Sunday 6 May 2018

B နှင့်စသော အသီးအရွက် အပင်နံမည်များ


အိမ်ပြောင်းဖို့ အလုပ်တွေများနေတာ ထမင်းဟင်းလဲ ကောင်းကောင်း မချက်နိုင်တော့ တင်စရာ တနေ့တာ ဟင်းလေးတွေလဲ မတင်နိုင်ခဲ့ပြန်ပါဘူး ဒီတော့လဲ အားလပ်တဲ့အချိန်တုန်းက လုပ်ထားတဲ့ အသီးအရွက်လေးတွေ ဟင်းခတ်အမွှေးအကြိုင်လေးတွေကိုဘဲ တင်ပေးလိုက်ပါတယ်။

အသီးအရွက် အပင်နံမည်လေးတွေကို facebookမှာ လာလာပြီး မေးကြလွန်းလို့ အချိန်မအားပေးမဲ့ ဘာသာပြန်လို့ ရသလောက် ဂရုလေးတွေခွဲပြီး တင်ပေးထားပါတယ် ပုံများအားလုံးကိုတော့ google မှ ကူးယူဖော်ပြထားပါတယ်။

ဘာသာပြန်တာ လွဲမှားနေခဲ့ပါက ကော်မန့်မှာ ရေးပေးခဲ့နိုင်သလို မိတ်ဆွေ​တို့ သိရှိ​သော အသီးအရွက်​ အပင်​နှင့် ဟင်းခတ်အ​မွှေးအကြိုင်​ နံမည်​များကိုလဲ ​ရေး​ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင့်။ 


B နှင့်စသော ဟင်းသီးဟင်းရွက် အမည်များ

bay leave -  ကရဝေးရွက်

bale fruit - ဥသျှစ်သီး


black mushroom - မှိုမည်း

bacopa - ဗြုန်းမွှေးရွက်

bastard Oleaster, Silverberry or Oleaster - မှန်ကူသီး

bottle gourd - ဘူးခါးသီး

bitter gourd - ကြက်ဟင်းခါးသီး

blueberry - ဘလူးဘယ်ရီ

banana - ငှက်ပျောသီး

basil seed - ပင်ပွားစေ့

bamboo shoot – မျှစ်

beansprouts -  ပဲပင်ပေါက်

bean - ပဲသီး 

bitter melon - ကြက်ဟင်းခါးသီး

basil - ပင်စိမ်းရွက်

bean curd - ပဲပြား

broccoli - ပန်းဂေါ်ဖီစိမ်း 

betel nut - ကွမ်းသီး

butterfly Pea - အောင်မဲဖြူ ၊ အောင်မဲညို 

blue phaseolus - စွန်တာပြာ

butter bean - ထောပတ်ပဲ

beans - ပဲစေ့များ

  beet root – မုန်လာဥနီ (အလုံးပုံစံ)

black cumin - စမုန်နက် 

black pepper - ငရုတ်ကောင်းစေ့ (အနက်)

bay laurel leaf tree - ကရဝေးပင် (Indian bay leaf )

Burmese Jaggery - ထန်းလျှက်ခဲ

bell pepper - ငရုတ်ပွ

bok-choy or Chinese mustard cabbage - မုန့်ညှင်းဖြူ

bean curd stick - ပဲလိပ်ချောင်း 

Burmese grape fruit - ကနစိုသီး 

black swallow-wort - ကြက်ပေါင်သီး 

5 comments:

  1. Ma Mar:
    ပေါက်ပန်းဖြူ is Sesbania Grandiflora. https://en.wikipedia.org/wiki/Sesbania_grandiflora
    Also known as Agastya – Agathi
    Thomas

    ReplyDelete
    Replies
    1. ကျေးဇူး အထူးဘဲ တင်ပါတယ်နော် မာမာ ပြင်လိုက်ပါမယ်ရှင့် နောက်တင်မဲ့ ပို့စ်တွေမှာလဲ အမှားအယွင်းတွေ ပါခဲ့ရင် ပြောပြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

      Delete
    2. S အသီးအနှံထဲမှာ ထည့်လိုက်ပါ့မယ်

      Delete
    3. Well actually thank you!! My appreciating to you for making such a wonderful blog on Burmese Cooking!! :-)
      BTW, When are you going to post the ကင်းမွန် အစါသွတ် recipe? Sorry if I spelled it wrong, just trying to get back into Burmese Writing recently.

      Delete
    4. ကင်းမွန်အစာသွတ် လုပ်ဖြစ်ရင် တင်ပေးပါမယ်နော် ကင်းမွန်အကောင်သေးသေး မရလို့မချက်ဖြစ်သေးဘူးရယ်။

      Delete