Monday 19 November 2012

မုန့်ညှင်း ခရုဆီကြော်

မုန့်ညှင်းကြော်
ဘေဘီမုန့်ညှင်းလေးပါ ဘာအသားမှမထဲ့ဘဲ ခရုဆီလေးနဲ့ဘဲ ကြော်ထားပါတယ် သူ့အရွက်က နဂိုထဲကချိုပြီးသားမို့ သားသတ်လွတ်လေးကြော်လဲ အရမ်းကောင်းပါတယ် ဒီနေ့တော့ အပြောင်းအလဲလေးဖြစ်အောင် ခရုဆီလေးနဲ့ကြော်ထားတာလေး ပို့ခဲ့ပါပြီ

ပါဝင်ပစ္စည်းများ

  1. တစ်ရွက်ချင်းဖဲ့ကာ ရေဆေးထားသော ဘေဘီမုန့်ညှင်း - နှစ်ပင်
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး

အရွက်လိုက်ဖဲ့ပြီး ရေဆေးထားသျောဘဘီမုန့်ညှင်း

ပွက်ပွက်ဆူနေသောရေနွေးနှင့် တမိနစ်လောက် စိမ်ထားပေးပါ

ရေနွေးထဲမှဆယ်ကာ ရေအေးနှင့်ပြန်စိမ်ပေးပြီး ရေစစ်ထားသောမုန့်ညှင်းရွက်

ဆီပူပူမှာကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပြီးမှ
မုန့်ညှင်းရွက် ဆား ဟင်းချိုမှုန့် ခရုဆီတို့ကိုထဲ့ကြော်ပေးပါ

တစ်မိနစ်ခွဲလောက်ကြော်ပေးပြီးရင်ရပါပြီ

ခရုဆီမွှေးမွှေးလေးနှင့် ဘေဘီမုန့်ညှင်းကြော် ချိုချိုလေးရပါပြီ

4 comments:

  1. မုန်ညှင်းကြော်စိမ်းစိမ်းလေးက စားချင်စရာ..
    အစ်မ.. ခရုဆီက ဘယ်လို ပိုကောင်းတာလဲ မသိဘူး..
    သူ့ကို ထည့်ရင် ပဲငံပြာရည် အကြည် ထည့်ဖို့ မလိုဘူးပေါ့နော်..
    သူ့မှာ အငံဓာတ် ပါပြီးသားမှတ်လားဟင်..

    ReplyDelete
    Replies
    1. ခရုဆီထဲ့တော့မွှေးမွှေးလေးစားရတာပေါ့နော် ဟုတ်တယ် ညီမလေးရေ ငံပြာရည်အကြည်မထဲ့လဲရပါတယ်

      Delete
  2. မုန်ညှင်းဆိုရင်ဘယ်လိုလာလာ ကြိုက်ပါ့မာမာရေး)
    အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ
      မုန့်ညှင်းလေးအားပေးသွားလို့ကျေးဇူးပါနော်

      လေးစားခင်မင်စွာနဲ့
      မာမာ

      Delete