Wednesday, 29 January 2025

ကပ်ကတစ် ငါးဆားနယ်ဟင်း

 




မာမာဒီနေ့တော့ ကပ် ကတစ်ငါးလေးတွေ ဝယ်လာပြီး ငါးဆားနယ်လေးလုပ်ကာ အချဉ်ဆီလည်ရေလည်ဟင်းလေး ချက်ဖြစ်ပါတယ်။
ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဆားနယ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ် ကတစ်ငါး - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း (ငါးဆားနယ်လုပ်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ဟင်းချက်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ဆားများများနှင့် နယ်ပေးကာ လေလုံရေလုံသော အိတ်ထဲမှာ ထည့်ပေးကာ တစ်ညသိပ် ထားထားပေးပါ
  • နောက်နေ့ ဟင်းမချက်ခင် ငါးမှာကပ်နေသော ဆားများကုန်သွားအောင် ရေ လေးငါးထပ်လောက် ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေကာ ရေဆေးထားပါ။
ဟ‌င်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်း အုပ်ပေးပါ
  • ကပ် ကတစ်ငါး ငါးဆားနယ် ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 28 January 2025

ကြက်သားဟင်း





မာမာဒီနေ့တော့ အုန်းထမင်းနဲ့ စားဖို့အတွက် ကြက်ရင်ပုံသားကို ဒိန်ချဉ်နဲ့ နှပ်ထားပြီး ချက်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး အုန်းထမင်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 600 g 
  2. ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ကရဝေးရွက် - သုံးရွက်
  12. သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
  13. လေးညှင်း - သုံးပွင့်
  14. ဖာလာစေ့ - နှစ်စေ့
  15. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ကရဝေးရွက် ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက်တို့ကို ပြင်ထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးတို့ကို ကြက်သားထဲထည့်ကာ အရသာ၀င်အောင် နယ်ထားပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် နှပ်ထားပါ။

ပြင်ဆင်ပုံ
  • ကြက်သားချက်ရန် ဇောက်နက်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သားအိုးကိ်ု မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် လုံးချက်ချက်ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ လှုပ်လှုပ်ပေးပါ
  • ရေမခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ကြက်သားအရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို အုန်းထမင်း ပူပူလေးနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Monday, 27 January 2025

Boondi Laddu(လဒူမုန့်)

 



မာမာ ဒီနေ့တော့ အိန္ဒိယ ရိုးရာအစားအစာ တစ်ခုဖြစ်ပြီးမုန့်အချို တမျိုးဖြစ်တဲ့ Boondi Laddu(လဒူမုန့်) စားချင်တာနဲ့ အပင်ပန်းခံပြီး လုပ်ဖြစ်ပါတယ်။


ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • သီဟိုလ်စေ့ - အနည်းငယ်
  • ပဲအစိမ်းမှုန့် - 300 g
  • ရေ - လိုသလောက် သုံးပေးပါ
  • Food Colour အဝါရောင် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဖာလာစေ့ - ဆယ်စေ့ခန့်
  • သကြား - ထမင်းစားဇွန်း ငါးဇွန်း
  • ရေ - လိုသလောက် သုံးပေးပါ
  • ဇွန်း - တစ်ချောင်း
  • အပေါက်ပါသော ဇကာ - တစ်ခု
  • ဆီစစ်ဇကာ - တစ်ခု
  • ဆီ - လိုသလောက် သုံးပေးပါ


ပြင်ဆင်ပြုလုပ်ပုံ

  • ဇလုံတစ်လုံးထဲမှာ ပဲအစိမ်းမှုန့်နှင်ကို့ ရေတို့ထည့်ပေးကာ သမအောင် မွှေပေးပါရေ
  • အပျစ်အကျဲကို မိမိစိတ်ကြိုက် အနေအထား ရလာအောင် နည်းနည်းချင်း ထည့်မွှေပေးပါ
  • မာမာကတော့ မုန့်ရည်ကို ခပ်ပျစ်ပျစ်လေး ဖျော်ပေးပါတယ်
  • မုန့်ရည်ဖျော်ထားတာ စိတ်ကြိုက် အနေအထား ရလာပါက food colour အဝါရောင်ကို ထည့်ပြီးမွှေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မိမိနှစ်သက်ရာ အရောင်ကို ဇွန်းနှင့်ခပ်ပြီး အပေါက်ပါသော ဇကာထဲကို ဆီအိုးအပေါ်မှာ မြှောက်ကိုင်ကာ မုန့်နှစ်ကို ဖြန့်ပြီး ဖြေးဖြေးချင်း လောင်းချပေးပါ
  • မုန့်စလေးတွေ မွလာတာနဲ့ အောက်ချေမကပ်အောင် မွှေပေးပါ
  • ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ဇကာထဲ ထည့်ကာ ဆီစစ်ထားပါ
  • အိုးထဲမှာ ဆီနည်းသွားပါက ဆီထပ်ထည့်ပြီး ဆီပူလာပါက နောက်ထပ်ကျန်နေသော မုန့်နှစ်များကိုလဲ အထက်ပါ နည်းအတိုင်း ဆက်ကြော်ပေးကာ ဆီစစ်ထားပါ
  • ဖာလာစေ့များကို ညက်နေအောင် ထောင်းပေးပါ
  • သီဟိုလ်စေ့များကို မညက်တညက် အနေအထား ရလာအောင် ထောင်းထားပါ
  • သကြားကို ရေတစ်ခွက် ထည့်ပြီး ပြစ်နေအောင် ကျိုပေးပါ
  • သကြားအရည် ပျော်သွားတာနဲ့ သီဟိုလ်စေ့ ဖာလာစေ့နှင့် နောက်ထပ်ရေတစ်ခွက် ထပ်ထည့်ကာ ကျိုပေးပါ
  • သကြားများ အရည်ပျော်သွားတာနဲ့ မုန့်ကြော်စလေးများ အားလုံးကို သကြားရည်အိုးထဲ ထည့်ပေးကာ သမအောင် နှစ်မိနစ်လောက် မွှေပေးပါ
  • မုန့်သားအိပြီး သကြားရည်များ ခမ်းလာပါက မီးပိတ်ပြီး ၁၅ မိနစ်ခန့် အဖုံးအုပ်ကာ နှပ်ထားပါပြီ
  • ပြီးတာနဲ့ ခပ်နွေးနွေး အနေအထားလောက် ရလာပါက အလုံးလေးများ ရလာအောင် လုံးပေးပါ
  • သီဟိုလ်စေ့ လဒူမုန့်လေးတွေ ရလာတာနဲ့ စားသုံးရန် ရပါပြီ။

Sunday, 26 January 2025

ကန်စွန်းရွက် ချဉ်ရည်ဟင်း

 









ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောပြီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  3. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းရိုးကို ထက်ဝက်ခြမ်းကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါး လှီးထားပါ
  • ကြ‌က်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းရွက်များ ခရမ်းချဉ်သီးများ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Saturday, 25 January 2025

ပိန်းရိုးဟင်းခါး

 












စိတ်ထဲမှာ ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ပုဇွန်အကောင်လေးတွေကို အခွံခွာကာ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။

မာမာ အိမ်မှာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းရိုးလေးတွေခူးကာ ချက်ထားတဲ့အတွက် သောက်ရတာ ပိုပြီးချိုတယ်လို့ ထင်မိပါတယ်။

အခုချက်တဲ့ ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ။

ဒါကြောင့်မို့လို့ ဒီတစ်ခါမှာလဲ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းရိုး - ခပ်သေးသေး အချောင်းနှစ်ဆယ်ခန့်
  2. ပုဇွန်အကောင်သေး - ၁၅ ကောင်ခန့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဟင်းအိုးထဲထည့်ရန်)
  4. ဆား - ထမင်းစားဇွန်း တစ်‌ဇွန်း (ပိန်းရိုးဆေးရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ

ပြင်ဆင်ပုံ
  • ပိန်းရိုးများကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ဇလုံထဲမှာ ဆားနှင့် ပိန်းရိုးများကို အိပြီးပျော့လာတဲ့အထိ နယ်ပေးပါ
  • ပိန်းရိုးထဲမှ အရည်များ ထွက်လာပါက ရေသန့်သန့်နှင့် ဆယ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ပိန်းရိုးအထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပုဇွန်နှင့် ရေအနည်းငယ်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းလာတော့မှ ပိန်းရိုးများ ဆား အရသာမှုန့်နှင့ရေထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ ပိန်းရိုးများ နူးတဲ့အထိ ဆက်တည်ပေးပါ
  • ပိန်းရိုးများ နူးလာတာတဲ့ ဆား အရသာမှုန့်နှင့် ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပေးပါ
  • ဟင်းရည် အပျစ်အကျဲကို မိမိစိတ်ကြိုက် ထည့်ပေးကာ ဟင်းရည်အိုး ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါအရသာ ပြင်ပြီးတာနဲ့ ငါးဖယ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။

Saturday, 18 January 2025

ငါးအသားချဉ်လုပ်နည်း

 







ငါးဖယ်အသားချဥ် လုပ်ပြပါလို့ တောင်းဆိုလာတဲ့ သူတွေအတွက် ငါးအသားချဥ်လေး လုပ်ပြလိုက်ပါတယ်။
မာမာတို့ဆီမှာ ငါးဖယ်ဝယ်ရတာ အဆင်မပြေတဲ့အတွက် အလွယ်တစ်ကူ ဝယ်လို့ရတဲ့ ဘာဆာငါး အသားပြားနဲ့ လုပ်ထားပါတယ်။

ငါးဖယ်လိုဘဲ စားလို့အရမ်းကောင်းတဲ့အတွက် ဒီနေ့တော့ ငါးအသားချဉ်လေး လုပ်ဖြစ်လို့ ပြုလုပ်နည်း အဆင့်ဆင့်ကို မျှဝေလိုက်ပါတယ် အရောင်အတွက် food colour မသုံးထားလို့ ဖြူနေတယ် ထင်ရပေမဲ့ စားရတဲ့ အရသာကတော့ ငါးဖယ်ချဉ် အရသာအတိုင်း ထွက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါးအသားပြား - တစ်ကီလို
  2. ထမင်း - 500 g (မနက် ပုဇွန်ချဉ်လုပ်မယ်ဆို ညထဲက ချက်ထားပါ)
  3. ဆားကြမ်း - 100 g 

ပြင်ဆင်ပုံ
  • ငါးအသားပြားများကို ရေဆေးပြီး‌ ရေစစ်ထားပါ
  • ရေဆေးပြီ ငါးအသားများကို ရေခြောက်သွားအောင် paper towel နှင့် ဖိဖိပြီး သုတ်ပေးပါ
  • ရေခြောက်တာနဲ့ စဥ့်နီတုံး သန့်သန့်ပေါ်မှာ ငါးအသားများကို နုတ်နုတ်စင်းပေးပါ
  • စင်းပြီးတာနဲ့ လက်ကိုသန့်အောင် ရေဆေးပြီး ရေအခြောက်ခံကာ ငါးအသားနှင့်ဆားကို နယ်ပေးပါ
  • ဆားနှင့်နယ်ပြီးတာနဲ့ ထမင်းနှင့် စေးပိုင်နေအောင် နယ်ပေးပါ
  • ထမင်းနှင့် ငါးတို့ကို စေးပိုင်နေအောင် နယ်ပြီးတာနဲ့ ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နှင့် ကျစ်နေအောင် ထုတ်ပြီး သရည်ကွင်းနှင့် အထပ်ထပ် စည်းပေးပြီး အပေါ်ကနေ အလေးတစ်ခုခုနှင့် ဖိပေးထားပါ
  • ငှက်ပျောရွက် မရှိပါက clean warp နှင့် ၅ထပ်လောက် ကျစ်နေအောင် ထုတ်ပေးပါ
  • clean warp မရှိပါက ပလပ်စတစ်အိတ် ထူထူသန့်သန့် အိတ်ထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး အပေါ်မှ ခပ်လေးလေး အရာနှင့် ဖိထားကာ အခန်းအပူချိန်အတိုင်း ထားပေးပါ
  • အလေးနှင့် ဖိထားပြီး တရက်လောက် ရပါက အထဲမှာ အရည်လေး အနည်းငယ် ထွက်လာပါလိမ့်မယ်
  • ပြီးတာနဲ့ ဒုတ်ချွန်ချွန်သေးသေးလေးဖြင့် အပေါက်လေးများ လိုက်ထိုးဖောက်ပေးပါ သွားကြားထိုးတံဆို ပိုကောင်းပါတယ်
  • အပေါက်လေးတွေ ဖောက်ပြီးတာနဲ့ ဇလုံသန့်သန့် တစ်ခုထဲမှာ ထုတ်ထားသော ငါးအသားထုတ်ကိုထည့်ပြီးး အပေါ်မှ အရမ်းလေးသော ပစ္စည်းတစ်ခုခုနှင့် ထပ်မံပြီး ဖိထားပါ
  • ဖိထားစဉ် အရည်များ ထွက်လာပါက သတိထားပြီး တရက်တခါ သွန်သွန်ပေးပါ
  • ရာသီဥတု ပူပါက လေးရက်မှ ငါးရက်အတွင် ချဉ်လာတာနဲ့ ငါးအသားချဉ်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားလို့ရပါပြီ။

Friday, 17 January 2025

ငါးသံပုရာပေါင်း

 











မာမာ ဒီနေ့ ငါးကို နံနံပင် သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီတို့နဲ့ အလှဆင်ကာ တို့နဲ့ ချဉ်ငံစပ် မွှေးမွှေးလေး ပေါင်းထားပါတယ်။

ပေါင်းရတာ လွယ်သလောက် စားလို့အရမ်းကောင်းတဲ့ ငါးပေါင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးအရသာနယ်ရန်
  1. သန့်စင်ပြီးသော ငါးတစ်ကောင် - 400 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ငါးပေါင်းပြီး ဟင်းပွဲပြင်ရန် 
  • ပါးပါးရိတ်ရိတ် လှီးထားသော ဂေါ်ဖီ - အနည်းငယ်
  • လက်တစ်ခန့် လှီးထားသော နံနံပင် - သုံးပင်ခန့်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
  • ပါးပါးလှီးထားသော သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ငါးတစ်ကောင်လုံး ထည့်လို့ အဆင်ပြေမည့် ဗန်းကိုခင်းပြီး အရသာများ နယ်ထားသော ငါးကိုအကောင်လိုက် တင်လိုက်ပါ
  • ငါးထည့်ထားသော ဗန်းဆန့်ဝင်လောက်မည့် အောက်ခံအိုးထဲကို ရေ တစ်ဝက်လောက် ထည့်ကာ ခုံလေး ထည့်ပေးပါ
  • ထိုခုံလေး အပေါ်မှာ ငါးထည့်ထားသော ဗန်းကိုတင်ကာ အိုးအဖုံး အုပ်ပေးပါ
  • မီးကို အနေတော်လောက်နှင့် ငါးကျက်သွားအောင် ဆယ့်ငါးမိနစ်ခန့် ပေါင်းပေးပါ
  • ငါးကျက်သွားတာနဲ့ မီးပိတ်ပေးပါ
ငါးသံပုရာ ဟင်းပွဲပြင်ဆင်ပုံ
  • ငါးပေါင်းထည့်မည့် ပန်းကန်ထဲမှာ လှီးထားသော ဂေါ်ဖီကို အရင်ဆုံး ဖြန့်ခင်းပေးပါ
  • ထိုအပေါ်ကမှ နံနံပင်ကို ဖြန့်ထည့်ပေးကာ ငါးပေါင်းပြီးသားကို ထိုအပေါ်မှာ တင်ပေးပါ
  • ငါးအပေါ်မှာ သံပုရာကွင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မိမိနှစ်သက်လို ပြင်ကာ တင်ပေးပါ
  • ထိုအပေါ်ကနေမှ ငါးပေါင်းစဉ်က ထွက်လာသော ငါးပေါင်းရည်ကို ဆမ်းပေးကာ သုံးဆောင်နိူင်ပါပြီ။

Thursday, 16 January 2025

ငါးကြီးချဉ်လုပ်နည်း

 










မာမာ ကျန်ခဲ့တဲ့ တစ်ပါတ်က ဘာဆာငါး တစ်ကီလို ဝယ်လာပြီး ငါးကြီးချဉ် ချဥ်စပ်လေး ချက်စားချင်လို့ ငါးကြီးချဥ်လေး လုပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေတဲ့ ငါးကြီးချဉ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါး - တစ်ကီလို
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ခပ်မာမာလေး ချက်ထားပါ)
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခွဲခန့်
  4. ဇလုံ - တစ်လုံး

ပြင်ဆင်ပုံ
  • ငါးကို အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ရေဆေးပြီး ရေစစ်သွားအောင် ငါးများ အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  • ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  • ဆားကြမ်းကို ပြင်ထားပါ
  • ငါးများ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့  သန့်ပြန့်နေသာ ဇလုံ သို့မဟုတ် ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပေးပါ
  • ပုလင်းထဲမှာ ထည့်ပါက ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
  • ဇလုံထဲမှာ ထည့်ထားပါက ဇလုံကို ပလပ်စတစ်အိတ်နှင် လေလုံအောင် ပိတ်ပေးပါ
  • ပထမ တစ်ရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
  • ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
  • ထွက်လာသော အရည်များကို ပုလင်း သို့မဟုတ် ဇလုံကိုစောင်းပြီး သွန်သွန်ပေးပါ
  • တတိယ နေ့မှာတော့ ငါးကြီးချဉ်နံ့ အနည်းငယ် ရလာပါလိမ့်မည်စ
  • တုထ္ထနေ့မှာတော့ ငါးကြီးချဉ်ထဲမှ ထွက်လာသော အရည်များကို ထပ်ပြီးသွန်ပြစ်ပေးပါ
  • ငါးရက်မြောက် နေ့မှာတော့ မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိူင်ရန် ငါးကြီးချဉ် ရပါပြီ
  • ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ငါးကြီးချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  • အသုံးပြုသော ငါးတုံးရဲ့ အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်
  • ငါးတုံး သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ငါးတုံးကြီးပါက ချဉ်သည့်ချိန် အနည်းငယ် ကြာနိူင်ပါတယ်
  • ငါးကြီးချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး ချက်မစားဖြစ်သေးပါက ငါးကြီးချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဇလုံကို အဖုံး ဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိူင်ပါတယ်
  • ချက်ချင်း ချက်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ညက်နေအောင်ထောင်းကာ ဆီသတ်ပေးပြီး  ချက်ပေးနိူင်ပါတယ်။

Tuesday, 14 January 2025

ဗောက်လောက်ရွက်သုပ်

 








မာမာ ဒီနေ့တော့ မာမာ့အိမ်မှာ အလေ့ကျ ပေါက်နေတဲ့ ဗောက်လောက်ရွက်လေးတွေခူးပြီး  ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဗောက်လောက်ရွက် - 
  2. အာလူး -
  3. မြေပဲလှော် - 
  4. ကြက်သွန်နီ - 
  5. ငရုတ်သီးစိမ်း - 
  6. ငရုတ်သီး အလှော်မှုန့် -
  7. ပဲအကျက်မှုန့် - 
  8. ငါးငံပြာရည် - 
  9. ကြက်သွန်ဖြူ ဆီချက် အဖတ် - 
  10. ကြက်သွန်နီ ဆီချက် -  
  11. အရသာမှုန့် - 
  12. သံပုရာသီး - 
  13. ပုဇွန်ခြောက်မှုန့် -

ပြင်ဆင်ပုံ
  • ဗောက်လောက်ရွက်ရဲ့ အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဗောက်လောက်ရွက်ကို ထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေ‌နွေးများ သွန်ပေးပါ
  • ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ဗောက်လောက်ရွက်များ အာလူး ကြက်သွန်နီ ငရုတ်သီးစိမ်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် မြေပဲထောင်း ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။