ဒီတစ်ခါတော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ကန်စွန်းဥ ခေါက်ဆွဲကို ကြက်ဥနဲ့ ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေးရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Glass Noodles - 350 g
- ဂေါ်ဖီ - မိမိနှစ်သက်သလောက်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်မိတ် - အနည်းငယ်
- ကြက်ဥ - တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
ပြင်ဆင်ချက်ပြုပ်ပုံ
- tအိုးထဲမှာ ရေခပ်များများနှင့် ခေါက်ဆွဲကိုထည့်ကာ ခေါက်ဆွဲနူးတဲ့အထိ ပြုပ်ပေးပါ
- ခေါက်ဆွဲနူးတာနဲ့ ဇကာထဲ သွန်ချကာ ရေအေးနှင့် ဆေးကာ ရေစစ်ထားပါ
- ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
- ဂေါ်ဖီ ကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
- ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ဂေါ်ဖီ နှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
- အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
- အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥ ကျက်တာနဲ့ ကြက်သွန်မိတ်နှင့် ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
- အားလုံးသမသွားတာနဲ့ သတ်သတ်လွတ် Glass Noodles ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment