ဒီနေ့တော့ မန်ကျည်းသီးမှည့်လေးတွေ ဝယ်လာတာနဲ့ မန်ကျည်းလုံး တော်ဖီလေးတွေလုပ်ပါတယ်။
ထမင်းစားပြီးတဲ့အခါ အစာကျေပြီး ရင်ချောင်ကာ ဝမ်းမှန်အောင်ရယ်အတွက် မန်ကျည်းလုံးတော်ဖီ က အရမ်းသင့်တော်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မန်ကျည်းလုံးတော်ဖီ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးမှည့် - တစ်ကီလို
- ထန်းလျှက်ခဲ - တစ်ကီလို
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း ငါးဇွန်ခန့်
- ဂျုံမှုန့် - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
- မန်ကျည်းသီးမှည့် အထဲမှ အစေ့နှင့် အမျှင် အကြောလေးတွေကို ဖယ်ပေးပါ
- ပြီးတာနဲ့ ခပ်နုတ်နုတ် စင်းပေးပါ
- ထန်းလျှက်ကိုလဲ ခပ်နုတ်နုတ် စင်းထားပါ
- မန်ကျည်းမှည့်နဲ့အတူ ထန်းလျှက်နှင့် ဆားတို့ကို ဇလုံတစ်လုံးထဲမှာထည့်ကာ အရသာ သမအောင် နယ်ပေးပါ
- အရသာ သမအောင် နယ်နေရင်းနဲ့ အစိုပြန်လာတာနဲ့ ဂျုံမှုန့်ကို နည်းနည်းချင်း ထည့်နယ်ပေးပါ
- အစိုဓာတ် နည်းလာပြီး အရသာ သမသွားတာနဲ့ လက်တစ်ဆစ်စာ အလုံးလေးတွေ လုံးပေးပါ
- အစိုဓာတ် နည်းပါးလာပြီ ဆိုပါက အနေတော် အလုံးကလေးများလုံးကာ သကြားထဲမှာ လှိမ့်ပေးပါ
- မန်ကျည်းသီးမှည့် တော်ဖီလုပ်ပြီးတာနဲ့ ဖန်ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးအုပ်ပြီး ထားပေးပါ
- နေ့စဉ် ထမင်းစားပြီးတာနဲ့ မန်ကျည်းလုံးတော်ဖီနှစ်လုံးမှ သုံးလုံးအထိ စားသုံးပေးပါက ဝမ်းမှန်ကာ ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။
No comments:
Post a Comment