Wednesday 25 June 2014

ကြက်သားပဲငပိ ချိုချဉ်ကြော်


ဒီနေ့တော့ မာမာချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ကြော်ဟင်းလေး တင်ပါမယ် ဟင်းတွေကို အများကြီးချက်ရတာထက် နဲနဲနဲ့အရသာကောင်းကောင်း ချက်တတ်ရင် မိသားစု ထမင်းဝိုင်းလေးက စားမြိန်ထမင်းဝိုင်းလေးဖြစ် တတ်ပါတယ်။

အခုချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ဟင်းလေးက မိသားစုအကြိုက်လေးမို့ မကြာမကြာချက်တတ်တဲ့ ဟင်းအမယ်လေး တစ်ခုပါ မာမာတို့တွေရဲ့ မိသားစု ထမင်းဝိုင်းလေးအတွက် ဒီဟင်းလေးကို ပြင်ဆင်ကြရအောင် အတူတူပါ၀င်လှဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

လက်တစ်ဆစ်အရွယ် လှီးထားသော ကြက်သား -  150 g
ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားသော ကြက်သွန်ဖြူ -  အမွှာကြီးကြီး သုံးမွှာ
အနေတော် လှီးဖြတ်ထားသော နံနံပင် - အနည်းငယ်
တရုတ်ပဲငပိအချို  ထမင်းစားဇွန်း - တစ်ဇွန်း
ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပါးပါးရှည်ရှည် လှီးထားသော ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
လေးစိပ် စိပ်ထားသော ခရမ်းချဉ်သီး အနေတော်  - တစ်လုံး
ဘေဘီပြောင်းဖူး - လေးဖူး
ပန်းဂေါ်ဖီ - အနည်းငယ်
ခပ်သေးသေး လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
ဆား လက်ဖက်ရည်ဇွန်း - တစ်၀က်သာသာ

ကော်ရည်ဖျော်ရန်
ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
သကြား - ထမင်းစားဇွန်း  တစ်ဇွန်း
ခရမ်းချဉ်သီးအချဉ်ရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ရေ - လက်ဖက်ရည်ပန်းကန် တစ်လုံး ( အားလုံးကိုရောပြီးဖျော်ထားပါ)
ပြင်ဆင်ပုံ

ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
မီးအနေတော်နဲ့အပူပေးထားတဲ့ ဆီပူပူမှာ ကြက်သားလွှာလေးတွေကို ဆားထဲ့ပြီး  ၃မိနစ်လောက် ထဲ့ကြော်ကာ ဆယ်ထားပါ
ကြက်သားကြော်ထားတဲ့ ဆီထဲမှာ ကြက်သွန်ဖြူကို မွှေးလာအောင် ကြော်လိုက်ပါ
ကြက်သွန်ဖြူ  မွှေးလာတာနဲ့မုံလာဥနီကို အရင်ဆုံး ထဲ့ကြော်ပေးပါ
ပန်းဂေါ်ဖီနဲ့ဘေဘီပြောင်းဖူးလေးများ ထဲ့ကြော်ပေးပါ
ပြီးတာနဲ့ကြက်သားကြော် ချင်းနှင့်ခရမ်းချဉ်သီးတို့ကိုထဲ့ပြီး နှစ်မိနစ်လောက် ထဲ့ကြော်ပေးပါ
စပ်ထားသော ချိုချဉ်ရည်ကို အကြော်အိုးထဲသို့လောင်းထဲ့ပြီး တစ်မိနစ်ခွဲလောက် ထဲ့မွှေပေးပါ
အားလုံးပြီးသွားပါက ပဲငပိနဲ့နံနံပင်လေးအုပ်ပြီး ကြက်သားပဲငပိ ချိုချဉ်ကြော်လေး စားသုံးနိုင်ပါပြီ။ 

No comments:

Post a Comment