Wednesday 2 January 2013

ကြက်သား ချိုချဉ်ကြော်


ကြက်သားချိုချဉ်လေး ကြော်ပါတယ် အိမ်မှာရှိတဲ့ ကြက်ပေါင်လေး သုံးချောင်းကို အရိုးထွင်ပြီး အသားလေးတွေ ခပ်ပါးပါးကာ လွယ်ကူမြန်ဆန် ကြော်လိုက်ပါပေမဲ့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းတစ်မယ်မို့ ကြော်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ရမှာလေးတွေကတော့
  • အရိုးထွင်ပြီး အသားကို ခပ်ပါးပါးလှီးထားသောကြက်ပေါင် - သုံးချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အဖတ်လေးများလှီးထားသောကြက်သွန်နီ - တစ်လုံး
  • အနေတော်လှီးထားသောမုန့်ညှင်း - သုံးရွက်
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အနေတော် လှီးထားသောနာနာသီး - နှစ်ကွင်းစာ
  • ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ကြက်သား အရသာနယ်ရန် သကြား ဆားနှင့်ကော်
မှုန့်

ကြက်သွန်နီ မုံညှင်း နှမ်း နာနတ်သီးနှင့်ပျားရည်

မီးအနေတော်နှင့် အပူပေးထားသော ဆီပူပူမှာ 
အရသာနယ်ထားသော ကြက်သားကို 
ညိုရောင်သန်းလာတဲ့ထိ ကြော်ပေးပြီး ဆီစစ်ပေးပါ

ကြက်သားကြော်ထားသော ဆီများကို 
ထမင်းစားဇွန်းနှစ်ဇွန်းစာလောက်ချန်ပြီး 
ပိုတဲ့ဆီတွေကို ဖယ်ပေးကာအရင်ဆုံး
 ကြက်သွန်နီအဖတ်များကို မိနစ်ဝက်လောက်ကြော်ပါ
 ပြီးမှနာနတ်သီး စိတ်လေးများနှင့် မုန့်ညှင်းရွက် 
ကြက်သားကြော်နှင့် ဆားတို့ကိုထဲ့ပြီး 
နှစ်မိနစ်လောက်ကြော်ပေးပါ ပြီးမှပျားရည်ကို ထဲ့ကာ
မိနစ်ဝက်လောက် မွှေပေးပြီးရင် ရပါပြီ

ပန်းကန်ထဲသို့ပြောင်းထဲ့ပေးပြီးမှ
နှမ်းစေ့ဖြူးပေးပြီးရင်ကြက်သားချိုချဉ်ကြော်ရပါပြီ

7 comments:

  1. ကြက်သားကို နာနတ်သီးနဲ့လဲ မချက်ဖူးသေးဘူး မမမာ..
    ချက်ကြည့်ဦးမယ်.. အရသာ အပြောင်းအလဲပေါ့နော်..
    ကျွန်မကတော့ ဒီနေ့ ကြက်သားကို အာလူးနဲ့ ကုလားဆိုင်က အမွှေးအကြိုင်တွေနဲ့ ချက်ထားတယ်.. ^_^

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် ညီမလေးရေ
      ချိုချိုချဉ်ချဉ်လေးနဲ့လေ...

      Delete
  2. ကြက်သားချိုချဉ်ကြော်လေး အားပေးသွားတယ် မာမာရေ။
    နှမ်းဖြူးတာ ထူးထူးဆန်းဆန်းလေး အခုမှတွေ့ဘူးတာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲတီတင့်ရေ

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. ကြက်သားကိုနာနတ်သီးနဲ့ချက်တာလဲကြိုက်တယ် မမမာ

    ReplyDelete
    Replies
    1. ဟုတ်တယ်နော်
      မမမာလဲအရမ်းကြိုက်တယ်

      Delete
  4. ချက်စားကြည့်မယ် အမရေ . . စားခြင်စရာလေး

    ReplyDelete