Wednesday, 26 February 2025

ငှက်ပျောသီး ကောက်ညှင်းပေါင်း


မာမာ ဒီနေ့တော့ ငှက်ေပျာသီးနဲ့ ကောက်ညှင်းငချိတ်တို့ကို နှစ်မျိုးရောပြီး အုန်းနို့နဲ့ ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို စိတ်ကူးရသလို ပေါင်းလိုက်ပြီး  စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောသီး -  လေးလုံး
  2. ကောက်ညှင်းငချိတ် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  4. အုန်းနို့ - 200 ml
  5. ပေါင်းအိုး - တစ်လုံး
  6. ကြွေဇလုံ  - တစ်လုံး
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန် ဇလုံထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းနို့ နဲ့ ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောပြီး မွှေထားပေးပါ
  • ပြီးတာနဲ့ ကြွေဇလုံထဲမှာ ကောက်ညှင်းဆန်ကို ထည့်ပေးပြီး‌ ကောက်ညှင်းဆန် အပေါ်မှာ  ငှက်ပျောသီးကို အခွံခွာပြီး ထည့်ပေးပါ 
  • ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြင်ထားသော ကောက်ညှင်းဇလုံကို ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှာ  လက်ကျန်အပူရှိန်နဲ့ ဆယ်မိနစ်လောက် နှပ်ပေးထားပါ
  • ပြီးတာနဲ့ အုန်းနို့နဲ့ ငှက်ပျောသီးနံ့ မွှေးမွှေးလေးနဲ့  ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Monday, 24 February 2025

ကြက်ဥ ထမင်းကြော်




ဒီနေ့တော့ နွေရာသီကြီးမှာ မိုးကလဲရွာ လေကလဲ အရမ်းတိုက်နေတော့ စိတ်ထဲမှာ ညီးစိစိနဲ့မို့လို့ ထမင်းဟင်းတွေချက်ရင်း အချိန်ကုန်စေခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့အတွက် ကြက်ဥ ထမင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ကြက်ဥ - နှစ်လုံး
  10. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြင်ဆင်ပုံ
  • ဆန်ကို ရေသုံးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြပ်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကျန်ပါဝင် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူလာပါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး နွမ်းသွားတဲ့ထိ ကြော်ပေးပါ
  3. ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပေးပါ 
  4. ကြက်ဥထည့်ကြော်တာ နှစ်မိနစ်လောက် ရတာနဲ့ ထမင်းများကို ထည့်ကြော်ပေးပါ
  5. ပြီးတာနဲ့  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး အရသာ သမအောင် ထည့်မွှေပေးပါ
  6. အားလုံး အရသာ သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  7. ပြီးတာနဲ့ မွှေးပြီးစိမ့်နေတဲ့ ကြက်ဥ ထမင်းကြော်ကို စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 23 February 2025

အာလူးပြုပ်ကြော်


မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားဖို့အတွက် အာလူးပြုပ်ကြော်လေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ် စားတဲ့နေ့တိုင်း တနေ့တမျိုး မရိုးရအောင် ဟင်းလေးတမယ်တော့ ရအောင်ချက်တတ်ပါတယ်။

အာလူးကြော်လို့ပိုတဲ့ ဆီမွှေးမွှေးလေးနဲ့ ထမင်းပူပူကို ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ကလေးလူကြီး အားလုံး နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အနေတော် နူးအောင်ပြုပ်ထားသောအာလူး - 500g
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  4. ငရုတ်ကောင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  6. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တလုံး
ပြင်ဆင်ပုံ
  • အနေတော် နူးအောင်ပြုပ်ထားသော အာလူးကိုအခွံခွာပြီး ၈စိတ် စိတ်ပေးပါ
  • အာလူးကို မိုက်ခရိုဝေ့နဲ့ ပြုပ်ပါက ၇မိနစ်လောက် ပြုပ်ပေးပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲ အာလူးများထည့်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • ဆီကိုမီးအပူပေးပါ ဆီပူလာပါက မီးကိုနဲနဲလောက် လျှော့ပေးပြီးမှ အာလူးအရသာနယ်ကို ထဲ့ပေးပါ
  • တဖက်ကျက်ပါက နောက်တဖက်လှန်ပေးပြီး အားလုံးရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ပိုနေသော ဆီနဲ့ထမင်းကို ဆီဆမ်းနယ်ပြီး အာလူးကြော်လေးနဲ့ တွဲဖက်သုံးဆောင်ရန် အဆင်သင့်ရပါပြီ။ 

Saturday, 22 February 2025

ဘုံလုံသီးကြော်ချက်


ဒီနေ့တော့ ဘုံလုံသီးလေးတွေကို ပုဇွန်သေးသေးလေးတွေနဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့ မြိန်စေတဲ့အတွက် အရည်သောက်ဆမ်း ဟင်းလေးလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ဘုံလုံသီး  - အနေတော် တတောင့်
  2. ပုဇွန် - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဘုံလုံသီးအပေါ်ဖက်မှ အဖြူရောင် အမှေးများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • အမှေး များ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အတောင့်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ မိမိနှစ်သက်သလိုပုံစံ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ပုဇွန်များကို ရေဆေးကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပုဇွန် ဘုံလုံသီး ဆား ဆီ အရသာမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာ၀င်အောင် ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ဘုံလုံသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ဘုံလုံသီးများ နူးလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Thursday, 20 February 2025

ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း

 




ဒီနေ့တော့ ကန်စွန်းကြီးပင်က ကန်စွန်းကြီးအညွန့်လေးတွေ ဝယ်လာပြီး ပုဇွန်လေးတွေနဲ့ရောကာ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းကြီးရွက် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  3. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းရိုးကို အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါး လှီးထားပါ
  • ကြ‌က်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းကြီးရွက်များ ခရမ်းချဉ်သီးများ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းကြီးရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းကြီးရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Friday, 14 February 2025

ဗယာကြော်



 ဒီနေ့တော့ နွေရာသီရဲ့ အပူရှိန်ကို အံတုရင်း ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ အတွက် ချက်ရပြုပ်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်။

ကုလားပဲခြမ်း 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ်။

ခြံထဲဆင်းပြီး ပျဥ်းတော်သိမ်းရွက်လေးခူးကာ  ဗယာကြော်ကြော်ဖို့ ပြင်ရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 2 cups
  2. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  3. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
  4. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. Baking Soda - လက်ဖက်ရည်ဇွန်း တစ်တက်သာသာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  10. ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
  11. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက ပဲခြမ်းအနည်းငယ်ကို ဖယ်ထားပါ
  • ပြီးတာနဲ့ ကျန်နေသော ပဲခြမ်းများကို အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်၀က် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး Baking Soda ဖယ်ထားသော ပဲခြမ်းများ ဆား အချိုမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့်  ကြက်သွန်နီ  နနွင်းမှုန့် ငရုတ်သီးနှင့် ပျဉ်းတော်သိမ်းရွက်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • ဗယာကြော် ကြော်တဲ့အခါမှာ ဆီပူအိုးထဲကို ပဲဆုတ်လေးများ ကွဲထွက်သွားတတ်တဲ့အတွက် အသာအယာလေး ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ ဗယာကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ဗယာကြော်မွှေးမွှေးလေးကို တွဲဖက်ပြီး စားသုံးရန ပြင်ဆင်ပေးနိူင်ပါပြီ။

Wednesday, 12 February 2025

ထမင်းဝါဝါလေးကြော်

 

မာမာ ထမင်းကြော်တဲ့ အခါတိုင်း အရသာမျိုးစုံ ပုံစံမျိုး စုံလေးတွေကြော်လေ့ရှိပါတယ်။ မနေ့ကတော့ မာမာရေ ထမင်းဝါဝါလေး ရအောင် ဘယ်လိုကြော်ရမလဲလို့ လာမေးတဲ့ သူတွေအတွက် ဒီနေ့တော့ ထမင်းဝါဝါ​လေးဘဲ ကြော်လိုက်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့အတွက် ထမင်းဝါဝါလေး ဖြစ်အောင် ထမင်းကြော် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်ဥ - နှစ်လုံး
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း  လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဆန်ကို ရေသုံးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေ လေးဗူးနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
  • ထမင်းများ ေအးလာတာနဲ့  ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့နဲ့ နယ်ထားပေးပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကျန်ပါဝင် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူလာပါ အရသာ နယ်ထားသော ထမင်းကို ထည့်ကြော်ပေးပါ
  3. ထမင်းများထဲ ဆီဝင်လောက်ပြီ ဆိုတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပေးပါ 
  4. ပြီးတာနဲ့ အားလုံး အရသာ သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  5. ပြီးတာနဲ့ မွှေးပြီးစိမ့်နေတဲ့  ထမင်းဝါဝါ ထမင်းကြော်ကို စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 11 February 2025

အမဲသား မပျော်ဆီဟင်း

 

ဒီနေ့တော့ အမဲသား မပျော်ဆီလေးတွေကို ခရမ်းချဉ်သီး ခပ်များများလေးရယ် မဆလာ နိူင်နိူင်ထည့်ကာ ဆီပြန်လေး ချက်ပါတယ် မဆလာ ခပ်များများနဲ့ ချက်တဲ့အတွက် မဆလာ အနံ့ကြောင့် အမဲသားဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်


ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေပြီး စားလို့ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ခရမ်းချဉ်သီး - သုံးဆယ်သား
  3. ကြက်သွန်နီ - အနေတော် သုံးဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီးဆီသပ်ပေးပါ
  4. ခရမ်ချဉ်သီးများ ကျေလာတာနဲ့ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲသား မပျော်ဆီဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday, 8 February 2025

ကြက်သွန်ကြော်


မာမာ အခုရက်ထဲ အသားငါးတွေ မစားချင်တဲ့အတွက် အကြော်လေးတွေ ကြော်စားဖြစ်ပါတယ် ဒီနေ့တော့ ထမင်းပူပူလေးနဲ့ စားရအောင် ကြက်သွန်နီကြော် မွှေးမွှေးကြွတ််ကြွတ်လေး ကြော်ဖြစ်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး


ပြင်ဆင်ပုံ

  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးပြီး လက်နဲ့ဖိချေပြီး မွှာထားပါအ
  • ရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါပ
  • န်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ကြက်သွန်နီ မုန့်နှစ်လူး အနေတော်ထည့်ပြီး ဖြန့်ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော် ထားပေးကာ ကြက်သွန်နီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

Thursday, 6 February 2025

ချဉ်ရည်ဟင်း



ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ မုံလာဥ နီနီလေးတွေရယ် မုန့်ညှင်းရွက်နဲ့  ဒန့်ဒလွန်သီးတို့ကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဒန့်ဒလွန်သီး - ငါးတောင့်
  3. မုံလာဥနီ - ဆယ်ပင်ခန့်
  4. မုန့်ညှင်းရွက် - အနေတော်တစ်စည်း
  5. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  6. မျှင်ငပိ - အနည်းငယ်
  7. နံနံပင် - ၇ ခက်ခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ငရုတ်သီးမှုန့် - အနည်းငယ်
  11. ချင်း - လက်တဆစ်ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  16. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မုန့်ညှင်းရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ မုံလာဥနီ မုန့်ညှင်းရွက် ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Monday, 3 February 2025

မုန့်ဆန်းနယ်

 


မာမာတို့ ငယ်ငယ်တုန်းက စားနေကျ ကောက်ညှင်းစပါး နုနုလေးတွေကို လှော်ပြီးထောင်းထားတဲ့ မုန့်ဆမ်းအစစ်လေး စားချင်ပေမဲ့ မုန့်ဆမ်းအစစ်က မရလေတော့ ရှိတာလေးနဲ့ အာသာပြေ နယ်စားဖြစ်တဲ့ မုန့်ဆမ်းနယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဆမ်း - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. သကြား - ချင့်ချိန်ထည့်ပါ
  3. အုန်းသီးခြစ်ပြီးသား - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပွက်ပွက်ဆူနေသော ရေနွေး - လိုသလောက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ရေနွေးမှလွဲပြီး ပါ၀င်ပစ္စည်းများ ထည့်ပေးပါ
  • ရေနွေးအနည်းငယ်ကို ပွက်ပွက်ဆူအောင် တည်ထားပါ
  • ရေနွေးဆူလာတာနဲ့ အရသာနယ်ရန် မုန့်ဆမ်းထဲသို့ နည်းနည်းခြင်း ထည့်ပေးပါ
  • ရေနွေးနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးပြီး မုန့်ဆမ်းပျော့လာတဲ့အထိ နယ်ပေးပါ
  • ရေနွေးကို တစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းခြင်းသာ ထည့်နယ်ပါ
  • မုန့်ဆမ်းပျော့လာတာနဲ့ အချိုအရသာ လိုသလို ပြင်ပေးပါ
  • အစထဲက စိမ့်စိမ့်လေး ကြိုက်ရင် သကြားကို အနေတော်သာ ထည့်နယ်ပေးပါ
  • ချိုချိုလေး ကြိုက်ရင်တော့ သကြားကို ပိုထည့်ပြီး နယ်ပေးပါ
  • အုန်းသီးမှုန့် သကြား မုန့်ဆမ်းအရသာနယ် နယ်ပြီးပြီ ဆိုရင်တော့ မုန့်ဆမ်းနယ် မွှေးမွှေးစိမ့်စိမ့်လေးကို စားသုံးရန် အဆင်သင့် ရပါပြီ။ 

Sunday, 2 February 2025

ဘဲရိုး ခေါက်ဆွဲပြုပ်

 


 
မာမာဒီနေ့တော့ ရာသီဥတု အပြောင်းအလဲကြောင့် နေရတာ မကောင်းသလို နှာစေးချောင်းဆိုးလဲ ဖြစ်နေတော့ ထမင်းလဲ မစားချင်တာနဲ့  ဘဲရိုးလေးတွေ ဝယ်လာပြီး  စွပ်ပြုပ်ပြုပ်ပါတယ်။
ငရုတ်ကောင်းမှုန့် နိူင်နိူင်လေးနဲ့ သောက်ရတာ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘဲရိုး - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. ကြက်သွန်မိတ် - သုံးပင်
  5. ကြက်သွန်ဖြူ   - အမွှာကြီးကြီး လေးမွှာ
  6. ချင်း - ခပ်ပါးပါး သုံးပြား
  7. ခေါက်ဆွဲပြုပ်ပြီးသား - လိုသလောက်

ချက်ပြုပ်ပြင်ဆင်ပုံ

  1. ဘဲရိုးကို  အတုံးေလးေတွ တုံးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  2. ပြီးတာနဲ့ ဘဲရိုးများကို ဆား နှင့် အရသာမှုန့်တို့ ထည့်နယ်ပေးပါ
  3. ကြက်သွန်ဖြူနှင့် ချင်းကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
  4. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  5. အရသာ နယ်ထားသော ဘဲရိုးများကို Pressure Cooker အိုးထဲသို့ ပြောင်းထည့်ပေးပါ
  6. Pressure Cooker အိုးထဲမှာ ဘဲရိုးများနှင့်အတူ ကြက်သွန်ဖြူ နှင့်ချင်းတို့ ထည့်ပြီး မိနစ်နှစ်ဆယ် တည်ပေးပါ
  7. မိနစ်နှစ်ဆယ် ပြည့်ပါက အသားများ နူးလာပါလိမ့်မယ်
  8. အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးဖွင့်ကာ ရေကိုမိမိ နှစ်သက်သလောက် ထည့်ပေးပြီး ငါးမိနစ်ခန့် ပြန်တည်ပေးပါ
  9. ပြီးတာနဲ့ အိုးအဖုံး ပြန်ဖွင့်ပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
  10. စွပ်ပြုပ်ပြင်ဆင်မည့် ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ် ဘဲရိုးနှင့် စွပ်ပြုပ် အရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ထည့်ပေးကာ ကြက်ရိုးပြုပ် ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Saturday, 1 February 2025

ဂေါ်ရခါးညွန့်ကြော်

 

တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။

ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။

အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။

နောက်တခုက အခုကြော်မဲ့ ဂေါ်ရခါးညွန့်က ရေဆူဆူထဲမှာ မိနစ်ဝက်လောက် ပြုပ်ပေးပြီးမှ ကြော်တာက နူးနူးညံ့ညံ့နဲ့ စားလို့ပိုပြီးတော့ ကောင်းစေပါတယ်၊ရေနွေးနဲ့ မပြုပ်ဘဲ ကြော်တာက မာဆတ်ဆတ်ကြီး ဖြစ်တတ်တဲ့အတွက် စားရတာ အဆင်မပြေလှပါဘူး။

အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂေါ်ရခါးညွန့်‌‌‌ - အညွန့် သုံးဆယ်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အရွက်ကြော်ထဲ ထည့်ရန် )
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရွက်ရေစိမ်ထဲ ထည့်ရန် )
  7. ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ (အရွက်ပြုပ်ထဲ ထည့်ရန်)
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ထဲ ထည့်ရန်)
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရွက်ေကြာ်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဂေါ်ရခါးညွန့်ကို အရင်ဆုံး အပင်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  • ပြီးတာနဲ့ အပင်မှ အရွက်များကို အရင်ဆုံး ဖြတ်ပေးပါ
  • ပြီးတာနဲ့ အပင်ကို အလယ်မှခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ မာနေသော အကြောမျှင်များကို ဖယ်ထားပေးပါ
  • ထွင်ထားသော အရွက်များကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဆားထည့်မွှေပေးပြီး အရွက်ထည့်ကာ နာရီဝက်ခန့် စိမ်ထားပါ
  • ထိုသိုရေ့စိမ်ထားပါက အရွက်မှာ ကပ်နေသော ပိုးကောင်လေးတွေ ထွက်လာတတ်ပါတယ်
  • အိုးတစ်လုံးထဲမှာ ေရခပ်များများ ဆီနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာေအာင် တည်ပါ
  • ေရဆူလာတာနဲ့ အရွက်များကို မိနစ်ဝက်ေလာက် ပြုပ်ေပးကာ  ေရပူများသွန်ကာ ေရေအးနှင့်ေဆးပြီး ေရစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့  ဂေါ်ရခါးညွန့်များထည့်ပြီး ဆားနှင့် အရသာမှုန့် ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့အရွက်များ နူးစေရန် ရေအနည်းငယ် ထည့်မွှေကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေအရမ်းမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ရခါးညွန့်ကြော်ကို ပူနေတုန်းလေး မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။