Wednesday 27 June 2018

ကြာဇံကြော် ခေါက်ဆွဲကြော်နှင့်စားရန် အချဉ်


အိမ်ပြောင်းကာစက အိမ်မှာ အင်တာနက်ကလဲ မရသေးတော့ ခပ်ပျင်းပျင်းရှိတာနဲ့ အချဉ်စပ်နည်းလေးတွေ သီးရွက်စုံ ဖျော်ရည်လုပ်နည်းလေးတွေကို ရက်တိုသင်တန်းလေး ဖွင့်တာနဲ့ သွားတက်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကြာဇံကြော်နဲ့ စားဖို့အတွက် ဗီယက်နမ်အချဉ်လေး လုပ်ဖြစ်လို့ အေးရှန်းခံတွင်းနဲ့ အကြိုက်တွေ့စေမဲ့ အချဉ်စပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  2. မြေပဲဆီ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ငရုတ်သီးစိမ်း - နှစ်တောင့်
  6. သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်း
  7. brown sugar - လက်ဖက်ရည်ဇွန်း တဇွန်း
  8. ရေသန့် - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ထောင်းထားသော မြေပဲဆီ ငရုတ်သီးစိမ်း ငါးငံပြာရည် သံပုရာရည် ရေသန့်သန့်နှင့် brown sugarတို့ကို ထည့်ထားပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပြီးရင် ရပါပြီ။

Tuesday 19 June 2018

Avocado Smoothie




အခုရက်ထဲ လတ်လတ်ဆတ်ဆတ် အသီးအရွက် ဖျော်ရည်ဖျော်နည်းလေးတွေ တင်ပေးမယ်လို့ စိတ်ကူးထားလို့ အလျင်းသင့်သလိုလေးတွေ တင်ပေးသွားပါ့မယ် ဒီနေ့တော့ Avocado Smoothie လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ်သီး - ခပ်ကြီးကြီး တလုံး
  2. သကြား - ထမင်းစားဇွန်း တဇွန်း
  3. အုန်းနို့ - 1/2 cup
  4. ရေခဲတုန်း - 1 cup
  5. ဘလင်ဒါ

ပြင်ဆင်ပုံ
  1. ထောပါတ်သီးကို အခွံခွာ အထဲမှ အစေ့ထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  2. သကြား အုန်းနို့နှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  3. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း အုန်းနို့ သကြားနှင့် ထောပါတ်သီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
  4. အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ Avocado Smoothie ကို မိမိနှစ်သက်သော ဖန်ခွက်ထဲထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိုင်ပါပြီ။

Monday 18 June 2018

Chicken Satay











ရာသီဥတုက အေးလွန်းနေတော့ ပူပူလူလူလေးတွေဘဲ စားချင်နေမိတာကြောင့် ကြက်သားကင်လေးတွေ လုပ်စားဖြစ်ခဲ့ပါတယ် အဲဒီအတွက် ဒီနေ့တော့chicken satay ကင် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - မထူမပါး လှီးထားသော ကြက်သား ၈ခု
  2. ထောင်းထားသော ကြက်သွန်ဖြူ - ၂မွှာ
  3. ထောင်းထားသော နံနံပင်အမြစ် - ၈ခု
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီအသေး ၂ဥ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  11. ဗနီကာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အုန်းနို့ - ထမင်းစားဇွန်း လေးဇွန်း
  13. အသားကင်မည့် ဝါးချောင်း - ၈ခု

ပြင်ဆင်ပုံ
  1. လှီးထားသော ကြက်သားကို ပြင်ထားပါ
  2. ဇလုံတလုံးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ နံနံပင်အမြစ် ငရုတ်သီး အရောင်တင်မှုန့် ဆား သကြား နံနံပင်အခြောက် နံနွင်းမှုန့် ဆီ ဗနီကာနှင့် အုန်းနို့ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ
  3. အရသာနယ်ထားသော ဇလုံထဲမှာ လှီးထားသော ကြက်သားကို အရသာ သမသွားအောင် ထည့်မွှေပေးပါ
  4. အရသာ နယ်ပြီးတာနဲ့ clean wrap နှင့် ဇလုံကို လုံအောင်ဖုံးပေးပါ
  5. ပြီးတာနဲ့ ထိုဇလုံကို ရေခဲသေတ္တာထဲမှာ ၁၂နာရီခန့်ထည့်ပြီး နှပ်ထားပါ
  6. အုန်းနို့ကိုလဲ ရေခဲသေတ္တထဲမှာ ထည့်ထားပါ
အသားကင်ရန် ပြင်ဆင်ပုံ
  1. အရင်ဆုံ ဝါးချောင်းလေးများကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့်စိမ်ထားပါ
  2. ရေစိမ်ထားသော ဝါးချောင်းတချောင်းစီမှာ အရသာနှပ်ထားသော ကြက်သားတခုစီကို ပုံပါအတိုင်း အတွန့်လေးများရအောင် ထိုးပေးပါ
  3. အုန်းနို့ကို ပြင်ထားပါ
  4. ကင်မည့်အိုးကို မီးအပူပေးပါ
  5. အိုးပူလာတာနဲ့ အသားချောင်းကို အုန်းနို့သုတ်ပေးပြီး အကင်အိုးပေါ် တင်ပေးပါ
  6. အသားကင် တူးကပ်မသွားစေရန် မကြာမကြာ တဖက်ဆီလှည့်ပေးပါ
  7. တခါလှည့်ပေးတိုင်း အုန်းနို့တခါ သုတ်ပေးပါ
  8. လေးမိနစ်လောက် ကင်ပေးပြီးပါက ကြက်သားကင် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Sunday 17 June 2018

ကြက်သားဟင်း မလေးရှားစတိုင်လ်







ဒီနေ့တော့ ကြက်သားကို ချိုချိုချဉ်ချဉ် အရသာလေးနဲ့ စားလို့ကောင်းအောင် မလေးရှား ဟင်းချက်နည်းလေးနဲ့ brown sugar soy sauce နှင့် သံပုရာရည်တို့ထည့်ကာ ချက်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

မာမာကတော့ ၂ယောက်စာဘဲ ချက်ပါတယ် အခုက ကြက်ပေါင် ၈ခုစာ ချက်ဖို့အတွက် အချိုးအစားလေးကို ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား - ၈ခု
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • brown sugar - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Chicken stock - 1/2 cup
  • Soy sauce - ထမင်းစားဇွန်း ၂ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အသားတဖက်စီကို ခပ်စောင်းစောင်း တချက်စီ မွှန်းပေးပါ
  • ကြက်သားကို ဆား နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • Soy sauce, chicken stock, brown sugar,ဆီ သံပုရည်တို့ကို ပြင်ထားပါ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးမှုန့် အနှစ်ထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ brown sugarနှင့် soy sauce ထည့်မွှေပေးကာ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ သံပုရာရည်ကို ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်ရအောင် တည်ပေးပါ
  • ဆီပြန်ပြီဆိုတာနဲ့  အရသာရှိသော ချိုချဉ်စပ်နေတဲ့ ကြက်သားပြန် ချဉ်စပ် မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

Friday 15 June 2018

သလဲသီးဖျော်ရည်


တခါတလေ အသီးလေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေး လုပ်သောက်ရတဲ့ အရသာက ပါးစပ်ထဲမှာ အရသာတမျိုးကို ရစေပါတယ် မာမာကတော့ အရမ်းအချိုကြီး မကြိုက်လို့ သကြားကိုအနေတော်ဘဲ ထည့်ဖျော်ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုပြီးထည့်နိုင်ပါတယ်။

သဘာဝ အသီးအနှံများမှာ လူသားများအတွက် ကျန်းမာရေးကို အထောက်အကူပေးသော ဓါတ်များပါဝင်ကြပြီး သလဲသီးမှာ ဗီတာမင်ဓါတ် A, B 5, B 6, Eနှင့် ဗီတာမင် K တို့ ပါဝင်ကြပါတယ်။
လူသားတို့၏ ဦးနှောက်ကို ကျန်းမာဖွံ့ဖြိုးစေခြင်း နှစ်လုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း ဆီးကျိတ်ကင်ဆာဖြစ်စေသော အရာများကို ကာကွယ်ပေးခြင်း ရင်သားကင်ဆာဖြစ်စေသော အကြောင်းရင်းများကို ကာကွယ်ပေးခြင်း သွေးအားကျခြင်းကို ကာကွယ်ပေးခြင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် မီးဖွားခြင်းကို လွယ်ကူစေပြီး ရင်သွေးကိုလည်း ဦးနှောက်ဖွံ့ဖြိုးမှုကိုလဲ တိုးတက်မြန်ဆန်စေပါတယ်လို့ သုတေသီများက တွေ့ရှိထားပါတယ်။
သလဲသီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဖျော်ရည်မလုပ်ပဲ အသီးထဲမှ အစေ့လေးများကိုလဲ ဒီအတိုင်းလဲ စားနိုင်ပါတယ် သလဲသီးကို နှစ်လုံးရောဂါရှိသူများ နှစ်လုံးသွးကြောကျဉ်း ရောဂါရှိသူများ သွေးကြောပိတ် ဝေဒနာ ခံစားနေရသူများ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် သဘာဝမှ ပေးထားတဲ့ သလဲသီးကို စားသုံးနိုင်ကြောင်း ကျန်းမာရေး စာစောင်များမှာ ဖော်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. သလဲသီး - တလုံး
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
  4. သံပုရာသီး - တစ်စိတ်
  5. ရေခဲ - လက်နှစ်လုံးအရွယ် ၁၀ခဲ
  6. ရေသန့် - ဖန်ခွက် နှစ်လုံးစာ
ပြင်ဆင်ပုံ
  • သလဲသီးကို ထက်ခြမ်းမခွဲခင် အသီးပါတ်ပါတ်လည်ကို သစ်သားဒုတ်နှင့် အသာအရာ လိုက်ထုပေးထားပါ
  • ပြီးတာနဲ့ အသီးကို ထက်ခြမ်းခွဲပေးကာ အထဲမှ အစေ့လေးများကို ချွေပေးပါ
  • သလဲသီးအစေ့များ ဆား သကြား ရေခဲတို့ကို ရောပြီး ဘလန်ဒါထဲမှာ အရင်ဆုံးထည့်ပေးကာ ညက်နေအောင် ထည့်ကြိတ်ပေးပါ
  • သလဲသီးအစေ့များနှင့် ဆား သကြား ရေခဲများကျေသွားတာနဲ့သံပုရာညှစ်ထည့်ကာ ရေသန့်သန့်ကို ဖန်ခွက်နှစ်ခွက်စာရောပြီး အနည်းငယ် ထပ်ကြိတ်ပေးပါ
  • ပြီးတာနဲ့ သလဲသီးဖျော်ရည် ချိုချဉ်အေး မွှေးမွှေးလေးကို သောက်နိုင်ပါပြီ။

Thursday 14 June 2018

Red berry juce


တခါတလေ အသီးလေးတွေကို ဒီအတိုင်း စားရတာထက် ဖျော်ရည်လေး လုပ်သောက်ရတဲ့ အရသာက ပါးစပ်ထဲမှာ အရသာတမျိုးကို ရစေပါတယ် မာမာကတော့ အရမ်းအချိုကြီး မကြိုက်လို့ သကြားကိုအနေတော်ဘဲ ထည့်ဖျော်ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုပြီးထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Red berry - အလုံး ၂၀ခန့်
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
  4. ရေခဲ - လက်နှစ်လုံးအရွယ် ၁၀ခဲ
  5. ရေသန့် - ဖန်ခွက် နှစ်လုံးစာ

ပြင်ဆင်ပုံ
  • Red berry သီးများကို ရေဆေးထားပါ
  • Red berry သီးများ ဆား သကြား ရေခဲတို့ကို ရောပြီး ဘလန်ဒါထဲမှာ အရင်ဆုံးထည့်ပေးကာ ညက်နေအောင် ထည့်ကြိတ်ပေးပါ
  • Red berry သီးများနှင့် သကြား ရေခဲများကျေသွားတာနဲ့ ရေသန့်သန့်ကို ဖန်ခွက်နျစ်ခွက်စာရောပြီး အနည်းငယ် ထပ်ကြိတ်ပေးပြီးRed berry juice ချိုအေးမွှေးလေးကို သောက်နိုင်ပါပြီ။

Wednesday 13 June 2018

မုန့်လုံးကြီး အုန်းနို့ဆမ်း













မြန်မာမုန့်လေးတွေ တမ်းတမိတိုင်း တခုမဟုတ် တခုတော့ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ မာမာအရမ်းကြိုက်တဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း လုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ယိုးဒယား ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ရ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဗူးသာသာ
  3. အုန်းသီးမှုန့် - 100 g (အုန်းသီးအခြောက်မှုန့် ခြစ်ပြီးသားကို သုံးထားပါတယ်)
  4. ထန်းလျှက်ခဲ - 100 g ထန်းလျှက်မရှိက( သကြားကို သုံးနိုင်ပါတယ်)
  5. အချိုအရသာ ပေါ့ပေါ့ကြိုက်လျှင် ထန်းလျှက်ကို လျော့ပြီးကျိုပါ

အုန်းယိုထိုးရန်
  • Ready made အုန်းသီးမှုန့်ကို အဆင်သင့် ပြင်ထားပေးပါ
  • ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေသွေားအာင် မီးအပူပေးပါ
  • ထန်းလျှက်ခဲ အရည်ပျော်လာပါက အမှိုက်မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
  • သန့်စင်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးမှုန့်ကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
  • အုန်းယိုဖြစ်သွားပါက အအေးခံထားပါ။
အုန်းဆီချက်ရန်
  • Ready made အုန်းနို့ဗူး 100 g ကိုဆီ ထမင်းစားဇွန်း ၂ဇွန်းထဲ့ပြီး မီးအနေတော်နှင့် အုန်းဆီချက်ပါ
  • အုန်ဒဆီချက်နေစဉ် အဆက်မပြတ် မွှေပေးပြီး အုန်းနို့ပျစ်လာချိန်မှာ မီးပိတ်ပြီး အအေးခံထားပါ
မုန့်လုံးဖို့အတွက် ပြင်ပါမယ်
  • ဇလုံကျယ်ကျယ်ထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး ရေနည်းနည်းချင်း ထည့်ကာ နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • တခါတရံ အသုံးပြုသော ကောက်ညှင်းမှုန့်များ မတူတဲ့အတွက် ရေကိုတခါထဲ မထည့်ဘဲ ဖြေးဖြေးချင်းထည့်ပြီး မုန့်သားကို နယ်ပေးပါ 
  • ရေကိုလိုသလောက်ဘဲ သုံးပေးပါ
  • မုန့်သားပျော့လာပါက အ၀တ်ရေစိုလေး အုပ်ထားပေးကာ  နာရီဝက် တနာရီလောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  • အုန်းယိုကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်သွားတာနဲ့ မုန့်သားကို ကွမ်းသီးလောက် အနေအထား ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ အုန်းယိုတခု ထဲ့လိုက်ပါ
  • အုန်းယိုပေါ်သို့ မုန့်သားနှင့် ပြန်အုပ်ပြီး ဝိုင်းနေအောင် လုံးပေးပါ
  • အုန်းယို မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • အုန်းယိုပေါ်နေပါက မုန့်သားကို ရေပူထဲ ထည့်ပြီးပြုပ်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်သွားတတ်ပါတယ်
မုန့်လုံးကြီးပြုပ်ရန်
  1. ရေအေးကို ဇလုံတလုံးထဲမှာ ထည့်ပေးထားပါ
  2. ငှက်ပျောဖက်ကို ရေဆေးပြီး ရေစင်အောင် သုတ်ပေးကာ ဆီနှင့် သုတ်ပေးထားပါ
  3. မုန့်သားအားလုံး အစာထည့်ပြီး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  4. ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်လုံးများကို တလုံးချင်း ထည့်ပေးပါ
  5. မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် သုံးမိနစ်လောက် ထားပြီးမှ ဆယ်ပေးပါ
  6. ဆယ်ထားသော မုန့်လုံးများကို ရေအေးဇလုံထဲ ထည့်ပေးပြီး အေးသွားလောက်တော့မှ ဆီသုတ်ထားသော ငှက်ပျောဖက်ပေါ်သို့ ဆယ်ပြီး တင်ထားပေးပါ
  7. ရေစစ်ထားသော မုန့်လုံးများအား ထိပ်အလယ်မှ ကပ်ကြေးနှင့် ကန့်လန့်ဖြတ် နှစ်ချက်ညှပ်ပေးပြီး အုန်းဆီဆမ်းကာ စားပွဲပြင်ပေးနိုင်ပါပြီ။

Tuesday 12 June 2018

ငါး သန့်စင်ပုံ








အိမ်မပြောင်းခင်ကတော့ အထုတ်တွေထုတ်ဖို့ အလုပ်များရတယ် ပြောင်းပြီးပြန်တော့ နေရာထိုင်ခင်း ပြန်ချရပြန်တယ် အိမ်စပြောင်းကာစဆိုတော့ အင်တာနက်ကလဲ မရပြန် အကြောင်းကြောင်းတွေကြောင့် ဘလော့လေးကို ပြစ်ထားရပြန်ပါတယ်။

ဒီနေ့တော့ ဟင်းချက်နည်းလေးတွေ မတင်ခင် မက်ဆင်ဂျာမှာ လာမေးထားကြတဲ့ ငါးသန့်စင်နည်းလေးတွေအကြောင်း တင်ပေးလိုက်တယ် လုပ်တတ်ကိုင်တတ်သူတွေအတွက် အရမ်းအရမ်းကို လွယ်ကူပေမဲ့ မကိုင်တတ်တဲ့သူတွေ အတွက်တော့ ခက်ခဲမှာ သေချာပါတယ် သိချင်သူတွေအတွက် မျှဝေလိုက်ပါတယ်ရှင်။

ငါးသန့်စင်ပုံ

မည့်သည့်ငါးမဆို ငါးအကောင်ကြီးပါက ငါးမှာမလိုအပ်သော ဆူးတောင်များ ရေယက်များ ငါးဗဟက်ခွံအောက်ပိုင်းနှင့် ငါးနူတ်သီးတို့ကို အရင်ဆုံး ဓါးသို့မဟုတ် ကပ်ကျေးနှင့် ဖြတ်ပေးပါ
နူတ်ခမ်းနေရာက အရမ်းမာနေရင်တော့ မဖြတ်ဘဲ ထားပေးပါ
ပြီးတာနဲ့ ငါးရဲ ့အပေါ်မှ အကြေးခွံများကို ငါးအမြှီးဘက်မှနေပြီး ဓါးနှင့်အပေါ်ဖက်ကို ပြောင်းပြန်လှန်ပြီး အေက်းခြံမ်ား ကွာသွားအောင် ထိုးခွာပေးပါ
ငါးတကောင်လုံးမှာ ရှိနေတဲ့ အေက်းခြံမ်ားကို ထိုပုံစံအတိုင်း ခွာပေးပါ
အေက်းခြံမ်ား ကုန္သြားပါက ငါးရဲ ့ဗိုက်ကို ခွဲပေးပြီး အထဲမွ မလိုတာတွေ ဖယ်ပေးပါ
ပြီးတာနဲ့ ငါးတကိုယ်လုံးကို ငါးရဲ ့ခေါင်းဖက်မှနေပြီး ခပ်စောင်းစောင်း မွှန်းပေးပါ
မွှန်းပြီးတာနဲ့ မိမိနှစ်သက်သလို ခုတ်ပေးပါ
အကောင်လိုက် ချက်မည် ကြော်မည် ပေါင်းမည်ဆိုပါက အကောင်လိုက် ရေစင်အောင်ဆေးပေးပါ
ပြီးတာနဲ့ ငါးအသားများနှင့် ငါးဗိုက်နေရာတို့ကို ရေလေးထပ်လောက် ဆေးပေးပါ
ငါးခေါင်းကိုတော့ အထဲမွ မလိုသော ပါးဟက်များကို ဖယ်ပေးကာ ငါးခေါင်းအတွင်းဖက်ကို ရေ ၅ထပ်လောက် ဆေးပေးပါ
သန် ့စင်ပြီး အားလုံးအဆင်သင့် ဖြစ်တာနဲ့ လိုအပ်သော အရသာနယ္ကာ ဟင်းချက်ရန် အဆင်သင့် ရပါပြီ



ငါးသန့်စင်ပုံ

  1. မည့်သည့်ငါးမဆို ငါးအကောင်ကြီးပါက ငါးမှာမလိုအပ်သော ဆူးတောင်များ ရေယက်များ ငါးဗဟက်ခွံအောက်ပိုင်းနှင့် ငါးနူတ်သီးတို့ကို အရင်ဆုံး ဓါးသို့မဟုတ် ကပ်ကျေးနှင့် ဖြတ်ပေးပါ
  2. နူတ်ခမ်းနေရာက အရမ်းမာနေရင်တော့ မဖြတ်ဘဲ ထားပေးပါ
  3. ပြီးတာနဲ့ ငါးရဲ့ အပေါ်မှ အကြေးခွံများကို ငါးအမြှီးဘက်မှနေပြီး ဓါးနှင့်အပေါ်ဖက်ကို ပြောင်းပြန်လှန်ပြီး အကျေးခွံများ ကွာသွားအောင် ထိုးခွာပေးပါ
  4. ငါးတကောင်လုံးမှာ ရှိနေတဲ့ အကျေးခွံများကို ထိုပုံစံအတိုင်း ခွာပေးပါ
  5. အကျေးခွံများ ကုန်သွားပါက ငါးရဲ့ ဗိုက်ကို ခွဲပေးပြီး အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  6. ပြီးတာနဲ့ ငါးတကိုယ်လုံးကို ငါးရဲ့ ခေါင်းဖက်မှနေပြီး ခပ်စောင်းစောင်း မွှန်းပေးပါ
  7. မွှန်းပြီးတာနဲ့ မိမိနှစ်သက်သလို ခုတ်ပေးပါ
  8. အကောင်လိုက် ချက်မည် ကြော်မည် ပေါင်းမည်ဆိုပါက အကောင်လိုက် ရေစင်အောင်ဆေးပေးပါ
  9. ပြီးတာနဲ့ ငါးအသားများနှင့် ငါးဗိုက်နေရာတို့ကို ရေလေးထပ်လောက် ဆေးပေးပါ
  10. ငါးခေါင်းကိုတော့ အထဲမှ မလိုသော ပါးဟက်များကို ဖယ်ပေးကာ ငါးခေါင်းအတွင်းဖက်ကို ရေ ၅ထပ်လောက် ဆေးပေးပါ
  11. သန့် စင်ပြီး အားလုံးအဆင်သင့် ဖြစ်တာနဲ့ လိုအပ်သော အရသာနယ်ကာ ဟင်းချက်ရန် အဆင်သင့် ရပါပြီ။