Sunday, 26 October 2025

သရက်သီးစိမ်းသုပ်

 


သရက်သီးစိမ်းလေး ဝယ်လာဖြစ်တာနဲ့
 ခပ်စပ်စပ်လေး သုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သရက်သီးစိမ်း သု ပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး 
  2. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  4. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  5. ဆား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ ရေတခါ ထပ်ဆေးပေးပါ 
  • သရက်သီးကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးပါ
  • ငရုတ်အစိမ်းမှုန့် ဆား သကြားနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပေးကာ ဖွဖွလေး ရောနယ်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ထမင်းနှင့် စားနိူင်သလို ဒီအတိုင်း စားနိူင်တဲ့ ချိုချိုစပ်စပ်နဲ့ စားလို့အင်မတန်မှ ကောင်းလွန်းတဲ့ သရက်သီးသုပ်လေး ရပါပြီ။

No comments:

Post a Comment