Monday 11 September 2023

ရွှေဖရုံသီး ပဲသီးကြော်



ဒီနေ့တော့ ဝါတွင်းကာလ စားလို့ရလေအောင် ရွှေဖရုံသီးကို ပဲသီးနဲ့ရောပြီး သတ်သတ်လွတ်လေး ကြော်ပါတယ် အရမ်းကြိုက်တဲ့ အသီးအရွက်ကြော်လေး တစ်မျိုးထဲမှာ ပါဝင်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ်။

ဒီနိုင်ငံက ရွှေဖရုံသီးတွေက မြန်မာပြည်က အသီးတွေလို မစေးတဲ့အတွက် ကြော်ရတာ နည်းနည်းခက်ပါတယ် ရေမထည့်ဘဲ ကြော်တော့လဲ နူးခဲပြီး ရေထည့်ပြီး ကြော်ပြန်တော့လဲ နူးအိပြီး ပျော်သွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းတဲ့အတွက် ရွှေဖရုံသီးနဲ့ ပဲသီးကို  မာမာကြော်ထားတဲ့ ကြော်နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အနေတော် လှီးထားသော ပဲတောင့်ရှည် - ၁၀တောင့်အ
  2. နေတော် လှီးထားသော ရွှေဖရုံသီး - တစ်စိတ်
  3. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့  ရွှေဖရုံသီးကို ထည့်ကြော်ပါ
  • ရွှေဖရုံသီး ကြော်နေစဉ် ရေမထည့်ဘဲ ကြော်ပေးပါ
  • ရေထည့်လိုက်တာနဲ့ ရွှေဖရုံသီးများ ကျေကုန်တဲ့အတွက် မကျေစေရန် မီးကိုအနေတော်လျှော့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပြီးမှ အဖုံးကို ဖွင့်ကြည့်ပါ
  • ရွှေဖရုံသီးများ နွမ်းစပြုတာနဲ့ ပဲသီး ဆားနှင့် ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  • အသီးများ နွမ်းလာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ရွှေဖရုံသီးပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ ။

No comments:

Post a Comment