Saturday 19 July 2014

ငါးအသားလွှာ ချိုချဉ်ကြော်


ထမင်းမိန်စေမဲ့ ချိုချဉ်ကြော်လေးပါ ကြော်ရချက်ရတာ မြန်လဲမြန် လွယ်လဲလွယ်ပါတယ် မာမာကတော့ ထမင်းပူပူလေးနဲ့စားရတာကို ပိုပြီးသဘောကျပါတယ် ဒီတမယ်ထဲနဲ့ထမင်းမြိန်စေတာမို့နှစ်သက်မယ်ဆိုရင် ချက်ကြည့်စေချင်ပါတယ်။

ငါးအသားလွှာကိုတော့ ငါးရံ့ကိုလွှာပြီးသုံးထားပါတယ် ငါးရံ့အပြင် ကကတစ်လို ငါးမျိုးကိုလဲ သုံးနိုင်ပါတယ် ငါးအစား ကြက်သား ၀က်သားတို့ကိုလဲ အစားထိုးပြီး ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရှစ်စိတ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  2. လက်တစ်ဆစ်ခန့် အတုံးလေးများတုံးထားသော မုံလာဥနီ - လက်ဖက်ရည်အကြမ်းပန်ကန်တစ်လုံးစာ
  3. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ -  ဥကြီးကြီး တစ်လုံး
  4. နံနံပင် - အနည်းငယ်
  5. အနေတော်တုံးထားသောငါး - အသားလွှာ 250 gm
  6. ဆီ -  ထမင်းစားဇွန်း ၃ဇွန်း
  7. နနွင်းမှုန့်-  အနည်းငယ်
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - ၂တောင့်

ချိုချဉ်ဆော့ဖျော်ရန်
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိ
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၃ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၂မွှာ
  • ရေ လက်ဖက်ရည် အကြမ်းပန်းကန် - ၂လုံးခန့်နှင့်ရောပြီး ဖျော်ထားပါ
ကြော်နည်း
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ငါးအသားလွှာ အတုံးလေးများကို ၃မိနစ်လောက် ထည့်ကြော်ပြီး ဆယ်ထားပါ
  • အိုးထဲမှာ ကျန်နေတဲ့ ဆီထဲကို မုံလာဥနီ အရင်ထည့်ပြီး တစ်မိနစ်လောက်မွှေပြီးမှ ကြက်သွန်နီကိုထဲ့မွှေပါ
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ကြော်ထားတဲ့ငါးနဲ့ခရမ်းချဉ်သီးကို ၂မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ဖျော်ထားတဲ့ အချဉ်ရည်ကို လောင်းထဲ့ပြီးပွက်ပွက်ဆူအောင်တည်၍ ငရုတ်သီးစိမ်း နံနံပင်ထည့်ပြီး အပေါ့အငံ အရသာမြည်းကာ ငါးအသားလွှာ ချိုချဉ်ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ
  • ပန်းဂေါ်ဖီနှင့်အတူ နှစ်သက်ရာ အသီးအရွက်များ ထည့်ပြီးလဲ ချက်နိုင်ပါသေးတယ်။

No comments:

Post a Comment