Wednesday 3 December 2014

ကြပ်သားပြုပ်ကြော်




ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် အိမ်ရှင်မတို့တစ်နေ့တာ ဘာချက်ရမလဲ စဉ်းစားရတာ တစ်ခါတစ်ခါတော့လဲ ခေါင်းနောက်မိကြမှာပါ ချက်ပြီးပြန်တော့လဲ ကိုယ်ချက်တာလေးကို မိသားစုတွေမှ ကြိုက်ရဲ့လား စားချင်စရာလေးများရော ဖြစ်ရဲ့လားပေါ့။

ဒီနေ့တော့ အဆင်ပြေမဲ့ ဟင်းလေးတစ်မျိုး စီမံပြီး ချက်ထားပါတယ် စားလို့လဲကောင်းစေ ထမင်းလဲမြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်ဖြစ်ခဲ့ပါတယ်။

ပါ၀င်ပစ္စည်းများ 
ကြက်ရင်ပုံသား - 1 kg
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ချင်း - ခပ်ပါးပါး လေးပြား
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ပုံ
ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
ဇောက်အနည်းငယ် နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့နယ်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းပြီး ကြက်သားကို အိုးနဲနဲကပ်အောင် ထားပေးပါ
အိုးအောက်ခြေ ကပ်လာပြီ ဆိုတော့မှ ရေအနည်းငယ်နှင့် ဆီတို့ကိုထည့်ပြီး ဆီကျွတ်ကျွတ် မြည်လာအောင် တည်ပေးပါ   
ပြီးတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
မီးပိတ်ပြီးတာနဲ့ လက်ကျန်မီးအပူရှိန်နှင့် ထားပေးပြီး ဆီနံ့မွှေးလာလျှင် ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။



4 comments:

  1. တီတင့်အိမ်မှာလဲ မနေ့ကကြက်သားပြုပ်ကြော်လုပ်ပြီး တစ်ဝက် သုပ်စားဖြစ်တယ်။ နောက်တစ်ဝက်ကို သီးစုံထမင်းပေါင်းလုပ်တဲ့ အထဲထည့်လိုက်တယ် မာမာရေ။

    ReplyDelete
    Replies
    1. မွှေးမွှေးလေးနေမယ်နော် တီတင့်ရေ စားချင်လိုက်တာ

      Delete
  2. အစ်မချက်တဲ့ ဟင်းတွေအားလုံး သွားရေကျ အားပေးသွားပါတယ် အစ်မရေ .... ^___^

    ReplyDelete
    Replies
    1. ကျေးဇူးပါနော် ညီမလေးရေ

      Delete