Saturday 30 September 2023

ကြက်ဟင်းခါးသီး အစပ်ကြော်



ဒီနေ့တော့ ဈေးသွားတာ ကြက်ဟင်းခါးသီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ကြက်ဟင်းခါးသီးကို ဝက်သားနဲ့ ကြော်စားဖြစ်ပါတယ် ဒီကြော််နည်းက ပိုပြီးချက်ရတာ မြန်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ဝက်သား - တစ်ဆယ့်ငါးကျပ်သား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဝက်သားပြုပ်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း (တစ်ဝက် ဟင်းချက်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် (ဟင်းချက်ရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်သားပြုပ်ရန် )
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း ( ကြက်ဟင်းခါးသီးပြုပ်ရန်)
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. ကြက်သွန်နီ - အနေတော် တစ်လုံး
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (ဟင်းချက်ရန်)
ဝက်သားပြုပ်ရန်
  • ဝက်သားကို ရေဆေးပြီး အိုးထဲထည့်ကာ ဆား နနွင်းမှုန့်တို့ထည့်ကာ အရသာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေခမ်းလာပါက မီးပိတ်ပေးပြီး အနေတော် အတုံးလေးတွေ တုံးပေးထားပါ
ကြက်ဟင်းခါးသီးပြုပ်ရန်
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ရေခပ်များများ ထည့်ကာ ဆားနှင့်ဆီထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြက်ဟင်းခါးသီးများထည့်ကာ နှစ်မိနစ်ခန့် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ရေများသွန်ပေးကာ ရေစစ်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ဝက်သားကို တစ်မိနစ်လောက် ထည့်ကြော်ပြီးတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
  • ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးမကပ်စေရန် အိုးကိုမမွှေဘဲ မကြာမကြာ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးကြော်ကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

Thursday 28 September 2023

ဝက်သားလုံး ကောက်ညှင်းပေါင်း

 









ဒီနေ့တော့ ဝက်သားတစ်ဗူး (Pork mince) ဝယ်လာပြီး ဝက်ကောက်ညှင်းလုံးပေါင်းလေး လုပ်ပါတယ် ဝက်သားလုံး ပေါင်းတဲ့ နေရာမှာလဲ မာမာကတော့ ခပ်မြန်မြန်လေး ကျက်အောင်လို့ pressure cooker နဲ့ ပေါင်းပါတယ်  ရိုးရိုးအိုးထဲမှာ ရေထည့်ပြီး ပေါင်းမယ်ဆိုရင်တော့ ၄၅ မိနစ်လောက် ပေါင်းရပါမယ်။

ဒါကြောင့်မို့လို့ လုပ်ရတာလွယ်ကူပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားလုံး ကောက်ညှင်းပေါင်း လုပ်နည်းလေးကို မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - 500 g (pork mince ကို သုံးထားပါတယ်)
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ကြက်သွန်ဖြူမှုန့် -လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  13. ကြက်သွန်မိတ် - နှစ်ပင် (ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ)
  14. pressure cooker
ပြင်ဆင်ပြုလုပ်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ခြောက်နာရီခန့် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ကောက်ညှင်းဆန်များကို ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းဆန်ကလွဲပြီး ပါဝင်ပစ္စည်းများကို ထည့်ကာ သမအောင် နယ်ပေးပါ
  • ဝက်သား အရသာနယ်တာ သမသွားပါက အနေတော် အလုံးလေးတွေ လုံးပေးပါ
  • ပြီးတာနဲ့ အသားလုံး တစ်လုံးချင်းဆီကို ကောက်ညှင်းဆန်ထဲမှာ လှိမ့်ပေးပြီး ကောက်ညှင်းဆန်များ ကွာမကျအောင် လက်နှင့်ခပ်ဖွဖွလေး ဆုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ baking paper ခင်းပေးပြီး ဝက်သားလုံးလေးတွေကို ဆန့်သလောက် ထည့်ပေးပါ
အသားပေါင်းရန်
  • ပေါင်းအိုးထဲမှာ ရေအနည်းငယ်ထည့်ပြီး ပေါင်းခံခုံကို ထည့်ပေးပါ
  • ထိုပေါင်းခံခုံပေါ်မှာ အသားလုံး ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • အိုးအဖုံး အုပ်ပြီးတာနဲ့  steam ကိုနှိပ်ကာ မိနစ်နှစ်ဆယ် ချိန်ပေးပြီး ပေါင်းပေးပါ
  • အသားလုံး ပေါင်းထားချိန် ပြည့်တာနဲ့ အိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အထက်ပါ နည်းအတိုင်း အသားလုံးလေးတွေ ကုန်တဲ့အထိ ပေါင်းပေးပါ
  • ပြီးတာနဲ့ ဝက်ကောက်ညှင်းလုံးပေါင်း ပူပူလေးကို ဆလတ်ရွက် နံနံပင်တို့နှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 27 September 2023

မှိုဆီကြော်

 







မနေ့က ဈေးသွားရင်း Oyster mushroom လေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး သတ်သတ်လွတ်လေး စားရအောင် မှိုဆီကြော်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. Oyster mushrooms - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ​ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆား - လက်ဖက်ရညိဇွန်း တစ်ဝက်သာသာ
  8. ဆီ - လိုသလောက် သုံးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • မှိုများကို ရေဆေးပြီး ရေစစ်ထားပါ
  • မှိုများ ရေစစ်သွားပါက ခပ်မွမွလေးတွေရအောင် မွှာထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မှိုများထည့်ကာ ကြော်ပေးပါ
  • မှိုထဲမှ ရေများခမ်းလာပြီး အနည်းငယ် ကြွတ်လာပါက ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို ထည့်ကြော်ပေးပါ
  • ကြော်ထားတာတွေ သမသွားပါက ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • မှိုများမွလာပါက မီးပိတ်ပေးပြီး မှိုဆီကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Tuesday 26 September 2023

ကြက်ဟင်းခါးသီးကြော်



ဒီနေ့တော့ ဈေးသွားတာ ကြက်ဟင်းခါးသီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ကြက်ဟင်းခါးသီးကို ဝက်သားနဲ့ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ဝက်သား - တစ်ဆယ့်ငါးကျပ်သား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းချက်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် (ဟင်းချက်ရန်)
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (ဟင်းချက်ရန်)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဝက်သားပြုပ်ရန်)
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်သားပြုပ်ရန် )
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
  12. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း ( ကြက်ဟင်းခါးသီးပြုပ်ရန်)
ဝက်သားပြုပ်ရန်
  • ဝက်သားကို ရေဆေးပြီး အိုးထဲထည့်ကာ ဆား နနွင်းမှုန့်တို့ထည့်ကာ အရသာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ရေခမ်းလာပါက မီးပိတ်ပေးပြီး အနေတော် အတုံးလေးတွေ တုံးပေးထားပါ
ကြက်ဟင်းခါးသီးပြုပ်ရန်
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်း 
  • ပြီးတာနဲ့ အိုးထဲမှာ ရေခပ်များများ ထည့်ကာ ဆားနှင့်ဆီထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြက်ဟင်းခါးသီးများထည့်ကာ နှစ်မိနစ်ခန့် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ရေများသွန်ပေးကာ ရေစစ်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • ကြက်ဟင်းခါးသီး နွမ်းပြီဆိုတာနဲ့ ဝက်သားကို တစ်မိနစ်လောက် ထည့်ကြော်ပြီးတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
  • ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးမကပ်စေရန် အိုးကိုမမွှေဘဲ မကြာမကြာ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးကြော်ကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

Sunday 24 September 2023

ပဲကုလားဟင်း

 


မာမာ ဒီနေ့တော့ နံပြားဝယ်လာဖြစ်တာနဲ့ ရှိတဲ့အသီးအရွက်တွေထည့်ကာ ပဲကုလားဟင်း  အရည်သောက်ဆမ်းလေးကို  ချက်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မဆလာနံ့ မွှေးမွှေးလေးနဲ့ ပဲကုလားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်းပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ခရမ်းသီး - အရှည် နှစ်လုံး
  3. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  4. ရုံးပတေသီး - နှစ်သက်သလောက်
  5. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  6. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲထည့်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  12. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  15. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  16. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်း ပဲဆံကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နနွင်းမှုန့် ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးထားပြီး ထိပ်နှစ်ဖက်ကို ဖြတ်ကာ အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်အရွယ် တုံးထားပါ
  • ခရမ်းသီးကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီး ထည့်ပေးကာ ဆီသတ်ပေးပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အသီးများ နည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို လက်နဲ့ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက မဆလာ ရုံးပတေသီးနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီး သုံးဆောင်နိူင်ပါပြီ။

Thursday 21 September 2023

သီးစုံကော်ရည်

 



 


သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါ၀င်ပစ္စည်းများ
  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အနေတော် လှီးထားသော ပနိးဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. သေးသေးရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  7. ခရမ်းချဉ်သီး - နှစ်လုံး ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  8. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  9. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 
ကော်ရည်ဖျော်ရန်
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက်ကြော်ရန်
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထဲ့ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှလွဲပြီး အားလုံးကို ထဲ့ကြော်ပေးပါ
  • နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံ ထဲ့မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday 18 September 2023

Asian Style Split Pea Soup



ဒီနေ့တော့ စိတ်အာရုံ အပြောင်းအလဲလေး ဖြစ်သွားအောင်ရယ် သတ်သတ်လွတ်လဲ စားလို့ရလေအောင် ဆီးချိုဝေဒနာရှင်တို့အတွက် သီးသန့်စပါယ်ရှယ် ချက်ထားတဲ့ ပဲနီလေး ဟင်းချို ချက်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး ပါဝင်တဲ့ အဟာရဓာတ်တွေကို တွက်ချက်ပြီး ချက်ထားပါတယ်။။

ပါဝင်ပစ္စည်းများ

  1. ပဲဆံ - နှစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် )
  2. မုံလာဥနီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ချင်းတက် - လက်တစ်ဆစ်ခန့်အထူ
  5. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  6. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အစပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အသီးအရွက်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲကိုရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး နူးနေအောင် ပြုပ်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီးအစပ်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ ကြွတ်ရွလာတာနဲ့ မုံလာဥနီ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကိုထည့်ပြီး တည်ပေးပါ
  • မုံလာဥနီများ နူးလာတာနဲ့ ပဲဟင်းရည်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။ 

ပါဝင်သော ကယ်လိီုရီများ
  1. Calories - 185
  2. Calories from fat - 20
  3. Total fat - 2.5 g
  4. Saturated fat - 0.4 g
  5. Trans fat - 0.0 g
  6. Cholesterol - 5 mg
  7. Sodium - 160 mg
  8. Potassium - 575 mg
  9. Total Carbohydrate - 30 g
  10. Diretary Fiber - 11 g
  11. Sugar - 5 g
  12. Protein -12 7g

Sunday 17 September 2023

သတ်သတ်လွတ် ခဝဲသီးကြော်ချက်



ဒီနေ့တော့ ခဝဲသီးလေးတွေကို သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့ မြိန်စေတဲ့အတွက် သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းလေးလဲ ဖြစ်ပါတယ်။

တစ်ချို့က အသီးအရွက်တွေ ချက်တဲ့အခါ အရောင်တွေ ပြောင်းသွားတဲ့အထိ ချက်တတ်ကြပါတယ် မာမာကတော့ အသီးအရွက်တွေ ချက်တဲ့အခါ ခပ်စိမ်းစိမ်း အရောင်လေးရအောင်ချက်ပြီး စားရတာကို ပိုပြီးတော့ သဘောကျပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ခဝဲသီး - အနေတော် လေးတောင့်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ခဝဲသီးအပေါ်ဖက်မှ အခွံဇောင်း မာမာများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • အခွံအားလုံး ကုန်သွားစရာ မလိုဘဲ အပေါ်ယံ ကုန်တဲ့အထိဘဲ ခြစ်ပေးပါ
  • အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အတောင့်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ မိမိနှစ်သက်သလိုပုံစံ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာပုဇွန် ခဝဲသီး ဆား ဆီ အရသာမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာ၀င်အောင် ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ခဝဲသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ခဝဲသီး နူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Friday 15 September 2023

တို့ဟူးသုပ်


 

ဒီနေ့မနက်စောစော ဘာစားချင်မှန်း မသိဖြစ်နေတုန်း မနေ့က ကျိုထားတဲ့ တို့ဟူးတုန်းလေးကို သတိရတာနဲ့ ခြံထဲမှာ သံပုရာရွက်လေး ဆင်းခူးကာ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် တို့ဟူးသုပ်က ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့အတွက် သံပုရာရွက်နံ့ မွှေးမွှေးလေးနဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျိုပြီးသား တို့ဟူး - သုံးလက်မပါတ်လည်စာ တစ်တုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက်ချက်ရန်)
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. အချိုမှုန့် - လိုသလောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. သံပုရာရွက်အနု - နှစ်သက်သလောက်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  8. ငါးငံပြာရည် - လိုသလောက်
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ငရုတ်သီးအကျက်မှုန့် - နှစ်သက်သလောက် သုံးပေးပါ

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာဆီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးစာနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အဝါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ပြင်ဆင်ပုံ
  • တို့ဟူးကို မထူမပါးလေးတွေ လှီးပေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာရွက်ကို ရေဆေးပြီး ပါးပါးရိပ်ရိပ်လေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ တို့ဟူးတစ်ပွဲစာကို ထည့်ထားပေးပါ
  • ထိုဇလုံထဲမှာ ကြက်သွန်နီ အနည်းငယ် သံပုရာရွက် အနည်းငယ် ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းခွဲ  အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အကျက်မှုန့် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် တို့ဟူးသုပ် အသုပ်ပွဲကို ပြင်ဆင်ပေးနိူင်ပါပြီ။

Tuesday 12 September 2023

သတ်သတ်လွတ် တို့ဟူးဟင်း

 


ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားလို့ရလေအောင် ဒီနေ့တော့ တို့ဟူးကို ကိုယ်တိုင်ကျိုကာ ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားချင်တဲ့သူတွေ ချက်စားနိူင်အောင် မာမာချက်ထားတဲ့ တို့ဟူးဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

တို့ဟူးကျိုနည်း
  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
  2. ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
  3. ပဲမှုန့်ရေစိမ်ထားချိန် ၆နာရီလောက် ကြာရပါမယ်။

တို့ဟူးကျိုရန်
  • မကပ်သော အိုးဇောက်နက်နက် တစ်လုံးကို မီးအပူပေးပါ
  • တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံ ( သို့) ဗူးတစ်ခုကို ဆီသုတ်ထားပေးပါ
  • အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် လျှော့လိုက်ပါ
  • အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်ပဲ
  • အရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက် ထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့ အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေနေချိန်မှာ နဲနဲလေး ပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
  • ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
  • ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုတ်ထားတဲ့ ဗူး (သို့ ) ပန်းကန်ထဲ လောင်းထဲ့ပေးပါ
  • နာရီ၀က်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။
တို့ဟူးချက်ရန်
  1. တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တစ်ပွဲစာ ပြင်ထားပါ
  2. ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ပါးပါးလှီးပါ
  3. ငရုတ်သီးစိမ် လေးတောင့်လောက်ကို အညှာခြွေပြီး ရေဆေးထား ပါးပါးလှီးထားပါ
  4. ကြက်သွန်နီတစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ
  5. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းလက်တစ်ဆစ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  7. ကြက်သွန်မိတ်ကို လက်တဆစ်လောက် အရှည်အရွယ် လှီးထားပါ
  8. ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  9. ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
  10. အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  11. ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပြင်ထားပါ
  12. ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်း
  • မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ချင်း ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကျေအောင် ရေအနေတော်လောက် ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့ တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
  • တစ်မိနစ်လောက် တည်ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်ထဲ့ပြီး တစ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် အနေတော်လေး ရလာတာနဲ့ ချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်းကို စားပွဲပြင်နိုင်ပါပြီ။

Monday 11 September 2023

ရွှေဖရုံသီး ပဲသီးကြော်



ဒီနေ့တော့ ဝါတွင်းကာလ စားလို့ရလေအောင် ရွှေဖရုံသီးကို ပဲသီးနဲ့ရောပြီး သတ်သတ်လွတ်လေး ကြော်ပါတယ် အရမ်းကြိုက်တဲ့ အသီးအရွက်ကြော်လေး တစ်မျိုးထဲမှာ ပါဝင်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ်။

ဒီနိုင်ငံက ရွှေဖရုံသီးတွေက မြန်မာပြည်က အသီးတွေလို မစေးတဲ့အတွက် ကြော်ရတာ နည်းနည်းခက်ပါတယ် ရေမထည့်ဘဲ ကြော်တော့လဲ နူးခဲပြီး ရေထည့်ပြီး ကြော်ပြန်တော့လဲ နူးအိပြီး ပျော်သွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ စားလို့အရမ်းကောင်းတဲ့အတွက် ရွှေဖရုံသီးနဲ့ ပဲသီးကို  မာမာကြော်ထားတဲ့ ကြော်နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အနေတော် လှီးထားသော ပဲတောင့်ရှည် - ၁၀တောင့်အ
  2. နေတော် လှီးထားသော ရွှေဖရုံသီး - တစ်စိတ်
  3. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့  ရွှေဖရုံသီးကို ထည့်ကြော်ပါ
  • ရွှေဖရုံသီး ကြော်နေစဉ် ရေမထည့်ဘဲ ကြော်ပေးပါ
  • ရေထည့်လိုက်တာနဲ့ ရွှေဖရုံသီးများ ကျေကုန်တဲ့အတွက် မကျေစေရန် မီးကိုအနေတော်လျှော့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပြီးမှ အဖုံးကို ဖွင့်ကြည့်ပါ
  • ရွှေဖရုံသီးများ နွမ်းစပြုတာနဲ့ ပဲသီး ဆားနှင့် ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  • အသီးများ နွမ်းလာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ရွှေဖရုံသီးပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ ။

Sunday 10 September 2023

Oyster Mushroom မုန့်ညှင်းစိမ်းကြော်


 ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် oyster မှိုနဲ့ မုန့်ညှင်းစိမ်းကို ကြော်ပါတယ်

အရမ်းလွယ်လွန်းတဲ့ အသီးအရွက် ကြော်နည်းဖြစ်တဲ့အတွက် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မှို မုန့်ညှင်းစိမ်း အလွယ်ကြော်နည်းလေးရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ညှင်းစိမ်း - လက်တစ်ဆုတ်စာ တစ်စည်း
  2. Oyster mushroom - အနည်းငယ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • မုန့်ညှင်းစိမ်းကို အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • မှိုကို ရေဆေးကာ အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ မုန့်ညှင်းရွက်နှင့် မှိုများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

Saturday 9 September 2023

ကန်စွန်းရွက် ပဲပုတ်စေ့ကြော်

 

မာမာတို့အိမ်ရဲ့ ထမင်းဝိုင်းလေးမှာ များသောအားဖြင့် ကန်စွန်းရွက်ကို သတ်သတ်လွတ်လေးဘဲ ကြော်ဖြစ်တာ များပါတယ်။

ဒီနေ့လဲ ပဲပုတ်စေ့လေးတွေနဲ့ သတ်သတ်လွတ် ကြော်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တဆုတ်စာ တစ်စည်း
  2. ပဲပုတ်စေ့ - သင့်တော်ရုံ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းတာနဲ့ ကန်စွန်းရွက်များထည့်ပြီး အချိုမှုန့်ကို တစ်ခါထဲ ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပုတ်စေ့နှင့် ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

Friday 8 September 2023

သတ်သတ်လွတ် ထမင်းပေါင်း

 





ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားလို့ရလေအောင် ဂျပန်မှို အခြောက်လေးကို ရေစိမ်ကာ ထမင်းပေါင်းလေး လုပ်ဖြစ်ပါတယ် မှိုအရသာ စိမ့်စိမ့်မွှေးမွှေးလေးနဲ့ စားလို့ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. မှိုခြောက် - ၇ပွင့်
  2. ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
  3. ပဲပြား   - ခပိသေးသေး တစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ကြက်သွန်မိတ် - နှစ်ပင်ခန့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  8. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ကြက်ပြုပ်ရည် chicken stock - 2 cups
  13. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ချက်ပြီးသား ထမင်း - လိုသလောက် 

ပြင်ဆင်ပုံ

  • မှိုကိုရေစိမ်ပြီး ပျော့အိလာတဲ့အထိ စိမ်ပေးကာ ပျော့အိလာပါက အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပဲပြားကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ
  • ပဲသီးကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးပြီး အနေတော် မထူမပါးလေးတေံ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ကြက်ပြုပ်ရည်ကို ထည့်ပေးပါ 
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့  ငရုတ်ကောင်းမှုန့်နှင့်  တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ပေးပါ
  • ရေကို ဆယ်မိနစ်လောက် ပေးဆူပြီးမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ကြက်ဥနှင့် ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  •  အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့  ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ထမင်းကို ထည့်ပေးကာ ကော်ရည်ကို ဆမ်းပေးပါ
  • ပဲပြားကော်ရည် ပူပူလေးကို ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday 5 September 2023

ကောက်ညှင်း အုန်းနို့ဆမ်း



ဒီနေ့တော့ ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင် ပြင်ဆင်ထားတဲ့ ကောက်ညှင်းပေါင်းကို အုန်းနို့ဆမ်းပြီး သရက်သီးမှည့်လေးနဲ့ တွဲဖက်ကာ စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ပြင်ဖြစ်ပါတယ်။

အခု ပြင်ဆင်ထားတဲ့ အချိုးအစားက တစ်နေ့တာ စားလို့ရအောင် တွက်ချက်ပြီး ပြင်ဆင်ထားတဲ့ အချိုးအစား ဖြစ်ပါတယ် ဘာဘဲစားစား တန်ဆေး လွန်ဘေး မဖြစ်ရလေအောင် ဒါကိုဘဲ စားမယ်ဆိုရင်တော့ ပုံမှန်စားနေကျ တခြားစားစရာတွေကို တတ်နိူင်သလောက် အနည်းငယ်ဆီ လျှော့ပြီးစားရပါမယ်။

အခုမာမာပြင်ထားတဲ့ပုံက ပုံလှအောင် များများထည့်ပြီး ပြင်ထားတာပါ တစ်ကယ်တမ်း စားမယ်ဆိုရက်တော့ အောက်မှာ စားရမဲ့ အချိုးအစားလေးတွေ ရေးပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် တွက်ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - နှစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. အုန်းနို့ - တစ်ခွက် မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် (light, unsweetened coconut milk)
  3. စပါးလင် - နှစ်ပင်
  4. ရှောက်နူရွက် - ခြောက်ရွက် ( kaffir lime leaves)
  5. Agave necter - ထမင်းစားဇွန်း တစ်ဇွန်း
  6. Low sodium salt - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ရေ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  8. ပြောင်းဖူးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ရေ - ထမင်းစားဇွန်း တစ်ဇွန်း (ပြောင်းဖူးမှုန့်ဖျော်ရန်)
  10. သရက်သီးမှည့်  - နှစ်လုံး
  11. ပေါင်းအိုး - တစ်လုံး
  12. အဝတ်ပါးစ - တစ်ခု
  13. ပူစီနမ် - ဆယ့်ခြောက်ညွန့်

အုန်းနို့ချက်ရန်

  • စပါးလင်ကို ရေဆေးပြီး အနည်းငယ် ထုပေးကာ လိမ်ပြီး ထုံးထားပါ
  • ရှောက်နူရွက်ကို ရေဆေးထားပါ
  • ပြောင်းဖူးမှုန့်ကို ရေ ထမင်းစားဇွန်း တစ်ဇွန်းနှင့် ဖျော်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ agave nectar ရေ စပါးလင် ရှောက်နူရွက် အုန်းနို့နှင့် ဆားကိုထည့်ပြီး မီးအနေတော်နှင့် မိနစ်နှစ်ဆယ်ခန့် တည်ပေးပါ
  • ပြီးတာနဲ့ အရည်ဖျော်ထားသော ပြောင်းဖူးမှုန့်ရည်ကိုထည့်ပြီး တစ်မိနစ်လောက် မွှေပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးထားပါ
  • အုန်းနို့အေးသွားတာနဲ့ အိုးထဲမှ စပါးလင်နှင့် ရှောက်နူရွက်တို့ကို ဖယ်ထားပေးပါ။

ကောက်ညှင်းပေါင်းရန် ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲမှာ အဝတ်ပါးစလေးခံပြီး ကောက်ညှင်းဆန်များကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေကိုပေါင်းခံအိုးထဲမှာပါတဲ့ ခုံလေးကို ထိတဲ့အထိ ထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့  ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့်ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
မုန့်ပွဲပြင်ရန်
  • သရက်သီးမှည့်ကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • အုန်းနို့ချက်ပြီးသားကိုလဲ အဆင်သင့် ပြင်ထားပါ
  • ပူစီနမ်ရွက်လေးတွေလဲ ရေဆေးပြီး ရေစစ်ထားပါ
  • ပြီးတာနဲ့ တစ်ခါစားစာအတွက် ကောက်ညှင်းပေါင်းကို မုန့်လုပ်ရာမှာ ချင်တွယ်တဲ့ ခွက်ရဲ့ သုံးပုံတစ်ပုံစီကို ပန်းကန်ပြား ၈ချပ်ထဲမှာ မျှပြီးထည့်ထားပေးပါ
  •  ကောက်ညှင်းအပေါ်မှ ကျိုထားသော အုန်းနိ့ကို အညီအမျှ လိုက်ပြီး ဆမ်းပေးပါ 
  • ထိုပန်းကန် ရှစ်ချပ်ထဲကိုဘဲ လှီးထားသော သရက်သီးစိတ်လေးတွေကို အညီအမျှ လိုက်ထည့်ပေးပါ
  • ပူစီနမ်ရွက်လေးတွေကိုလဲ လိုက်ထည့်ပေးပါ
  • အုန်းနို့ ပူစီနမ် စပါးလင် ရှောက်နူရွက်နံ့ မွှေးမွှေးလေးနဲ့ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ
  • မာမာအခု တွက်ချက်ပြီး ပြင်ဆင်ထားသော အချိုးအစားသည် ဆီးချိုဝေဒနာရှင်တို့အတွက် တစ်နေ့စာ အချိုပွဲအတွက် လုံလောက်သော ကယ်လိုရီ ဖြစ်ပါသည်
  • တစ်ခါစားလျှင် တစ်ပန်ကန်နူံးနှင့် တစ်နေ့တာ စားလို့ရတဲ့အတွက် ရှစ်ကြိမ်စားနိူင်အောင် ပြင်ဆင်ထားသော ပန်းကန်များကို အခန်းအပူချိန်အတိုင်း ထားပြီးစားလို့ရပါတယ်ရှင်။

Monday 4 September 2023

မျှစ်နုချို ချဉ်ငံစပ် ငပိချက်

 



အခုရက်ထဲ ငါးပိချက်လေးတွေ စားချင်လို့ တစ်နေ့တစ်မျိုးနည်းပါး ချက်စားဖြစ်ပါတယ် ဒီနေ့တော့ မျှစ်ပြုပ်ပြီးသား အထုတ်လေးတွေ ဝယ်လာပြီး က ကတစ်ငါးကင်နဲ့ ချဉ်ငံစပ် ငါးပိချက်လေး ချက်ဖြစ်ပါတယ်။

ချက်ရတာ လွယ်ကူပြီး ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. က ကတစ်ငါးကင်ပြီးသား - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် 
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • က ကတစ်ငါး ကင်ပြီးသားကို အသားထွင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးနှင့် ပုဇွန်ခြောက်တို့ကို မညက်တစ်ညက် ထောင်းပေးပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်ထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မျှစ် ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ ထည့်ကာ မွှေပေးပါ
  •  ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပြီး သံပုရာရည် ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ ချဉ်ငံစပ် အပေါ့အငံကို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  မျှစ် ငါးပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာ အစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။


ချဉ်ငံစပ် ခေါက်ဆွဲသုပ်

 



ဒီနေ့တော့ ကြက်ဥခေါက်ဆွဲကိုပြုပ်ကာ ဂေါ်ဖီတွေ ကြက်သွန်တွေ ဘာမှမထည့်လဲ တစ်ပင်တိုင် အသုပ်လေး သုပ်စားဖြစ်ပါတယ်။

မာမာကတော့ ချဉ်ချဉ်ငံငံစပ်စပ် အသုပ်လေး စားချင်တာနဲ့ ချဉ်ငံစပ်လေးဘဲ သုပ်စားလိုက်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စား ပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခေါက်ဆွဲခြောက်  - 50 g
  2. ပဲအကျက်မှုန့် - လိုသလောက်
  3. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  5. ဆီ - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  8. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - လိုသလောက်
  10. နံနံပင် - လိုသလောက်
  11. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  12. ကြက်သွန်ဖြူ  - (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  15. ဂေါ်ဖီ - တစ်စိတ်ခန့် (ဟင်းခါးချက်ရန်နှင့် အသုပ်ထဲထည့်ရန်)

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ဆီချက်
  2. ငါးငံပြာရည်
  3. ပုဇွန်ခြောက်မှုန့်
  4. ပဲအကျက်မှုန့်
  5. ငရုတ်သီး အလှော်မှုန့်
  6. ကြက်သားမှုန့်
  7. မန်ကျည်းသီးမှည့်
  8. ဂေါ်ဖီ (ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ)
  9. နံနံပင် (ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ)

ခေါက်ဆွဲပြုပ်ရန်

  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ခေါက်ဆွဲခြောက်ကို ထည့်ပြီးပြုပ်ပေးပါ
  • ခေါက်ဆွဲ နူး မနူးကို ဆယ်ပြီး လက်နှင့်စမ်းကြည့်ပါ
  • ခေါက်ဆွဲဖတ် အပျော့အမာကို မိမိစိတ်ကြိုက် ရတာနဲ့ ဇကာထဲမှာ ရေများသွန်ပြီး ခေါက်ဆွဲဖတ်များကို ရေနှင့်ဆေးပြီး ရေစစ်ထားပါ။

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ခေါက်ဆွဲ တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မန်ကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ ဂေါ်ဖီ အနည်းငယ် နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ခေါက်ဆွဲသုပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။