ပါ၀င်ပစ္စည်းများ
- ပဲပြုပ် - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ကြက်သွန်နီ - အနေတော် တစ်ဥ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
- နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
- ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
- ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မျှစ်များကို ထည့်ပေးကာ ကြော်ပေးပါ
- ပြီးတာနဲ့ ပဲပြုပ်ကို ထည့်မွှေပေးပါ
- အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ပဲပြုပ်မျှစ်ကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။
No comments:
Post a Comment