- ပဲတီချဉ် ဟင်းပြင်ပန်းကန် အလတ် - တစ်လုံးစာ
- ကြက်သွန်နီ အနေတော် - တစ်ဥ
- နံနံပင် - မိမိနှစ်သက်သလောက်
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ငရုတ်သီး အကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲတီချဉ်နှင့် ပါ၀င်ပစ္စည်းများ ကို ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေး လှီးထားပါ
- ဇလုံ တစ်လုံးထဲမှ ပဲတီချဉ်နဲ့အတူ ပါ၀င်ပစ္စည်းများကို ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ချဉ်ငံစပ် ပဲတီချဉ်သုပ် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။