Saturday 19 July 2014

သီးစုံ ချဉ်ရည်ဟင်း




တစ်ခါတစ်ရံ ထမင်းစားလို့မမြိန်တော့ဘူးဆိုရင် ဟင်းကိုအပြောင်းအလဲလေး လုပ်ရပါတယ် ဆီပြန်ဟင်းတွေက နေ့တိုင်းစာရရင် အီလည်လည် ဖြစ်တတ်တာ သဘာဝမို့ အရည်သောက်ဆမ်း ချဉ်ရည်ဟင်းလေးဘက် တဖက်လှည့်ပြီး ချက်လိုက်တဲ့အတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ချဉ်ရည်ဟင်းအတွက်ပါဝင်တာလေးတွေကတော့

  1. အခွံခွာ အမြှီးဖြုတ် ကြောမှအမဲချောင်းထုတ်ထားသော - ပုဇွန်ခပ်ကြီးကြီး ၅ကောင်
  2. အခွံခွာပြီးအနေတော်လှီးထားသောဂေါ်ရခါးသီး - တစ်လုံး
  3. အခက်ချွေထားသော ပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အနေတော်လှီးထားသော ပဲတောင့်ရှည် - ၅တောင့်
  5. အ၀ိုင်းလိုက်လှီးထားသော မျှစ်နုနု  - ၃ချောင်း
  6. ခပ်ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၄လုံး
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - အနည်းငယ်
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  13. ညက်နေအောင်ထောင်းထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  14. ညက်နေအောင်ထောင်းထားသောချင်း - လက်တဆစ်တို့နှင့် အားလုံးကိုရောပြီးဇောက်နက်သော အိုးတစ်လုံးထဲမှာ ရောနယ်ပြီး ရေအနည်းငယ်ထဲ့ပြီး ဟင်းကိုလုံးမိအောင်တည်ပေးပါ
  15. ရေဆူလာပြီး အသီးအရွက်များနူးလာပါက ရေကို ဟင်းရေသောက်ပန်းကန်လုံး၂လုံးစာလောက် ထဲ့ပြီးတည်ပေးပါ
  16. ရေဆူလာပါက မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲ့ပြီး ရေပွက်ပွက်ဆူအောင်တည်ပေးပါ
  17. ၅မိနစ်ရေလာက်ဆူပြီးပါက အပေါ့အငံမြည်းပြီး သီးရွက်စုံချဉ်ရည်ဟင်းလေးကိုမြိန်ယှက်စွာနဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment