Wednesday 7 November 2012

Butter Cake

Butter Cake


မာမာ ဒီနေ့ သမီးလေးနဲ့အတူတူ butter Cake လေးဖုတ်ပါတယ် စိတ်ထဲမှာ စားချင်စိတ်လေးရှိတာနဲ့ မြန်မြန်လေးဘဲပြင်ဆင်ပြီး ဖုတ်ထားတာပါ အားလုံးလိုလို သမီးဘဲပြင်ဆင်ပြီး လုပ်သွားပါတယ် မာမာကအကူပေါ့နော်။

မုန့်လေးတွေဖုတ်ရတာအရမ်းလွယ်ပြီး စားရတာလဲ အရမ်းအရမ်းကောင်းလို့ မျှဝေပေးချင်ပါတယ်
မုန့်မဖုတ်ခင် ပြင်ဆင်နေတုန်း Oven ကို နာရီဝက်လောက် ကြိုဖွင့်ထားမှ မုန့်သားလှလှလေးတွေရပါမယ် နောက်ပြီးဒီမုန့်လေးက စက်ဖျော်မဟုတ်ဘဲ လက်ဖျော်လေးမို့ ကတိကထလဲ မများလှပါဘူး မုန့်သားစပ်ပြီး လက်နဲ့ဖျော်ပြီး  မွှေပေးရုံလေးမို့ ကဗျာလဲအရမ်းဆန်ပါတယ် မွှေနေရင်းက မုန့်သားလေးတွေ တက်တာကြည့်ပြီး  ပိုပြီးစိတ်ဝင်စရာလဲ ကောင်းပါတယ်။

ဝါသနာပါလို့ Butter Cake လေး ဖုတ်ကြည့်မယ်ဆိုရင်တော့
ပါဝင်ပစ္စည်းလေးတွေကိုပြင်ပါမယ်
  • 2 cups self raising flour   
  • 2 eggs
  • 125 g butter
  • 2/3 cup milk
  • 1 tsp vanilla essence
  •  3/4 cup caster sugar
  • 3 tsp Raspberry  

အားလုံးကိုရောပြီးဝါးယောင်းမလေးနှင့်ငါးမိနစ်လောက်မွှေပေးပါ
နှစ်သက်သလိုလေးတွေဲ့ပြီးဖုတ်နိုင်ပါတယ်
မုန့်ဖုတ်မည့်ခွက်ကိုဆီဖြန်းပြီးမှမုန့်နှစ်ကိုထဲ့ပေးပါမယ်
တစ်ရာ့ငါးဆယ်ဒီဂရီနှင့်ဖွင်းထားသောoven တွင် မာဖင်ခွက်လေးများ
ကို၂၅မိနစ် ဖုတ်ပေးပြီးloaf pan ကိုမိနစ်၄၀ဖုတ်ပေးပါတယ်
နှစ်ဆယ့်ငါးမိနစ်ပြည့်လျှင်ထုတ်ပေးနိုင်ပါပြီ
မိနစ်၄၀ -၄၅မိနစ်ပြည့်လျှင်ရပါပြီ
ကိတ်လှလှလေးများရပါပြီ
ရက်စ်ဘယ်ရီယို သုတ်ထားတဲ့ကိတ်လေးပါ
Butter Cake မွှေးမွှေးလေးပါ
စားချင့်စဖွယ် Butter Cake လေးများရပါပြီ

12 comments:

  1. Butter Cake ကလေး တဝ စားသွားပါတယ်..
    မနေ့ညနေကတည်းက မျှော်နေတာ.. မနက်ထလာတော့မှ ကိတ်မုန့်ကလေးတွေကို breakfast အနေနဲ့ စားလိုက်ပါတယ်.. ^_^

    ReplyDelete
    Replies
    1. စားနော် ညီမလေး

      Delete
  2. ဒီနေ့စမ်းလိုက်မယ် မမမာ

    ReplyDelete
    Replies
    1. လွယ်တယ် စုရဲ့ လုပ်ကြည့်နော်

      Delete
  3. Butter Cake လေးတွေက ဆွဲဆောင်နေတယ်
    စားချင်စရာကြီး မမမာရေး)
    မုန့်တွေတော့ မလုပ်တတ်ဘူး
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. လွယ်တယ် ညီမလေးရဲ့ မုန့်သားစပ်ချိန်ကခနလေးဘဲကြာတာ
      အားရင်လုပ်စားကြည့်နော်

      Delete
  4. ပွစေတဲ့အရာဘာမှမထည့်ရဘူးလားဟင်။ မာမာသုံးတဲ့ခွက်ရဲ့ Size ကိုပြောပြပါလားဟင်။ ဒါမှမာမာလုပ်တဲ့အချိုးအစားအတိုင်းရအောင်လို့ပါ။ Self rising flour က All purpose flour ကိုပြောတာလားဟင်။ မေးတာတွေများသွားလို့စိတ်မရှိပါနဲ့နော်။ တကယ်ကိုမြင်ပြီး လုပ်စားချင်လို့ပါ။

    ReplyDelete
    Replies
    1. Theingi ရေ မာမာ သုံးတဲ့ခွက်ရဲ့ size ကအလျား၁၀လက္မအနံ၅လက္မခွဲရှိပါတယ် မာဖင်ခွက်ကတော့ အလျား၁၁လက္မ အနံ၇လက္မခွဲရှိပါတယ် မာမာစပ်တဲ့အချိုးအတိုင်းဆိုရင်မာဖင်၆ခွက်နဲ့ကိတ်တစ်လုံးရပါတယ် ကိတ်မုန့်ကြီးကြီးလိုချင်ရင်တော့ မာဖင်ခွက်နဲ့ခွဲမဖုတ်ဘဲ Loaf pan တစ်ခွက်ထဲမှာအကုန်ထဲ့ပြီးဖုတ်လိုက်ပေါ့နော် Self rising flour က ပွဆေးပါပြီးသားမို့ သူကကိတ်မုန့်ဖုတ်လို့အကောင်းဆုံးပါဘဲ ။
      စိတ်မဆိုးပါဘူး သိင်္ဂီ ရေ ဒီလိုမေးမှဘဲကိုယ်စားချင်တာလေးတွေစားလို့ရမှာလေ ဆိုင်မှာဝယ်စားတာထက်တန်လဲတန်တယ် များများလဲစားရတာပေါ့နော် ..

      Delete
  5. MA MA ..Can i use brown sugar ? cake tar ka take ma pwa bu ..nal nal kyit kit lay phit nay tal. why ?:(

    ReplyDelete
    Replies
    1. Caster sugar ဘဲသုံးပါ JUNE ရေ..သူကမှပိုပြီးအဆင်ပြေမှာမို့ပါ

      Delete
  6. Ma Ma yae.! lote lo ya toar pi..( nal nal toung po pwa toar tal..) :D thank u naw..

    ReplyDelete
  7. စလုပ်ခါစမို့ပါ ညီမလေးရေ
    နောက်ဆိုလက်ယဉ်သွားရင် အကုန်အဆင်ပြေသွားမှာပါ

    ReplyDelete