Wednesday 23 January 2013

ကြက်ဥပေါင်မုန့်ကြော်

ပါမုန့်ကြော်
ဒီနေ့မနက်ေ စာစောစာဆြိုပီး မာမာပေါင်မုန့်လေး ကြော်ထားပါတယ် ဒီတစ်ခါတော့အရသာ ပိုပြီးကောင်းအောင်ကြက်ဥကို နွားနို့နဲ့ရောခေါက်ပြီး ကြော်ထားပါတယ် ကြော်ပြီးသားကို
သကြားလေးဖြူးပြီးဘဲစားစား နို့စိမ်းလေးစိမ်ပြီးဘဲစားစား အရမ်းကို ကောင်းလွန်းပါတယ်။

 ကော်ဖီလေးနဲ့လိုက်သလို သူ့ခြည်းဘဲလဲ စားလို့အရမ်းကောင်းပါတယ် ပါမုန့်ကိုအမြဲတမ်း မကြိုက်ပေမဲ့ တစ်ခါတစ်လေတော့ စားချင်စိတ်ရှိခဲ့ပါတယ် ဒီနေ့ကြော်တဲ့ ပါမုန့်လေးကို မာမာကတော့ စိမ့်စိမ့်လေး ဘဲစားမှာမို့ ကြော်ပြီးသား ဒီအတိုင်းလေးဘဲစားပါမယ် ရိုးရှင်းလွန်းတဲ့ ပါမုန့်ကြော်လေးပေမဲ့ စိတ်ကူးရရင် ကြော်စားနိုင်အောင် တင်ပေးလိုက်တာပါ။
ပေါင်မုန့် နှစ်လုံးစာအတွက်
  • ပေါင်မုန့် - နှစ်လုံး
  • ကြက်ဥ - နှစ်လုံး
  • နို့ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပါမုန့်ကြော်ရန်အတွက်ပါ

ပါမုန့်ကိုအလယ်ကထက်ခြမ်းခွဲကာကြက်ဥနှင့်နို့ခလောက်ထားသောရည်ထဲတွင်နှစ်ပေးပါ အပေါ်အောက်နှစ်ဖက်စလုံးနှင့်အထဲကိုပါ ဝင်အောင်နှစ်ပေးပါတယ်

မီးအနေတော်နှင့်အပေါ်အောက်ကိုကြော်ပေးပြီး နှစ်ခြမ်းခွဲကာအထဲနှစ်ဖက်ကိုကြော်ပေးပါတယ် နှစ်ဖက်စလုံးရွှေဝါရောင်သန်းလာပါ ဆယ်ပြီးဆီစစ်ပေးပါ ပြီးလျှင်နှစ်ခြမ်းပြန်အုပ်ပေးပြီးနှစ်သက်သလို သကြားဖြူးပြီးဘဲစားစား နို့စိမ်းဆမ်းပြီးဘဲစားစား စားလို့ရပါပြီ

ကြက်ဥနွားနို့ စိမ်ကြော်ထားတဲ့ပါမုန့်ကြော်လေးရပါပြီ

4 comments:

  1. ကောင်းတယ်အစ်မရေ.. နွားနို့လေးနဲ့စိမ်လိုက်တော့ ပိုဆိမ့်သွားတာပေါ့..
    အပြောင်းအလဲအနေနဲ့ ကြက်ဥပေါင်မုန့်ကြော်လေးကိုလဲ စားချင်စိတ် ဖြစ်တတ်တယ်.. ^_^

    ReplyDelete
    Replies
    1. စိမ့်စိမ့်လေးနဲ့ကောင်းတယ် ညီမလေးရေ..

      Delete
  2. နို့စိမ်းဆမ်းစားမယ် မမမာ

    ReplyDelete