Tuesday, 3 June 2025

ဝက်သားစင်းကော အချိုကြော်


 

ဒီနေ့တော့ အသားများတဲ့ ဝက်သားတုံးလေးကို ဝယ်လာဖြစ်ပါတယ် အသားများတဲ့ ဝက်သားဖြစ်တဲ့အတွက် ဆီပြန်ဟင်း မချက်တော့ဘဲ စင်းကောအချိုကြော်လေး ကြော်ဖြစ်ပါတယ်။

ဒီအကြော်လေးမှာ ထည့်ကြော်မဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ် ဖြစ်စေခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သား - 330 g 
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  5. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ချင်း - ခပ်ပါးပါး သုံးပြား
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ (အရသာစပ်ရန်)
  11. ရေ - လိုသလောက် သုံးပေးပါ (အသားကျက်စေဖို့ သုံးရန်)
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ဝက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး အမြှောင်းလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းနှင့် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ဝက်သားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ဝက်သား အသားလေးတွေ မာတင်းလာပါက အသားမြုပ်တဲ့အထိ ရေထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းသွားပြီး အသားကျက်သွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးကာ အရသာ အရည်များ ခမ်းတဲ့အထိ တည်ပေးပါ
  •  အရသာ အရည်များ ခမ်းလာပြီး သမလောက်ပြီ ဆိုတာနဲ့  ငရုတ်ကောင်မှုန့် ထဲ့မွှေပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဝက်သားစင်းကော အချိုကြော်လေး ရပါပြီ။

No comments:

Post a Comment