Saturday 9 February 2013

ဆတ်သားခြောက်ကြော်

ဆတ်သားခြောက်ကြော်ကြွတ်ကြွတ်လေး
ဆတ်သားခြောက်လေးကြော်ပါတယ် မွမွရွရွလေးနဲ့ ကြာကြာထားလို့ရအောင် ကြော်ထားတာပါ ကြော်နည်းလေးက လွယ်ပါတယ် ကလေးတွေ ကျောင်းဖွင့်ရာသီမှာ အဆင်သင့် စားလို့ရအောင်ရယ် ကြာကြာအထားခံအောင်ရယ် ကြော်ထားတာပါ။

ဆတ်သားခြောက်လိုဘဲ အမဲသား ဝက်ပေါင်သားတို့ကို အခြောက်လှမ်းပြီး အခုလိုလေး ကြော်ထားရင်ရပါတယ် အစပ်ကြိုက်သူတွေအတွက် ငရုတ်သီးလုံးခြမ်းလေးနဲ့ လဲရောပြီးကြော်နိုင်ပါသေးတယ် ကျောင်းဖွင့်ရာသီလေးမှာ အချိန်ကုန် သက်သာအောင် ကြော်ထားချင်တယ် ဆိုရင်တော့

ပါဝင်ပစ္စည်းများ

  1. ခြောက်နေအောင် လှမ်းထားသော ဆတ်သားခြောက် - လေးဆယ်သား
  2. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - ငါးဆယ်သား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆီ - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  5. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ

ဆတ်သားခြောက်ပြုပ်ရန်
  1. ဆတ်သားခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး နူးတဲ့ထိပြုပ်ပေးပါ
  2. ဆတ်သားခြောက် နူးသွားပါက အအေးခံပြီး အသားမျှင်လေးများ ရအောင်ထွင်ပေးပါ

ဆတ်သားခြောက်ကိုရေစင်အောင်ဆေးပြီး
တစ်နာရီလောက်ရေစိမ်ထားပေးပြီးမှ
 နူးနေအောင် ပြုပ်ပေးပါတယ်

ပြုပ်ထားသောဆပ်သားခြောက်နူးပါက 
အသားမျှင်လေးများရအောင်ထွင်ပေးပြီး
 ဟင်းချိုမှုန့်နှင့်ငံပြာရည် တို့ထဲ့ပြီး သမအောင် 
နယ်ပေးထားပါတယ်

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ
နနွင်းမှုန့်ကိုအရင်ထဲ့ပြီးမှမွှထားသောဆတ်သားခြောက်ကို
ထဲ့ကာ ကြွတ်လာတဲ့ထိ ကြော်ပေးပါကာ
ကြွတ်လာပါက ဆယ်ပြီးဆီစစ်ပေးပါတယ်

ကြက်သွန်နီကိုအခွံခွာပြီးအလုံးလိုက်ရေဆေးပြီးမှ
ပါးပါးလှီးပေးပါ လှီးပြီးသောကြက်သွန်များကို
တစ်ဖတ်ချင်း ကွဲထွက်သွားအောင်လက်ဖြင့်မွှပေးပါတယ်

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ
ကြွတ်ပြီးမွှေးလာတဲ့ထိကြော်ပေးပြီး ကြွတ်လာပါက 
ဆယ်ပြီးဆီစစ်ပေပါတယ်

ဆတ်သားခြောက်ကြော်နှင့်ကြက်သွန်ကြော်တို
့အေးသွားပါက နှစ်မျိုးလုံးကိုသမအောင်မွှေပေးပါတယ်

တာရှည်အထားခံတဲ့ ဆတ်သားခြောက်ကြော်
ကြွတ်ကြွတ်မွှေးမွှေးလေးရပါပြီ။

13 comments:

  1. အ ရမ်း ကြိုက် တယ် မ မ

    chaw M L

    ReplyDelete
  2. စားပါနော် ညီမလေးရေ..

    ReplyDelete
  3. ဆတ်သားခြောက် တစ်ခါမှ မစားဖူးဘူးအစ်မ...
    ဆတ်သားအရသာက အမဲသားလိုဘဲလားမသိ...
    အစ်မလက်ရာလေး အားပေးသွားပါတယ်နော်... ^_^

    ReplyDelete
    Replies
    1. အရသာက ပိုပြီးချိုမယ်ထင်တယ်
      အမဲသားကတော့အနံ့ရတယ် ညီမလေး
      ဆတ်သားက ညှီတဲ့အနံ့သိပ်မရလိုဘူး...

      Delete
  4. သိပ်ကြိုက်တာပေါ့မမာရေ။
    အဲလိုအမွကြော်တွေအားလုံးကြိုက်တယ်။း)
    မမာခြံထဲကစိုက်ထားတဲ့စားပင်ပုံလေးတွေတင်ပါအုန်း။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အိုင်အိုရာရေ
      မမမာစိုက်ခင်းလေးရာသီဥတုမကောင်းလို့ ခနနားနေတယ်
      ပြန်စိုက်ဖြစ်ရင်ပြန်တင်ပေးမယ်နော်
      လာလည်တဲ့အတွက်ကျေးဇူးပါနော်..

      Delete
  5. ကြွတ်ကြွတ်လေးကြိုက်တယ် အားပေးသွားပါတယ် မမမား)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ..

      Delete
  6. တာရှည်လည်းခံ စားလို့လည်းကောင်း သားငယ်အတွက်လုပ်ပေးလိုက်မယ် မာမာရေ။
    ဘလော့ထဲမ၀င်ဖြစ်လို့ ဖေ့ဘုတ်မှာအရင်အားပေးခဲ့တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါတီတင့်ရေ
      မာမာလဲအခုရက်ထဲဟင်းချက်ပြီးပုံတွေတင်ရတာပျင်းနေမိတယ်လေ.
      လေးစားခင်မင်လျှက်
      မာမာ

      Delete
  7. စားချင်တယ်မမမာ သီတာ

    ReplyDelete
  8. စားချင်လိုက်တာ မမမာရေ

    ReplyDelete