ဒီနေ့တော့ အသားငါးတွေ မချက်ချင်တာနဲ့ ကော်ပြန့်ကြော်လေးတွေကြော်ပြီး ပဲဟင်းလေးချက်ကာ စားဖို့ပြင်လိုက်ပါတယ်။
တစ်ခါတစ်လေ အခုလိုလေး စားရတာကို အရသာ တွေ့တတ်တာမို့လို့ အလွယ်ချက်တဲ့ ပဲဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ (ပလာတာ တစ်ဆယ့်ငါးချပ်စာအတွက်)
- ပလာတာ - တစ်ဆယ့်ငါးချပ်
- ကုလားပဲခြမ်း - နှစ်ဆယ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်သည့် အထဲထည့်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
- ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
- ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
- အာလူး - ကီလိုဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
- ကရဝေးရွက် -နှစ်ရွက်
- ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
- ဂေါ်ဖီထုပ် - တစ်စိတ်
- ကြက်သွန်နီ - အနေတော် ငါးလုံး
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- သံပုရာသီး - ငါးလုံး
- ပူစီနံ - မိမိနှစ်သက်သလောက်
ပဲပြုပ်ရန် ပြင်ဆင်ပုံ
- ကုလားပဲခြမ်းကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမွာ ထည့်ပေးပါ
- ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
- ပဲပြုပ်တဲ့အခါ ပဲအိုးထဲမွ ရေများဝေမကျအောင် အိုးအဖုံးကို ဟပြီးပြုပ်ပေးပါ
- ပဲများကို နူးတဲ့အထိ ပြုပ်ပေးပြီး ပဲများနူးပါက အအေးခံထားပါ
ငရုတ်သီးထောင်းရန်
- ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
- မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
- က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
- ကြက်သွန်ဖြူ နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
- ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
- အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
- ပြီးတာနဲ့ အာလူးများကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
- အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
- အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကို နည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
- အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
- အာလူး နူးလာပါက ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းပြီးထည့်ကာ တည်ပေးပါ
- ရေကိုမပျစ်မကျဲ အေနအထား ရလာအောင် ထည့်ပေးပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးကာ အရသာကို မြည်းပေးပြီး ပြင်ပေးပါ
- မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ပဲဟင်းရည် ရပြီဖြစ်တဲ့မတွက် မီးပိတ်ပေးထားပါ။
စားပွဲပြင်ရန်
- ကြော်ထားသော ကော်ပြန့်ကြော်ကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
- ပဲဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
- ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
- ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
- သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ကော်ပြန့်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပလာတာ ပဲရည်ဆမ်း ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
ကျေးဇူးတင်ပါတယ်ရှင် ❤️
ReplyDelete