မာမာ တနေ့က အချိုတည်းဖို့ လုပ်ဖြစ်တဲ့ရွှေကြည်ဆနွင်းမကင်းလေးပါ စားလို့ကောင်းလို့မျှဝေလိုက်တာပါ ပြင်ဆင်ရတာလည်း အရမ်းလွယ်ပါတယ်။
မုန့်သားစပ်တဲ့ အချိုးအစားကလဲ လွယ်ကူမြန်ဆန်ပါတယ် oven မလိုဘဲ မိုက်ခရိုဝေ့ ရှိရုံနဲ့ အလွယ်တကူရနိုင်တဲ့ မုန့်လေးပါ။
ပါဝင်ပစ္စည်းများ
- ရွှေကြည်မှုန့်(semolina powder) - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
- ပြေင်းကော်မှုန့် (Cornflour ) - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်
- အုန်းနို့- ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်ခွဲ
- ရေ - မင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
- ကြက်ဥ - နှစ်လုံး
- သကြားအညို (Brown sugar) - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်းခွဲ
- ထောပတ် - 70 g
- ဘိန်းစေ့ (Poppy seeds) - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ရွှေကြည်မှုန့်ကို အညိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့် လှော်ပေးပြီး အအေးခံထားပေးပါ
- ထောပတ်ကို ပျော်သွားအောင် မီးအနေတော်နဲ့အပူပေးထားပါ
- အိုးတလုံးထဲမှာ အုန်းနို့ ရေ ဆား ခလောက်ထားသောကြက်ဥ သကြား cornflourတို့ကိုရောပြီမီးအနေတော်နှင့်ကျိုပေးပါ
- ရေခမ်းပြီး ထောပတ်ဆီ ပြန်ထွက်လာတဲ့ထိ စိတ်ရှည်ရှည် မွှေပေးပါ
- ထောပတ်ဆီ ထွက်လာပြီး မုန့်သားညက်လာပါက မုန့်ဖုတ်သည့် ဘန်းထဲသို့ပြောင်းထဲ့ပြီး မိုက်ခရိုဝေ့မီးဖိုထဲသို့ ထဲ့ကာ တစ်မိနစ်စီ ၆ခါလောက် အပူပေးပြီးရင် ရွှေကြည်ဆနွင်းမကင်း ရပါပြီ
- ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သလို လှီးပေးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ကော်ဖီသောက်ရင်း ကြည့်လိုက်မိတော့ အတော်ပဲ ဖြစ်သွားတယ် မမမာရေ..
ReplyDeleteအားပေးသွားပါတယ် မမမာ
မိုးစက်ဝိုင်
ကျေးဇူးပါမိုးစက်ဝိုင်ရေ
ReplyDeletesis..hope you can add photos of the processing..
ReplyDeletei tried today but it did not work out well...:(
မမာရေ ရွှေကြည်မှုန့်ကို E လို ဘယ်လိုခေါ်လဲ...
ReplyDeleteSemolina Powder လို့ ခေါ်တယ် နော်
DeleteSemolina powder လို့ခေါ်တယ်နော်
Delete