Tuesday 24 June 2014

ခရမ်းကြွတ်သီး အစပ်ဟင်း




ဒီနေ့တော့ ခရမ်းကြွတ်သီးကို ငရုတ်သီးစိမ်းနဲ့ အစပ်လေး ချက်ပါတယ် အရင်တုံးကတော့ အစိမ်းအတိုင်း ကြွတ်ကြွတ်လေး တို့တတ်သလို အချိုနှပ်ပြီးတော့ ချက်စားဖြစ်ပါတယ် မနေ့ကတော့ တူမလေးတယောက်က အစပ်ချက်လေးချက် စားကြည့်ပါလားဆိုပြီး ချက်နည်းလေး ပေးလာတာနဲ့ဒီနေ့မနက် ချက်ကြည့်လိုက်ပါတယ်။
တူမလေးကတော့ပြောပါတယ် တီတီရေ ချက်စားကြည့်တဲ့ စားပြီးရင် ခနခန ချက်စားချင်နေလိမ့်မယ်တဲ့ တစ်ကယ်လဲ သူပြောသလိုပါဘဲနော် ချက်နေထဲက မွှေးလာလိုက်တဲ့ အနံ့အရသာက တစ်ကယ်ကိုဘဲ ထမင်းမြိန်စေခဲ့ပါတယ် ဒါကြောင့်မို့ ထမင်းမြိန်စေမဲ့ ချက်နည်းလေးအတွက် မာမာမျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
အလုံးလိုက် ရေစင်အောင် ဆေးထားသော ခရမ်းကြွတ်သီး -  ၁၅လုံးခန့်
ပုဇွန်ခြောက် - ထမင်းစားဇွန်းမောက်မောက် တစ်ဇွန်း
ကြက်သွန်နီ - အနေတော် တစ်ခြမ်း 
ကြက်သွန်ဖြူ -  အမွှာကြီးကြီး နှစ်မွှာ
ငရုတ်သီးစိမ်း - ခပ်သေးသေးအတောင့် ဆယ်တောင့်  ( အစပ်စားလျှင် ပိုပြီးထဲ့ပေးပါ )
ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
ခရမ်းသီးကို အစေးများထွက်အောင် ထက်ခြမ်းခွဲပြီး နာရီဝက်လောက် ရေစိမ်ထားပေးပါ
ရေစိမ်ထားတဲ့ ခရမ်းကြွတ်သီးကို ချက်မည့်အိုးထဲသို့ရေစစ်ပြီး ထဲ့ပေးပါ
ပုဇွန်ခြောက် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီးထောင်းပေးထားပါ။
ထောင်းထားသော ကြက်သွန်ဖြူ  ကြက်သွန်နီ ပုဇွန်ခြောက် ပုဇွန်ငါးပိတို့ကို ခရမ်းသီးအိုးထဲသို့ထဲ့ပေးပါ
ဆီနှင့် ရေအနည်းငယ်ထဲ့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
ခရမ်းသီး နဲနဲနွမ်းလာပါက ရေခရမ်းသီး မမြုပ်တစ်မြုပ်ထဲ့ပြီး ဆက်တည်ပေးပါ
ရေမခမ်းခင် အချိန်လေးမှာ အရသာမြည်းပြီး နံနံပင်အုပ်ပေးပါ
အရသာ အနေတော်ဆိုရင် ခရမ်းကြွတ်သီး အစပ်ချက်လေးရပါပြီ
ခရမ်းသီးဟင်းကို ဟင်းရည်နှင့်ကြိုက်လျှင် ရေမခမ်းခင် မီးပိတ်ပေးပါ။

8 comments:

  1. ခရမ်းကျွတ်သီး ရှူးရှဲချက်လေး စားသွားပါတယ် .... ^___^

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် ညီမလေးရေ စားနော်

      Delete
  2. စားချင်စိတ်တွေ တားမနိုင် ဆီးမရ...:)

    ReplyDelete
    Replies
    1. စူးနွယ်လေးရေ တကယ်စားစေချင်မိတာပါနော်။

      Delete
  3. ချက် နည်း လေး အတွက် ကျေး ဇူး ပါ..

    မ ရေ

    ReplyDelete
    Replies
    1. အားပေးတဲ့အတွက်လဲ ကျေးဇူးပါလို့။

      Delete
  4. အားပေးတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete