မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။
ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတစ်မယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေစိမ်ပြီး မညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခွဲစာ
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ပါးပါးလှီးထားသော ကြက်သွန်နီ - ကြီးကြီး တစ်လုံး
- အနေတော် စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ
ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
- ဆီပူလာပါက ကြက်သွန်နီကို ပျော့သွားတဲ့ထိ ကြော်ပေးပါ။
- ကြက်သွန်နီပျော့သွားပြီ မွှေးလာပါက ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိ ထည့်ကြော်ပေးပါ။
- ငရုတ်သီးမှုန့်အနံ့လေး မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက်မွှေပေးပါ။
- ပြီးတာနဲ့ ငံပြာရည်ထဲ့ပြီး မွှေပေးပါ။
- ငံပြာရည်နံ့ သင်းလာပါက ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူတဲ့ထိ တည်ပေးပါ။
- ဆီကျန်ရေကျန် အနေအထား ရလာပြီဆိုပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သွန်ဖြူ ထဲ့မွှေပေးပါ
- အရသာ အနေတော် ဖြစ်ပြီဆိုတာနဲ့ ငံပြာရည်ချက် စပ်စပ်လေးကို ပန်းကန်ထဲ ပြောင်းထဲ့ပြီး ပြင်ပေးနိုင်ပါပြီ။
မမမာရေ လည်လည်မရောက်တာ ကြာသွားလို့ ကြည့်လိုက်တော့ ငံပြာရည်ချက်စပ်စပ်လေးရယ် တို့စရာရယ်
ReplyDeleteထမင်းမိန်စရာကြီးနော် သားရည်ကျသွားပါတယ် အမရေ..
မိုးစက်ဝိုင်
လာလည်တဲ့အတွက် ကျေးဇူးပါညီမလေးရေ
Delete