Thursday 6 June 2024

Pasta Salad

 

တစ်ခါတစ်လေလဲ စိတ်ထဲမှာ ဘိုစာလေးတွေ စားချင်သလိုလို ရှိတဲ့အတွက် Pasta Salad (ပါစတာသုပ်)လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. Pasta (ပါစတာ) - 150 g
  2. မုံလာဥနီ - နှစ်ဥ
  3. သခွားသီး - တစ်တောင့်
  4. Olive (သံလွင်ဆီ) - အနည်းငယ်
  5. Feta Cheese - အနည်းငယ်
  6. Italian Dressing - ထမင်းစားဇွန်း ၃ ဇွန်း
  7. ဒိန်ချဉ် - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
  • အိုးထဲမှာ ရေအနေတော် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ပါစတာများကို နူးတဲ့အထိ ပြုပ်‌ပေးပြီး ရေနွေးများသွန်ကာ ရေစစ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး မျှင်မျှင်လေးတွေ လှီးထားပါ
  • သခွားသီးကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး ရှည်ရှည်လေးတွေ လှီးထားပါ
  • ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲ Pasta နှင့်အတူ မုံလာဥနီ သခွားသီး Italian Dressing , Feta cheese , Italian Dressing , ဒိန်ချဉ် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ အားလုံးရောထည့်ပြီး သမအောင်မွှေပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ Pasta Salad ကို ရပါပြီ။

No comments:

Post a Comment