးစုံအောင် ချက်ကြတဲ့အထဲက ဒီနေ့တော့ အစပ်မစားသူတွေအတွက် ဟင်းဝါလေးချက်ဖြစ်ပါတယ်။

 အစပ်မစားသူ ငရုတ်သီး မကြိုက်သူတို့အတွက် သီးသန့်ချက်ဖြစ်တဲ့ ဟင်းလေးပါမို့ ချက်နည်းလေး မျှဝေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး နှစ်လုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ ထက်ခြမ်းခြမ်းပြီး ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ပုဇွန်ခြောက်ကို ရေ နာရီ၀က်လောက်ကြိုပြီး စိမ်ထားကာ နူးလာပါက ရေစစ်ပြီး ညက်အောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ထောင်းကို နှစ်မိနစ်လောက် ထည့်ကြော်ပြီ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန်း ငါးဇွန်းလောက်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ဟင်းအိုး မကပ်စေရန်  မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ဆီပြန်လာတာနဲ့ အရသာမြည်းပြီး စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment