![]() |
ဒီနေ့ချဉ်ရည်ဟင်းလေးကိုတော့ ပထမဆုံး လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီး အိုးတစ်လုံးထဲကို အရင်ထည့်ပြီး အရသာများနယ်ကာ ရေလေးနဲနဲထဲ့ပြီး လုံးချက်လေး အရင်ချက်ပြီးမှ ရေကိုမိသားစု စားနိုင်သလောက်
ထဲ့ကာ ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- လှီးဖြတ်ကာ ရေဆေးထားသော မုန့်ညှင်းရွက် - အနေတော်ဇကာ တစ်လုံးမောက်မောက်
- အခွံခွာပြီး လှီးထားသော ဂေါ်ရခါးသီး - တစ်လုံး
- ခေါင်းဖြုတ်ထားသော ပုဇွန်ထုတ် - ဆယ့်ငါးကျပ်သား
- ခရမ်းချဉ်သီး - အနေတော် ငါးလုံး
- မကျည်းသီးအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ထောင်းထားသော ကြက်သွန်ဖြူ - နှစ်မွှာ
- ထောင်းထားသော ကြက်သွန်နီ - တစ်ခြမ်း
- ထောင်းထားသောချင်း - လက်တဆစ်၏ တစ်ဝက်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပုဇွန်အရသာနယ်ရန်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နနွင်းမှုန့် - လက်ဖက်ရည်ရည်ဇွန်း လေးပုံတစ်ပုံ
![]() |
ချဉ်ရည်ဟင်းချက်ရန်ပြင်ထားပေးပါ |
![]() |
အားလုံးကိုရောပြီး နယ်ပေးကာရေအနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပါ |
![]() |
လုံးမိသွားပါကဟင်းချိုမှုန့် ငံပြာရည် မကျည်းနှစ်နှင့် ရေလိုသလောက်ထဲ့ပါ |
![]() |
ဟင်းရည်ဆူလာပါက နံနံပင်အုပ်ပြီးနှစ်မိနစ်လောက် ဆက်တည်ပေးပါ |
![]() |
ငါးခြစ်ကြော် ငရုတ်သီးဆားထောင်းနှင့်ချဉ်ရည်ဟင်းရပါပြီ |