ဒီနေ့တော့ ကြက်သားပဲငပိဟင်းလေး ချက်ဖြစ်ပါတယ် ဟင်းကိုနဲနဲနဲ့ကျဲကျဲဝိုင်းထားတာမို့ အရသာကောင်းကောင်းလေးရအောင် မာမာပြင်ဆင်ပြီး ချက်ထားပါတယ်။
ဒီနေ့ချက်နည်းလေးက အလုပ်ရှုပ်သယောင်ထင်ရပေမဲ့ ချက်ရတာတော့အရမ်းလွယ်ပါတယ် ချက်လို့လွယ်ပေမဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် စားလို့တော့ အရမ်းကောင်းပါတယ်။
ပါ၀င်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- ပဲငပိ - ထမင်းစားဇွန်း သုံးဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- နံနံပင် - နှစ်သက်သလောက်
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ပင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်သားနှင့် ဆားလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ရောနယ်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ
- သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ဟင်းပြင်မဲ့ ပန်းကန်ထဲကို ဆယ်ထဲ့ထားပါ
- ကြက်သားအပေါ်ကို ပဲငပိများ ဖြန့်ပြီးဆမ်းပေးပါ
- နံနံပင်ကို ပဲငပိ အပေါ်မှာ ဖြန့်ပြီးခင်းပေးပါ
- ပဲငပိပေါ်ကို ထောင်းထားသော ကြက်သွန်ဖြူ များ ဖြန့်ခင်းပေးပါ
- အားလုံးပြီးပါက ကြက်သားကြော်ထားသော ဒယ်အိုးထဲမှာရှိတဲ့ ဆီကိုထပ်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ပြင်ထားသော ဟင်ပွဲးထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
- ဆီလောင်းချပေးပြီးပါက အရသာမွှေးမွှေးလေးနဲ့ကြက်သားပဲငပိဟင်းလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment