Monday 13 July 2020

မန်ကျည်းသီးစိမ်းထောင်း











 


ဒီနေ့တော့ မန်ကျည်းသီးစိမ်းလေးတွေကို ချဉ်ငံစပ်လေး ထောင်းပါတယ် အရင်ထောင်းနေကျ ပုံစံအတိုင်း ပုဇွန်ခြောက် ပုဇွန်အစိုတွေနဲ့ မထောင်းဘဲ ငါးခူပြုပ်နဲ့ ထောင်းပါတယ် စားလို့ပိုကောင်းတဲ့အတွက် မာမာထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ဆယ်တောင့်
  2. ငရုတ်သီးစိမ်း  - မိမိနှစ်သက်သလောက်
  3. ငါးခူ - အကောင်ကြီးကြီး နှစ်ကောင်
  4. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာ
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ဆားကြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးခူဆေးရန်)

ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်းကို အပေါ်ယံ အခွံမှာ ကပ်နေသော အညိုရောင်အမှုန့်များကို ခြစ်ပေးပါ
  • ပြီးတာနဲ့ မန်ကျည်းသီးမှ အစေ့နှင့် အကြောများထုတ်၍ ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့် ပွတ်တိုက်ကာ ရေစင်အောင် ဆေးပေးထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ငံပြာရည် ငါးခူနှင့် ငါးခူကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးပြုပ်ထားသော ရေခမ်းတာနဲ့ အအေးခံပေးကာ အရိုးအသား သတ်သတ်စီ ထွင်ထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အလှော်မှုန့်နှင့် ဆီတို့ကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ မန်ကျည်းသီးစိမ်း ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
  • ပြီးတာနဲ့ အချိုမှုန့် အသားထွင်ထားသော ငါးခူပြုပ်များနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ထည့်ထောင်းပေးပါ
  • အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးပါ
  • ငါးခူပြုပ်ထဲမှာ အငံအရသာ ပါတဲ့အတွက်အရမ်းအငံ မစားပါက အငံထပ်ထည့်ရန် မလိုပါ
  • မန်ကျည်းသီးစိမ်းထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
  • ထမင်း မြိန်မြိန် သုံးဆောင်နိူင်မဲ့ ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း ချဉ်ငံစပ်လေးကို ရပါပြီ။

No comments:

Post a Comment