Wednesday 18 February 2015

ကြက်သားပြားကြော်


ခပ်မွမွ ခပ်ရွရွလေးမို့ စားပြီးရင်း ထပ်စားချင်အောင် ဖြစ်မဲ့အကြော်လေးပါ ထမင်းပူပူလေးနဲ့လိုက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ် ကြော်ရတာလဲလွယ်တာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ကြက်သားပြားကြော်လေး ကြော်ဖို့အတွက် ပါဝင်တာလေးတွေ ပြောပါမယ်

  • ကြက်ရင်ပုံသား - 200g
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ခပ်ပါးပါး အချပ်လေးတွေလှီးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားပြားကို တပြားချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားပြားကို ထည့်ကြော်ပေးပါ
  • ကြက်သားပြား တခုလုံး ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ








5 comments:

  1. ကြက်သားပြားကြော် ကြွပ်ကြွပ်လေးအားပေးရင်း လွတ်သွားတဲ့ပို့စ်လေးတွေဆက်အားပေးအုံးမယ် မာမာရေ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ ကျေးဇူးတင်ပါတယ်နော်

      Delete
  2. အစ်မရေ .... ငါးပိချက်ရော၊ ဟင်းခါးရော၊ အကြော်တွေရော အားလုံးကို အားပေးသွားပါတယ်နော် .... ^___^

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီမလေးရေ

      Delete
  3. ကျေးဇူးတင်ပါတယ် ညီမလေးရေ

    ReplyDelete