- မျှစ်ချဉ် - တကီလို
- ငါးခေါင်း - အနေတော် ၇ခု
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သွန်နီ - အနေတော် တလုံး
- ချင်း - ခပ်ပါးပါး ၃ပြားလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆီ - ထမင်းစားဇွန်း ၄ဇွန်း
- ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ယူထားပါ
- ငါးခေါင်းများကို ပါးဟက်များဖယ်ပြီး ရေများများနှင့် ဆေးထားပါ
- ရေဆေးထားသော ငါးခေါင်းများကို ဇလုံတလုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့နှင့် အရသာ နယ်ထားပါ
- မျှစ်ချဉ်ကို အချဉ်ပေါ့စေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တနာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးခေါင်းကိုထည့်ပြီး ဆီသတ်ပါ
- ငါးခေါင်းထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
- ငါးခေါင်းများ လုံးမိစေရန်နှင့် ငါးခေါင်းများ ကျေမသွားစေရန် အိုးကို တချက်တလေ လှုပ်ပေးပါ
- ငါးခေါင်းများ လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
- ရေပွက်ပွက် ဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီး ထည့်ပေးပါ
- မျှစ်ချဉ်ဟင်းရည် ပထမတရည်ခမ်းအောင် တည်လိုက်ပြီး နောက်တရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပါ
- ဟင်းရည် ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ မျှစ်ချဉ်ငါးခေါင်းဟင်းကို စားသုံးနိူင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တနေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ငါးခေါင်းမျှစ်ချဉ်ဟင်းကို အရသာကောင်းကောင်းနဲ့ စားသုံးနိူင်ပါပြီ။