Sunday 18 January 2015

ပုဇွန်ထုတ် ငရုတ်သီးစိမ်း


ဒီဟင်းလေးက မာမာတို့သားအမိတွေ အရမ်းကြိုက်တဲ့ ဟင်းလေးပါ သောက်လေသောက်လေ ငတ်မပြေဆိုသလိုဘဲ စပ်လေစပ်လေ စားမ၀လေဆိုတဲ့ ဟင်းလေးပါ။

စပ်လွန်ုးလို့ထမင်းထပ်ထဲ့ ထပ်ထဲ့ရင်းစားမိရင်းက ထမင်းပြတ်သွားရတာလဲ ခနခနကြုံရတဲ့ ဟင်းလေးပါ ပုဇွန်သေးသေးမရတာနဲ့ ပုဇွန်ထုတ်ကို အနေတော်တုံးပြီး ပုဇွန်ခေါင်းလေးတွေပါ ထည့်ချက်ထားတာပါ ပဲကြာဇံဟင်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းအတွဲလေးပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် - 350g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - အတောင့် ၃၀
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ချက်နည်းလေးပြောပါမယ်
  • ပုဇွန်ကို အခွံခွာပြီး ကြောနှင့်ခေါင်းထဲမှ အစာအိတ်နှင့် အစာလမ်းကြောင်းကိုထုတ်ပြီး အနေတော်ပိုင်းထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ဆီသတ်ပါ
  • ကြက်သွန်နီနွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကိ ၂မိနစ်လောက်ဘဲကြော်ပြီး ငရုတ်သီးစိမ်းထည့်ကြော်ပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ်ထဲ့ပြီး ဆူအောင်တည်ပေးပြီးရင် ရပါပြီ။

1 comment:

  1. စာကြွေးတွေလာဖတ်တယ် မာမာရေ။

    ReplyDelete