Saturday 11 July 2020

ကြက်သား ငှက်ပျောဖူးဟင်းထုတ်




ဒီနေ့တော့ ငှက်ပျောဖူးနဲ့ ကြက်သားဟင်းထုတ်လေး ထုတ်ပြီးစားပါတယ် စားလို့အရမ်းကောင်းပြီး ဟင်းထုတ်တစ်ထုတ်ဆို တစ်ထုတ်လောက်နဲ့ တင်းတိမ်ရောင့်ရဲတဲ့အထိ ကောင်းလွန်းပါတယ်။

ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ဟင်းထုတ်လေးတွေ လုပ်စားရတာလဲ ခံတွင်းလိုက်စေတာပါတယ် အရသာ အကုန်ပါတဲ့အတွက် စားလို့အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်သားငှက်ပျောဖူးပေါင်း ဟင်းထုတ် ထုတ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

ငှက်ပျောဖူးအနု - 400 g
ဆန်မှုန့် - 100 g
ကောက်ညှင်းမှုန့် - 25 g
ကြက်သား - 150 g
ရေ - 150 ml
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ချင်း - လက်တစ်ဆစ် သာသာ
ကြက်သွန်ုဖြူ - အမွှာကြီးကြီး သုံးမွှာ
ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရသာစပ်ရန်)
ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောရွက်ကို သုတ်ရန်)
နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
ကြက်သွန်ဖြူ ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
ဆားကြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
သံပုရာရည် - ထမင်းစားဇွန်းသုံးဇွန်း (ငှက်ပျောဖူးဆေးရန်)
ပြင်ဆင်ပုံ
အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
ဟင်းထုတ် ထုတ်ကာနီးပါက ဖက်ရွက်ကို သန့်သွားအောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
ပြင်ဆင်ပုံ

ငှက်ပျောဖူးကို မထူမပါးလေးတွေ လှီးပေးပြီး ဆားနှင့် သံပုရာရည်တို့ထည့်ကာ ခပ်နာနာ နယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
ကြက်သားကို ရေဆေးကာ အသားတုံးလေးတွေ တုံးထားပါ
ကြက်သွန်မိတ်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ကို ထဲ့ပေးပြီး ရေနှင့်ပျော်သွားအောင် ဖျော်ထားပါ
ဆန်မှုန့်များ ပျော်သွားတာနဲ့ နှစ်နာရီခန့် နှပ်ထားပေးပါ
ဆန်နှစ်နှပ်ထားချိန် ပြည့်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
အရသာ သမအောင် နယ်ပြီးတာနဲ့ သန့်စင်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ပေးပါ
ထိုငှက်ပျောရွက်ထဲမှာ အရသာ နယ်ထားသော ငှက်ပျောဖူး မုန့်နှစ်ကို ထမင်းစားဇွန်း သုံးဇွန်းလောက် ထဲ့ပေးပါ
ထိုအပေါ်မှ ကြက်သားအသားတုံး နှစ်တုံးကို တင်ပေးပါ
ကြက်သားအပေါ်မှ ဆန်နှစ် ထမင်းစားဇွန်း တစ်ဇွန်းကို အုပ်ပြီးတင်ပေးပါ
ပြီးတာနဲ့ ငှက်ပျောရွက်ကို အထဲမှ ဆန်နှစ်များ မထွက်အောင် လုံနေအောင် ထုတ်ပေးပါ
အထုတ်ခပ်ကြီးကြီး သုံးထုတ်စာ ရအောင်ထုတ်ပြီး ပေါင်းခံဇကာထဲမှာ အထုတ်များကို မှောက်ပြီး  ထည့်ပေးပါ
ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပေါင်းခံခုံ အပေါ်မှာ ပေါင်းခံဇကာကို တင်ပေးပါ
ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ ပေါင်းမည့်ခလုတ် steam ခလုတ်ကို နှိပ်ပေးကာ မိနစ်နှစ်ဆယ် နှိပ်ပေးပါ
ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးအဖုံးကို မဖွင့်ခင် အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အဖုံးကို ဖွင့်ပေးပါ
အိုးအပြင် ထုတ်ပေးပြီးတာနဲ့ ကြက်သားငှက်ပျောဖူးဟင်းပေါင်း မွှေးမွှေးလေး ရပါပြီ
အစပ်စားသူတို့အတွက် ငရုတ်သီးကြော်နှင့် ပြင်ပေးပါ
အစပ်မစားပါက ကြက်သွန်ဖြူ ဆီချက်နှင့် ပြင်ပေးပါ
ဟင်းထုတ်ပူပူလေးကို  နံနံပင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment