Friday 23 January 2015

ပန်းဂေါ်ဖီသနပ်





အသားတွေ မစားဘဲ သတ်သတ်လွတ် စားချင်တဲ့ သူတွေအတွက် ထမင်းစားလို့မြိန်စေတဲ့ ပန်းဂေါ်ဖီ ပန်းပွင့်သနပ်လေး လုပ်ပါတယ်။

လုပ်နည်းလေး လွယ်သလောက် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပန်းဂေါ်ဖီ - အနေတော် တစ်ပွင့်
  2. မုံလာဥနီ - ခပ်ကြီးကြီး  တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး  ၁၀မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း  တစ်ဇွန်း
  5. သကြား - ထမင်းစာဇွန်း  တစ်ဇွန်း
  6. ဗီနီဂါ - ထမင်းစားဇွန်း  ၃ဇွန်း
  7. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ဂေါ်ဖီပန်းပွင့်ကို အပွင့်လိုက် ရဆေးပြီး အခက်လေးများရအောင် လှီးပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ သေးသေးရှည်ရှည်လေးတွေ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ စိပ်ပေးထားပါ
  • ပန်းပွင့် မုံလာဥနီ ကြက်သွန်ဖြူတို့ကို တပုံဆီပုံပြီး ၃နာရီလောက် နေလှန်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီကိုဘာမှမထည့်ဘဲ ကျက်အောင်ချက်ပြီး အအေးခံထားပါ
  • အသီးအပွင့်များ နေလှန်းပြီးပါက ဇလုံကျယ်ကျယ်ထဲမှာ နေလှန်းထားသော ပန်းပွင့် မုံလာဥနီတို့ကို ထည့်ပြီး သကြား ဆားနှင့်ဗီနီကာတို့ ထည့်နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နာရီဝက်ပြည့်ပါက ငရုတ်သီး အရောင်တင်မှုန့် မဆလာ ကြက်သွန်ဖြူတို့ထည့်နယ်ကာ အအေးခံထားသော ဆီချက်ကို လောင်ထည့်ပြီး သမအောင်မွှေကာ စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ
  • ကြာကြာထားပြီး စားချင်ပါက ဖန်ပုလင်း သန့်သန့်ထဲမှာထည့်ပြီး  ရေခဲသေတ္တာထဲ ထည့်ထားပါက အကြာကြီးထားပြီး စားလို့ရပါပြီ။

2 comments:

  1. http://www.moemyanmar.info

    ရာသီစာ ထမနဲလေးရော၊ ပန်းပွင့်သနပ်လေးရော အားပေးသွားပါတယ်နော် .... ^___^


    ReplyDelete
  2. ဟိုက်... တီတင့်ရေးမည့် ကွန်မန့်က အပေါ်ကကွန်မန့်လေးအတိုင်းပဲမာမာရေ တူနေပြီ ... :P

    ReplyDelete