Wednesday 6 April 2022

မုံလာဥနီဖျော်ရည်

 


ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ကျစေမဲ့ မုံလာဥနီ ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် မာမာကတော့ ခပ်ပျစ်ပျစ်ကြီး သောက်ရမှာ သိပ်မကြိုက်တဲ့အတွက် ခပ်ကျဲကျဲလေး ဖျော်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ - အနေတော် နှစ်ဥ
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. သံပုရာသီး - အနေတော် တစ်ခြမ်း
  4. ချင်းတက် - လက်မဝက်ခန့်
  5. ရေခဲတုန်း - မိမိနှစ်သက်သလောက်
  6. ရေ - ပုံမှန်ဖန်ခွက် တစ်လုံးခွဲစာ
ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ ပိုင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘလင်ဒါထဲမှာ ရေခဲမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ပြီးတာနဲ့ ဖန်ခွက်ထဲထည့်ကာ ရေခဲတုန်းလေးများ မိမိနှစ်သက်သလောက် ထည့်ပေးပြီး သောက်သုံးနိူင်ပါပြီ။

No comments:

Post a Comment