Tuesday 6 October 2020

အာလူးထောင်းကြော် စိမ့်စိမ့်လေး


ဒီနေ့တော့ အာလူးထောင်းကြော်လေး လုပ်စားဖြစ်လို့ ကြော်စားချင်တဲ့စိတ် ရှိလာတဲ့အခါ ကြော်စားနိူင်ဖို့ရာအတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ အာလူးထောင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 200 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆီ - လိုသလောက်
  7. မကပ်သော ဒယ်အိုးပြား - တစ်လုံး

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခရိုဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူး မနူးကို ဓါးဦးချွန်လေးနှင့် ထိုးကြည့်ပေးပါ
  • နူးသွားပါက အာလူးပြုပ်ကို အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးများ ကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက လက်တစ်ဆုတ်စာယူပြီး လက်ဝါးနှစ်ဖက်နှင့် ညှစ်ညှစ်ပြီး ဆုတ်လုံးပေးပါ
  • အရင်ဆုံး အာလူးများကို အလုံးလေးတွေ ရလာအောင် လုံးပေးထားပါ
  • အားလုံးကို ဆုတ်လုံးပေးပြီးပါက ဒယ်အိုးထဲကို အိုးရဲ့သုံးပုံနှစ်ပုံလောက်ထိ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအလယ်လောက်ထိ လျှော့ပေးပါ
  • ပြီးတာနဲ့ အာလူးလုံးကိုယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး မထူမပါးလေး ရလာအောင် ဖိပြားပေးပါ
  • မထူမပါး အနေအထားလေး ရလာတာနဲ့ အာလူးလုံးများကို အိုးဆန့်သလောက် တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးထောင်းကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ္်သွားပါက အာလူးထောင်းကြော်လေးများကို မော်လမြိုင်အချဉ်လေးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment