Friday 4 September 2020

ကြက်သားဟင်းထုတ်











ဒီနေ့တော့ ရှမ်းပြည်မြောက်ပိုင်းဖက်က အစားအစာ တစ်မျိုးဖြစ်တဲ့ ဟင်းထုတ်လေး ထုတ်စားဖြစ်ပါတယ် သူတို့ကတော့ ဝက်သားနဲ့ ထုတ်စားကြပေမဲ့ မာမာကတော့ ဝက်သားမစားတဲ့အတွက် ကြက်သားနဲ့ဘဲ ထုတ်ထားပါတယ်။ဒါကြောင့်မို့လို့ မိမိနှစ်သက်ရာ အသားကို သုံးနိူင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ အကုန်မပါပေမဲ့ ရှိသလောက်နဲ့ဘဲ ပြင်ဆင်ထားပေမဲ့ ချဉ်ငံစပ် အရသာ အကုန်ပါတဲ့အတွက် စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်သားဟင်းထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကြက်သား - 400 g
  2. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  3. နံနံပင် - အပင်ခပ်ကြီးကြီး ရှစ်ပင်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး လေးပင်ဆား
  7.  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရသာစပ်ရန်)
  11. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောရွက်ကို သုတ်ရန်)
  12. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  13. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  15. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  16. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • အသုံးပြုမည့် ငှက်ပျောရွက် ပြင်ဆင်ရန်ငှ
  • က်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလ်ွား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
  • ဟင်းထုတ် ထုတ်ကာ နီးပါက ဖက်ရွက်ကို သန့်သွားအောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
  • အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးကာ အသားတုံးလေးတွေတုံးပြီး ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်မိတ်များကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ ရေစစ်သွားတာနဲ့  မထူမပါး အနေလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် စင်းပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ဆီချက်ချက်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ငှက်ပျောရွက်မှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ သန့်စင်ပြီး ဆီသုတ်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ပေးပါ
  • ထိုငှက်ပျောရွက်ထဲမှာ အရသာ နယ်ထားသော ကြက်သားနှင့် အစာမ်ားကို ထမင်းစားဇွန်း သုံးဇွန်းလောက် ထဲ့ပေးပါ
  • ပြီးတာနဲ့ ငှက်ပျောရွက်ကို အထဲမွ အစာမ်ား မထွက်အောင် လုံနေအောင် ထုတ်ပေးပါ
  • အထက်ပါ နည်းအတိုင်း အစာမ်ား ကုန်အောင်ထုတ်ပေးပါ
  • ပြီးတာနဲ့ အစာမ်ား အပြင်မထွက်စေရန် ပေါင်းခံဇကာထဲမှာ အထုတ်များကို မှောက်ပြီး  ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်လောက်  ထည့်ပေးကာ ထိုရေထဲမှာ  ပေါင်းခံခုံနှင့် ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ ပေါင်းမည့်ခလုတ် steam ခလုတ္ကို နှိပ်ပေးကာ မိနစ်နှစ်ဆယ် နှိပ်ပေးပါ
  • ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးအဖုံးကို မဖွင့်ခင် အိုးထဲမွ လေကုန်အောင် ထုတ်ပေးပြီးမှ အဖုံးကို ဖွင့်ပေးပါ
  • အိုးအပြင် ထုတ်ပေးပြီးတာနဲ့ ကြက်သားငှက်ဟင်းထုတ် မွှေးမွှေးလေး ရပါပြီ
  • ကြက်သားဟင်းထုတ်ကို အစပ်စားသူတို့အတွက် ငရုတ်သီးကြော်နှင့် ပြင်ပေးပါ
  • ကြက်သားဟင်းထုတ်ကို အစပ္မစားပါက ကြက်သွန်ဖြူ ဆီချက်နှင့် ပြင်ပေးပါ
  • ဟင်းထုတ်ပူပူလေးကို  နံနံပင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက်တို့နှင့် တြဲဖက္ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment