အိမ်ရောက်တော့ မနက်ဖြန်ချက်ရင် အဆင်သင့်ဖြစ်အောင် ပြုပ်ထားလိုက်တယ်။
မနက်ကျတော့ ပူပူလေးစားရအောင် ချက်လိုက်တယ်ပါတယ်။
မယ်ဇလီဟင်းချိုက ချက်တတ်ရင် သောက်လေ သောက်လေ မ၀နိုင်လေပါဘဲ။
မချက်တတ်ရင်တော့ အခါးဖက် အန ််််််််််််််််််််််််််််််််််််််််််််််််််််််််််် သောက်လို့မကောင်းလှပါဘူး ။
အခုဟင်းရလေးကို မာမာ့အမေချက်တဲ့ နည်းအတိုင်း ချက်ချင်ပေမဲ့ ထမင်းရည်မရှိလို့ ဆန်မှုန့်ကို အရည်ဖျော်ပြီး ချက်ထားပါတယ်။
အမေ့လက်ရာနီးနီးတော့ ကောင်းပါတယ်လို့တော့ ပြောပါရစေ။
ပါ၀င်ပစ္စည်းများ
- မယ်ဇလီကိုင်းအရွက် - လက်တစ်ဆုတ်စာ
- ငါးကျည်းကြပ်တိုက်ခြောက် - သုံးကောင် (မရှိလျှင် ငါးတစ်မျိုးမျိုးကို ပြုပ်ပြီးထည့်ပါ)
- ခရမ်းသီး - အရှည်သီး သုံးတောင့်
- ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
- ကြက်သွန်နီ - အနေတော် သုံးဥ
- ကြက်သွန်နီ - တစ်ခြမ်း (ဟင်းဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်ဥ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆန်အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
- မယ်ဇလီရွက်ကို ရေမြုပ်အောင်ထည့်ပြီး ပထမတစ်ရည် မိနစ်၂၀လောက်ပြုပ်ပြီး သွန်ပြစ်ပါ
- နောက်တစ်ရည်လဲပြီး ၅မိနစ်လောက်ပြုပ်ကာ ရေသွန်ပြီး ရေအေးစိမ်ကာ အရွက်များ ခြွေထားပါငါးကြည်းကြပ်တိုက်ကို ရေနာရီ၀က်လောက်စိမ်ပြီး အရိုးများထွင်ထားပါခရမ်းသီးကို အနေတော်ပိုင်းဖြတ်ပြီး ရေစိမ်ထားပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ၄စိတ်စိတ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်နီ တစ်ခြမ်းကို ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဆန်စိမ်းမှုန့်ကို ရေနည်းနည်းနဲ့ဖျော်ထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
- ဆီပူလာပါက ကြက်သွန်အဖြူ နှင့် ကြက်သွန်နီတို့ကိုထည့်ပြီး ကြော်ပေးပါ
- ကြက်သွန်များ နူးလာပါက ငါးကြည်းခြောက်နှင့် ခရမ်းသီးကို ထည့်ပြီးဆီသတ်ပါ
- ၂မိနစ်လောက် မွှေပြီးတာနဲ့ကြက်သွန်နီနှင့် ရေကို တရုတ်ဟင်းပြင်ပန်းကန် ၂လုံးစာထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ရည်ကို ထည့်ပြီးမွှေပေးပါ
- ကြက်သွန်နီနဲ့ ခရမ်းသီး နူးလာတာနှင့် ခရမ်းချဉ်သီး ဆားနှင့် အရသာမှုန့်တို့ထည့်မွှေပေးပါ
- အရသာမြည်းပြီး လိုသလိုပြင်ကာ မယ်ဇလီရွက်ကို ထည့်မွှေပြီး တစ်မိနစ်လောက် ပေးဆူကာ မီးပိတ်ပေးပါ
- မီးပိတ်ပြီးတာနဲ့အခါးဓါတ် မပါသလောက် ဖြစ်နေတဲ့ ဟင်းရည်ပူပူလေးကို သောက်နိုင်ပါပြီ
- မယ်ဇလီဟင်းချိုရဲ့ လှို့ဝှက်ချက်လေးက ထမင်းရည်ထည့်ရခြင်းပါ
- ထမင်းရည် ထည့်တဲ့အတွက် အခါးကို သက်သာစေပြီး ဟင်းရည်ကို ခပ်ပြစ်ပြစ်လေး ရစေပါတယ် မာမာကတော့ ထမင်းရည် မရှိတဲ့အတွက် ဆန်အစိမ်းမှုန့်ကို အရည်ဖျော်ပြီး ထည့်ထားပါတယ် ထမင်းရည်ထည့်တဲ့ အရသာအတိုင်း ရစေပါတယ်။
No comments:
Post a Comment