မာမာ ဒီနေ့တော့ ပြောင်းဖူးကို ထောပါတ်နဲ့ နွားနို့ထည့်ကာ ကြော်ထားပါတယ် သရည်စာ အဖြစ်နဲ့ စားလို့ကောင်းသလို ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထား ပြောင်းဖူးနွားနို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး - နှစ်ဖူး
- နွားနို့ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ဆား - အနည်းငယ်
- ထောပါတ် - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
- အရင်ဆုံး ပြောင်းဖူးကို အခွံခွါကာ အမျှင်လေးတွေဖယ်ပြီး သန့်စင်ပေးပါ
- ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ဓါးနဲ့လှီး ထားပေးပါ
- ဒယ်အိုးထဲကို ထောပါတ်နှင့် လှီးထားသော ပြောင်းဖူးများ ဆားနှင့် နွားနို့ ထည့်ပေးကာ ကြော်ပေးပါ
- အရသာ သမအောင် မွှေပြီးတာနဲ့ နို့များတဖြည်းဖြည်းချင်း ခမ်းလာပါက အရသာ မြည်းပေးပြီး စိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- နွားနို့ အရည်လေးများ ခမ်းလာပါက မီးပိတ်ကာ ပြောင်းဖူးနွားနို့ကြော် ပူပူလေးကို သုံးဆောင်ပါပြီ။
No comments:
Post a Comment