Saturday, 18 January 2025

ငါးအသားချဉ်လုပ်နည်း

 







ငါးဖယ်အသားချဥ် လုပ်ပြပါလို့ တောင်းဆိုလာတဲ့ သူတွေအတွက် ငါးအသားချဥ်လေး လုပ်ပြလိုက်ပါတယ်။
မာမာတို့ဆီမှာ ငါးဖယ်ဝယ်ရတာ အဆင်မပြေတဲ့အတွက် အလွယ်တစ်ကူ ဝယ်လို့ရတဲ့ ဘာဆာငါး အသားပြားနဲ့ လုပ်ထားပါတယ်။

ငါးဖယ်လိုဘဲ စားလို့အရမ်းကောင်းတဲ့အတွက် ဒီနေ့တော့ ငါးအသားချဉ်လေး လုပ်ဖြစ်လို့ ပြုလုပ်နည်း အဆင့်ဆင့်ကို မျှဝေလိုက်ပါတယ် အရောင်အတွက် food colour မသုံးထားလို့ ဖြူနေတယ် ထင်ရပေမဲ့ စားရတဲ့ အရသာကတော့ ငါးဖယ်ချဉ် အရသာအတိုင်း ထွက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါးအသားပြား - တစ်ကီလို
  2. ထမင်း - 500 g (မနက် ပုဇွန်ချဉ်လုပ်မယ်ဆို ညထဲက ချက်ထားပါ)
  3. ဆားကြမ်း - 100 g 

ပြင်ဆင်ပုံ
  • ငါးအသားပြားများကို ရေဆေးပြီး‌ ရေစစ်ထားပါ
  • ရေဆေးပြီ ငါးအသားများကို ရေခြောက်သွားအောင် paper towel နှင့် ဖိဖိပြီး သုတ်ပေးပါ
  • ရေခြောက်တာနဲ့ စဥ့်နီတုံး သန့်သန့်ပေါ်မှာ ငါးအသားများကို နုတ်နုတ်စင်းပေးပါ
  • စင်းပြီးတာနဲ့ လက်ကိုသန့်အောင် ရေဆေးပြီး ရေအခြောက်ခံကာ ငါးအသားနှင့်ဆားကို နယ်ပေးပါ
  • ဆားနှင့်နယ်ပြီးတာနဲ့ ထမင်းနှင့် စေးပိုင်နေအောင် နယ်ပေးပါ
  • ထမင်းနှင့် ငါးတို့ကို စေးပိုင်နေအောင် နယ်ပြီးတာနဲ့ ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နှင့် ကျစ်နေအောင် ထုတ်ပြီး သရည်ကွင်းနှင့် အထပ်ထပ် စည်းပေးပြီး အပေါ်ကနေ အလေးတစ်ခုခုနှင့် ဖိပေးထားပါ
  • ငှက်ပျောရွက် မရှိပါက clean warp နှင့် ၅ထပ်လောက် ကျစ်နေအောင် ထုတ်ပေးပါ
  • clean warp မရှိပါက ပလပ်စတစ်အိတ် ထူထူသန့်သန့် အိတ်ထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး အပေါ်မှ ခပ်လေးလေး အရာနှင့် ဖိထားကာ အခန်းအပူချိန်အတိုင်း ထားပေးပါ
  • အလေးနှင့် ဖိထားပြီး တရက်လောက် ရပါက အထဲမှာ အရည်လေး အနည်းငယ် ထွက်လာပါလိမ့်မယ်
  • ပြီးတာနဲ့ ဒုတ်ချွန်ချွန်သေးသေးလေးဖြင့် အပေါက်လေးများ လိုက်ထိုးဖောက်ပေးပါ သွားကြားထိုးတံဆို ပိုကောင်းပါတယ်
  • အပေါက်လေးတွေ ဖောက်ပြီးတာနဲ့ ဇလုံသန့်သန့် တစ်ခုထဲမှာ ထုတ်ထားသော ငါးအသားထုတ်ကိုထည့်ပြီးး အပေါ်မှ အရမ်းလေးသော ပစ္စည်းတစ်ခုခုနှင့် ထပ်မံပြီး ဖိထားပါ
  • ဖိထားစဉ် အရည်များ ထွက်လာပါက သတိထားပြီး တရက်တခါ သွန်သွန်ပေးပါ
  • ရာသီဥတု ပူပါက လေးရက်မှ ငါးရက်အတွင် ချဉ်လာတာနဲ့ ငါးအသားချဉ်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားလို့ရပါပြီ။

No comments:

Post a Comment