တပိုင်တနိူင် အလှူအတွက် အုန်းနို့ခေါက်ဆွဲ ချက်နည်းကို လာလာမေးကြတဲ့အတွက် အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲဖတ် - ၈ ပိဿာ
- ကြက်သား - ၂ ပိဿာ
- ငါးဖယ် - ၁ ပိဿာ
- ဘဲဥ - အလုံး ၅၀
- ပဲစိမ်းမှုန့် - ၈၀ ကျပ်သား
- ငရုတ်သီးအရောင်တင်မှုန့် - ၂၀ ကျပ်သား
- ဆီ - ၃၀ ကျပ်သား
- အုန်းသီး (သို့) နို့စိမ်း - ၈ လုံး (သို့) ၈ ဘူး
- သကြား - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်)
- ဆား - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)
- အရသာမှုန့် - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
- ကြက်သွန်နီဥသေး - ၂ ပိဿာ (ထည့်ရန်)
- နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
- မုန့်ကြွတ်ကြော် - ၅၀ ကျပ်သား
- ကြက်သွန်နီဥကြီး - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
- ရှောက်သီး - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
- ငရုတ်သီးလှော်မှုန့် - ၃၀ ကျပ်သား
- ယိုးဒယားငံပြာရည် - ၁ လုံး (အလယ်တည်ရန်)
- ကြက်သွန်ဖြူဗမာဥ - ၅ ဥ
- ပဲကြော် - အချပ် ၁၀၀
- ရေ - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး
(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာ ဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)
ပြုလုပ်နည်း
- ဘဲဥကို ပြုတ်ထားပါ။
- ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။
- ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။
- ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။
- ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့်ပြုတ်ပါ။
- အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။
- ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေးအောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။
- အပေါ်ပေါ်လာပါက ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။
- ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့်ကြွတ် ကြော်ပြီး ဆယ်ယူ ထားပါ။
- အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။
- ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။
- နနွင်းမှုန့်ထည့်ပါ။
- ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။
- မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။
- ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။
- ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။
- ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။
- ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။
- ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥထည့်ပါ။
- အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။
- အရသာမြည်းပါ။
- ပွက်ပွက်ဆူလာလျှင် ရပါပြီ။
- ပွဲပြင်ရန်မှာ ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
- ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။
- ရှောက်သီးလှီးထားပြီး ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်ကို လှလှလေးပြင်ထားပါ။
- စားမည်ဆိုမှ ပဲကြော်ထည့်ပါ။
တခါတလေ အုန်းနို့ခေါက်ဆွဲကို အဲလိုမြီးရှည်ဖတ်နဲ့စားရတာကြိုက်တယ် တီတီ
ReplyDeleteပြင်ထားတဲ့ မုန့်ပွဲလေးကြည့်ပြီး သရေကျသွား ...
မိုးငွေ့
ဟုတ်တယ်နော် တီတီလဲ ခေါ်ဆွဲဖတ်ထက်စာရင် မြီးရှည်ဖတ်ကို ပိုကြိုက်တယ်။
Delete