ပါ၀င်ပစ္စည်းများ
- ကြက်ရင်ပုံသား - 600 g
- ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
- ချင်း - လက်တစ်ဆစ်ခန့်
- ကရဝေးရွက် - သုံးရွက်
- သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
- လေးညှင်း - သုံးပွင့်
- ဖာလာစေ့ - နှစ်စေ့
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ကြက်သားအရသာနယ်ရန်
- ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
- ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ကရဝေးရွက် ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက်တို့ကို ပြင်ထားပါ
- ပါ၀င်ပစ္စည်းများ အားလုံးတို့ကို ကြက်သားထဲထည့်ကာ အရသာ၀င်အောင် နယ်ထားပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် နှပ်ထားပါ။
ပြင်ဆင်ပုံ
- ကြက်သားချက်ရန် ဇောက်နက်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သားအိုးကိ်ု မီးဖိုပေါ်တင်ပြီး တည်ပေးပါ
- ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် လုံးချက်ချက်ပြီး ဆီသတ်ပေးပါ
- ကြက်သားအသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
- ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ လှုပ်လှုပ်ပေးပါ
- ရေမခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ကြက်သားအရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို အုန်းထမင်း ပူပူလေးနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment