Wednesday 18 February 2015

ပေါင်မုန့်ခြောက်အမှုန့်ကပ် ငါးကြော်






ဒီနေ့တော့ ဘာဆာငါးကို ပေါင်မုန့်အမှုန့်ခြောက်ကပ်ပြီး ကြော်ထားပါတယ် ငါးကြီးဘဲ သက်သက် စားရမဲ့အရသာကို အရသာလေး တမျိုးပြောင်းပြီး ကြော်လိုက်တာပါ။

ငါးထဲထည့်ထားတဲ့ အရသာအမှုန့်တွေကြောင့် အရသာကတော့ မွှေးမွှေးလေးမို့ ကြော်စားချင်ရင် ကြော်စားနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 250 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. Lemon Pepper - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  5. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတ၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. Panko bread crumbs - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်

ပြင်ဆင်ပုံ

  1. ဘာဆာငါးကို ရေဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါေ
  2. ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  3. အရသာနယ်ပြီးပါက Panko bread crumbs မှုန့်နဲ့ ငါးမျက်နှာပြင် ၂ဖက်လုံးကို ဖြူးပြီး ခပ်ဖွဖွ လူးပေးပါ
  4. အောက်ချေမကပ်သော ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  5. ဆီပူလာပါက မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ငါးကိုထည့်ကြော်ပေးပါ
  6. ကြော်နေစဉ် တဖက်က ရွှေဝါရောင် သန်းလာရင် နောက်တဖက်ကို လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  7. ဆီစစ်သွားပါက ငါးကြော်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment