ဒီနေ့တော့ စားလို့ကောင်းလွန်းတဲ့ ခရမ်းသီး အကြွတ်ကြော်ပါတယ် ပြင်ရဆင်ရတာ လက်ဝင်ပေမဲ့ စားလို့အရမ်း ကောင်းပါတယ်။
ကြွတ်ကြွတ်ရွရွလေးနဲ့ စားကောင်းလွန်းတဲ့အတွက် နေ့လည်နေ့ခင်း အပျင်းပြေ စားရအောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခရမ်းသီး - ၇လုံး
- တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
- ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူးသာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ချင်အရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - လိုသလောက် သုံးပေးပါ
ကြော်ဖို့ပြင်ရန်
- ခရမ်းသီးကို ရေဆေးပြီး ပုံပါအတိုင်း မထူမပါးလေးတွေ လှီးထားပါ
- ပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
- ပဲမှုန့် တန်ပူရာမှုန့် နနွင်းမှုန့် ဆား ချင်းအရည် ငရုတ်ကောင်းမှုန့်နှင့် အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
- မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
- ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
- မုန့်နှစ်ခပ်ပျစ်ပျစ်လေး ရလာတာနဲံ မုန့်နှစ်ပွလာစေရန် နာရီဝက်လောက် ဖောက်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ကြော်ဖို့ပြင်ဆင်ပေးပါ
- အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ခရမ်းသီးကို ခပ်ပျန့်ပျန့်လေးဖြန့်ပြီး နှစ်ပေးပါ
- ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ခရမ်းသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
- မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ထိုနည်းအတိုင်း ခရမ်းသီးများ အားလုံးကြော်ကာ ဆီစစ်ပေးပါ
- ဆီစစ်သွားပါက ခရမ်းသီး ကြော်ပြီးသားကို မုန့်နှစ်ထဲမှာ ထပ်လူးကာ ပြန်ကြော်ပေးပါ
- ကျက်သွားပါက ဆယ်ပေးပြီး ဆီစစ်ကာ နောက်တစ်ကြိမ် အထက်ပါ နည်းအတိုင်း ပြန်ကြော်ပေးပါ
- ဆီစစ်သွားပါက သုံးပြန်ကြော် ခရမ်းသီး ကြွတ်ကြွတ်ကြော််လေးကို မိမိနှစ်သက်ရာ အချဥ်နဲ့ တွဲဖက်ကာ စားလို့ ရပါပြီ။